PNLA နှင့် PDF တို့လက်နက်ကြီးပစ်ခတ်မှုကြောင့် လွယ်ကျိုင်းကျောင်းထိုင်ဆရာတော် တစ်ပါးပျံလွန်တော်မှုသွားဟု သတင်းအမှားဖြန့်နေ

သျှမ်းပြည် ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာအုပ်စု လွယ်ကျိုင်းကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်းသို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မှုသွားသည်ဟု သတင်းအမှားဖြန့်ချိနေသည်။

စစ်ကောင်စီ လက်အောက်ခံ မီဒီယာတစ်ခုဖြစ်သည့် People Media မှ “ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊နန်းတုတ်ကျေးရွာအုပ်စု၊လွယ်ကျိုင်းကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်းသို့ စစ်သွေးကြွ PNLO နှင့် ကယား PDF အဖွဲ့များမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မှု သွားကြောင်း ဒေသခံများက ဆက်သွယ်ပြောဆိုသည်” ဟုဆိုကာ ပျံလွန်တော်မှုသွားသည့် ဆရာရုပ်ပုံနှင့်အတူ ဖြန့်ချိထားသည်။

ထိုဝါဒဖြန့်ပိုစ့်ကို ကြည့်ရှု့သူပေါင်း ၅ သောင်းကျော်ရှိပြီး၊ အခြား ဝါဒဖြန့်တယ်လီဂရမ်တွင်လည်း ထပ်ဆင့်ဖြန့်ချိထားသည်။
မူရင်းလင့်ခ် – https://archive.ph/EEAJz

သျှမ်းသံတော်ဆင့် အချက်အလက် စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးမှုပြုလုပ်ခဲ့သည်။

ဒေသအတွင်း မီဒီယာနှင့် အခြားမီဒီယာများ၏ ဖော်ပြချက်အရ ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာအုပ်စု လွယ်ကျိုင်းကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်းသို့ စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

မူရင်းလင့်ခ် – https://shorturl.at/nJZro

စစ်ကောင်စီက ဘုန်းကြီးကျောင်းကို ဒရုန်းဖြင့် ၂ ကြိမ်ဗုံးကြခဲ့ခြင်းဖြစ်ပြီး၊ ဒုတိယတစ်ကြိမ် ဗုံးကြဲမှုတွင် ဦးဇင်းအရှင်နေမိန္တ (လောဝ်ခမ်း)အား ကျည်စထိမှန်ပြီး ပျံလွန်တော်မှုသွားကြောင်း မျက်မြင်တွေ့ရှိသူ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီက ဒရုန်းနဲ့လာကြဲတာပါ။ ဝေဟင်မှာဒရုန်းပျံပြီးတော့ ဘုန်းကြီးကျောင်းကိုလာကြဲတာ။ ပထမတစ်ကြိမ်တုန်းကတော့ သံဃာနားနေဆောင်ရဲ့ မြောက်ဘက်ကိုကျတယ်။ ကျနော်တို့လည်း လန့်ပြီးထလာကြတာ။ ဒုတိယတစ်ကြိမ်ထပ်ကြဲလိုက်တာ ငြမ်းကိုလာထိပြီး ကျည်စက ဦးဇင်းကိုလာမှန်တာ။ ဦးဇင်းက ပြတင်းပေါက်ကို ပိတ်ဖို့လုပ်နေတဲ့အချိန်မှာလာထိတာ” ဟု ၎င်းကပြောသည်။

အလားတူ လွယ်ကျိုင်းဘုန်းကြီးကျောင်းမှ ကလေးအပါအဝင် စစ်ဘေးရှောင် အမျိုးသမီး ၂ ဦးနှင့် အမျိုသား ၃ ဦး စုစုပေါင်း ၅ ဦးလည်း ကျည်စထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

သျှမ်းသံတော်ဆင့်မှ ဖော်ပြထားသတင်းအားဖတ်ရန် လင့်ခ် – https://shorturl.at/WXulU

ထို့အပြင် ပင်လောင်းမြို့နယ် လွယ်ကျိုင်းဘုန်းကြီးကျောင်းအတွင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ဘက်က လက်နက်ကြီးပစ်ခတ်ခဲ့သည်ဟု စစ်ကောင်စီ၏ စွပ်စွဲအပေါ် မဟုတ်မမှန်ကြောင်း PNLA ပြန်ကြားရေးတာဝန်ရှိသူ ခွန်ရိန်းယံက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သတင်းအမှားတွေ ဖြန့်ထားနေတာပဲဖြစ်ပါတယ်။ အဲ့ဒီကျေးရွာမှာ ကျနော်တို့မရှိပါဘူး။ ကျနော်တို့ တိုက်ပွဲဝင် နေတာလည်း အဲ့ဘက်မှာမရှိပါဘူး။ အဲ့ဒီဖြစ်စဉ်ကို ကျနော်တို့သိရှိတာက ဒီစစ်ကောင်စီနဲ့ လက်အောက်ခံ PNO က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ဘုန်းကြီးကျောင်းကိုပစ်တာပါ။ ပြီးတော့ အဲ့ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မှုသွားတယ်လို့ ကျနော်တို့သိရတယ်။ ဒါတွေက စစ်ကောင်စီနဲ့ပြည်သူ့စစ်တွေ လုပ်နေကျ လုပ်ရက်တွေပဲဖြစ်ပါတယ်။ ” ဟု ခွန်ရိန်းယံကပြောသည်။

စစ်ကောင်စီက ဆရာတော်၊ သံဃာတော်များမကျန် ပြည်သူလုထုမျာအားဗုံးကြဲတိုက်ခိုက်သတ်ဖြတ်ပြီးမှ ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် တော်လှန်းရေးတပ်ဖွဲ့များက လုပ်သည်ဟုဆိုကာ သတင်းအမှားများဖြန့်ချိနေလျက်ရှိကြောင်း ခွန်ရိန်းယံက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်တွင်လည်း ပဲခူးမြို့၏ အထင်ကရစာသင်တိုက်၊ ဝင်းနိမ္မိတာရံကျောင်းတိုက်၏ ပဓာနာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် လမ်းမှာစစ်ကောင်စီ၏ ပစ်သတ်ခြင်းခံရပြီး ပျံလွန်တော်မှုသွားခဲ့သည်။

ထိုသတင်းအား ပျံ့နှံ့သွားပြီးသည့်နောက် စစ်ကောင်စီနှင့် ဝါဒဖြန့်ချယ်နယ်များက ပြည်သူ့ကာကွယ်ရေးတပ် PDF ကပစ်ခတ်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။

ဖြစ်ရပ်မှန်ကို ကန်သုံးဆင့်ကျောင်း ဆရာတော်ဘဒ္ဒန္တဂုဏိကာဘိဝံသက ပြန်လည်ရှင်းပြထားသည်၊ BBC သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

မူရင်းလင့်ခ် – https://shorturl.at/yB13N

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီများသို့ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Boxမှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...