နောင်ချို စစ်ဘေးရှောင် ၅ ထောင်ကျော် ဆေးဝါးနှင့်ရိက္ခာ အရေးပေါ်လိုအပ်၊ ရွာပြင်မှာ တဲထိုးနေရ

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် (၅၀၀၀) ကျော်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း တစ်ကျော့ပြန် စတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် မန္တလေး-PDF တပ်ဖွဲ့တို့၏ ပြင်ဦးလွင်-နောင်ချိုနယ်စပ် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် သရက်ကုန်းနှင့် ဆီဆုံကျေးရွာအုပ်စုမှ စစ်ဘေးရှောင် (၅၀၀၀) ကျော်သည် လုံခြုံရေးအရ ကျေးရွာထဲ မဝင်ရဘဲ လယ်တောထဲတွင် တဲထိုးနေထိုင်ရကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ယခုကဲ့သို့ မိုးရာသီတွင် တဲထိုးနေထိုင်ရခြင်းကြောင့် နေရာထိုင်ခင်း အခက်အခဲဖြစ်သည့်အပြင် ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း နောင်ချိုစစ်ဘေးရှောင်များက ပြောသည်။

နောင်ချိုမြို့နယ်ဒေသခံများ ရွာပြင်တဲထိုးနေရ

“အခြေအနေကတော့ စားစရာလည်း မရှိဘူး၊ တဲကလည်း မလုံတော့ မိုးရွာတာနဲ့ မိုးယိုတာ။ အလုပ်ကလည်း မလုပ်ရဘူး ဆိုတော့ တော်တော်လေး ဒုက္ခရောက်တယ်။ အခုက ရွာထဲမဝင်ရဘဲနဲ့ ရွာအရှေ့ဘက်မှာ လယ်ထဲ တဲထိုးနေရတာ။ နိုင်ငံရေး ပြန်ကောင်းမှ ရွာထဲပေးဝင်မယ်လို့ ပြောတာ။ ပြည်သူ့ကာကွယ်ရေးတပ်က ပြောတာ”ဟု နောင်ချိုမြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြင်ဦးလွင်-နောင်ချိုနယ်စပ်ရှိ သရက်ကုန်း၊ ဆီဆုံနှင့် သံဘိုကျေးရွာအုပ်စုတို့တွင် ပြီးခဲ့သည့် ဧပြီလ နှောင်းပိုင်းကတည်းက စစ်ကောင်စီတပ်နှင့် TNLA ၊ မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲတောက်လျှောက် ဖြစ်ပွားလာခဲ့သည်။ 

နောင်ချိုမြို့နယ် သရက်ကုန်းနှင့် ဆီဆုံကျေးရွာအုပ်စုရှိ ကျေးရွာများထဲတွင် PDF တပ်ဖွဲ့များ ဝင်ရောက်နေရာယူထားကြောင်း စစ်ဘေးရှောင်များက ပြောဆိုနေခြင်းကြောင့် သျှမ်းသံတော်ဆင့်အနေဖြင့် မန္တလေး-PDF ထံသို့ ဆက်သွယ်ခဲ့မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ယင်းကဲ့သို့ အရပ်သားများ နေထိုင်ရာ၊ စစ်ဘေးရှောင်စခန်းများ ရှိရာသို့ တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်သားများ ဝင်ရောက် နေရာယူခြင်း နှင့် တိုက်ခိုက်မှု ပြုလုပ်ခြင်းတို့သည် စစ်ရာဇဝတ်မှု (war crimes) ပြစ်မှုမြောက်သကဲ့သို့ မြန်မာနိုင်ငံမှ ပါဝင် လက်မှတ်ရေးထိုးထားသည့် ဂျီနီဗာ ကွန်ဗင်းရှင်း စာပိုဒ်ပါ စစ်ပွဲအတွင်း အရပ်သားများ ထိခိုက်ကာကွယ်မှုကို အကာအကွယ်ပေးရမည့် စာချုပ်ကိုလည်း ကျူးလွန်ရာ ဖြစ်နေသည်။

နောင်ချိုမြို့နယ် ဒေသခံများ ရွာပြင်တဲထိုးနေရ

နောင်ချိုမြို့နယ်အတွင်းရှိ ဆီဆုံ၊ ပါဟက်၊ မန်နား၊ ပန်ခံ၊ ဇာလီ၊ သရက်ကုန်း၊ ချောင်းကြီး စသည့် ကျေးရွာများမှ အိမ်ထောင်စု (၁၀၀၀) ကျော်သည် နှစ်ဘက်တိုက်ပွဲအတွင်း အကြိမ်ကြိမ် ထွက်ပြေးတိမ်းရှောင်ရပြီး စစ်ဘေးရှောင်စခန်း အတည်တကျ မရှိခြင်းကြောင့် အကူအညီ လက်ခံရရှိမှု နည်းပါးကြောင်း သိရသည်။

လက်ရှိတွင် လယ်တောထဲ နေထိုင်နေရသည့် စစ်ဘေးရှောင်ကလေးများနှင့် သက်ကြီးရွယ်အိုများတွင် ဖျားနာခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း ဖြစ်ပေါ်နေကြောင်း သိရသည်။ 

ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် နောင်ချိုမြို့နယ် ပါဟက်ကျေးရွာအနီး စစ်ဘေးတိမ်းရှောင်နေသည့် အသက်(၂၂) နှစ်အရွယ် လူငယ်တစ်ဦးသည် ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားခဲ့ရာ အချိန်မီ ဆေးကုသမှု မရရှိခြင်းကြောင့် သေဆုံးသွားခဲ့ကြောင်း စစ်ဘေးရှောင်များက ပြောသည်။

“စစ်ဘေးရှောင်ကလေးတွေလည်း အပြင်းဖျားပြီး ထမင်းမစားနိုင် ဖြစ်ကြတာ။ ဖျားတာ ၇/၈ ရက် ရှိပြီ၊ အပူတက်ပြီး ဖျားတာ။ လမ်းမကောင်းတော့ ကူတဲ့လူလည်း မရောက်ဘူး။ စစ်ရှောင်ရင်း ဖျားလို့ ဆုံးတာ အသက် ၂၂ ပဲ ရှိသေးတာ၊ ဗိုက်နာလို့ ဆုံးတာ။ ဆေးတစ်ချောင်းပဲ ထိုးလိုက်ရတယ်၊ ပိုက်ဆံမရှိလို့ ဆေးမကုနိုင်ဘူး”ဟု ၎င်းစစ်ဘေးရှောင် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် ပြင်ဦးလွင်နှင့် ဘန့်ဘွေးရှိ စစ်ကောင်စီတပ်များမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိရာ အင်းဝိုင်းကျေးရွာအုပ်စုဘက်ရှိ ဆင်းရွှေလီ သကြားစက်အနီး ကျရောက်ခဲ့ရာ စစ်ဘေးရှောင်များ ထပ်မံထွက်ပြေး တိမ်းရှောင်နေရကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကွတ်ခိုင်တက်မည့် ကုန်တင်ကားများကို သိန္နီတိုးဂိတ်တွင် MNDAA ဖြတ်သန်းခွင့်ပိတ်ထား

0
သျှမ်းပြည် သိန္နီမြို့ရှိ အေးရှားဝေါလ်တိုးဂိတ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကွတ်ခိုင်မြို့ဘက် သွားရောက်မည့် ကုန်တင်ကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း စုံစမ်းသိရသည်။ သိန္နီနှင့် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကြား တစ်လနီးပါးကြာ ဖြစ်ပွားနေသည့် ပဋိပက္ခများ ပြေလည်မှု...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...

ကွတ်ခိုင်တွင် TNLA နှင့် MNDAA စစ်ရေးတင်းမာမှု ဆက်ရှိနေ၊ ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA အကြား စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ TNLA နှင့် MNDAA ပူးတွဲထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်တွင် နှစ်ဘက်တပ်ဖွဲ့ကြား မဟာမိတ်အချင်းချင်း စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး မတ်လ (၂)...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...