MNDAA

မုံးကိုးတွင် စစ်ကောင်စီ နှင့် MNDAA တို့ တိုက်ပွဲပြင်းထန်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်ခွဲ မုံးပေါ် မိုင်ဖန်ကျေးရွာဘက်တွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ တိုက်ပွဲပြင်းထန်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ မေ (၄) ရက်နေ့ ညသန်းခေါင်အချိန်တွင် စစ်ကောင်စီ တပ်စခန်းရှိရာနေရာကို ကိုးကန့်တပ်မတော် MNDAA တို့က လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီးနောက်...

မုံးပေါ်တိုက်နယ်အတွင်းရှိ ကျေးရွာအနီး လက်နက်ကြီးကျ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးပေါ်တိုက်နယ်အတွင်းတွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့တို့ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် ကျေးရွာအနီးပတ်ဝန်းကျင် မီးလောင်ကျွမ်း နေကြောင်း သတင်းသိရသည်။ယနေ့ ဧပြီလ ၂၇ ရက်  မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်မှ ယခုသတင်းရေးသားနေချိန်အထိ...

သိန္နီမြို့နယ် လက်နက်ကိုင်တပ်ဖွဲ့များ တပ်သားသစ်စုဆောင်း၊ ပြည်သူများထွက်ပြေးနေရ

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များ တပ်သားသစ် စုဆောင်းမှုကြောင့် ပြည်သူများ မြို့ထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စုံစမ်းသိရှိရသည်။ သိန္နီမြို့နယ်အတွင်းရှိ ကျေးရွာများမှ အိမ်ထောင်စု တစ်စုတွင် အမျိုးသား (၂)ဦးအထက်ရှိလျှင် လက်နက်ကိုင်တပ်များက စစ်သားစုဆောင်းသဖြင့် တစ်ချို့ အိမ်ထောင်စုတွင် သားယောက်ျားလေးအား သင်္ကန်းဝတ်ပေးခြင်း၊ တစ်ချို့အိမ်ထောင်စုမှာ သားယောကျာ်းလေးကို ပြည်ပနိုင်ငံသို့ စေလွှတ်ခဲ့ကြောင်း...

မုံးပေါ် တိုက်နယ် စစ်ကောင်စီ နှင့် MNDAA တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးပေါ်တိုက်နယ်အတွင်း စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA)တို့ ယနေ့ တိုက်ပွဲဖြစ်ပွားကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဧပြီ (၄)ရက် နေ့လည် ၁၂ နာရီဝန်းကျင်မှ လက်ရှိသတင်းရေးသားချိန်ထိ နှစ်ဖက်တပ်များ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရှိရသည်။ “မနေ့က ကိုးကန့်တပ်က ဆုတ်ခဲ့ရတယ်။ ဒီနေ့တော့ ကိုးကန့်ဘက်က စစ်ကောင်စီကို...

မုံးကိုးမြို့နယ် MNDAA နှင့် TNLA တို့ တပ်သားသစ် စုဆောင်း ဒေသခံများ တိမ်းရှောင်နေရ

သျှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် ကျေးရွာများတွင် ကိုးကန့်တပ်ဖွဲ့ ( MNDAA) နှင့် တအာင်း (ပလောင်) TNLA တပ်ဖွဲ့ တို့မှ တပ်သားသစ် ကောက်ယူစုဆောင်းမှုကြောင့် ဒေသခံများက ထွက်ပြေးတိမ်းရှောင် နေရကြောင်း သတင်းသိရသည်။ မုံးကိုးမြို့နယ် ပန်ဆေတိုင်း ကျေးရွာအတွင်းတွင် အသက် ၁၀ နှစ်စွန်းစွန်း ကလေးသူငယ်များအပါအဝင်...

မုံးကိုး စစ်ကောင်စီ နှင့် MNDAA စစ်ရေးတင်းမာနေဆဲ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် MNDAA တို့ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီဘက်မှ စစ်အင်အား အများအပြား ဖြည့်တင်းနေကြောင်း စုံစမ်းသိရှိရသည်။ လွန်ခဲ့သည့် မတ်လ ၁၅ ရက်နေ့က စစ်ကောင်စီဘက်မှ စစ်ကူအင်အား၊ လက်နက်အင်အား၊ အစားအသောက်အပြည့်ဖြင့် ကား အစီး ၃၀ ထက်မနည်း...

သိန္နီမြို့နယ် စစ်ကောင်စီနှင့် MNDAAတိုက်ပွဲ စစ်ကောင်စီဘက်က ၈ဦးကျဆုံး

သိန္နီမြို့နယ် အတွင်း ဖေဖော်ဝါရီ ၁၃ရက် တွင် စစ်ကောင်စီနဲ့ ကိုးကန့်တပ်(MNDAA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ၈ဦး ကျဆုံးခဲ့ကြောင်း MNDAAက ထုတ်ပြန်ထားသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီ နှင့် MNDAA တပ်မဟာ ၂၁၁တပ်ဖွဲ့တို့ကြား ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီဘက်မှ ၈ဦးကျဆုံးကာ MNDAAဘက်မှ ရဲဘော် ၁ဦးလည်း...

မိုင်းယော်တိုက်နယ်အတွင်း စစ်ကောင်စီ တိုက်လေယာဥ်ဖြင့် ထိုးစစ်ဆင်

သျှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်အတွင်း ဖြစ်ပွားသည့် ကိုးကန့်တပ်မတော် (MNDAA) နှင့် တိုက်ပွဲတွင် အထိနာသည့် စစ်ကောင်စီတပ်သည် မိုင်းယော်တိုက်နယ်ရှိ မဟာမိတ်တပ်ဖွဲ့ကို တိုက်လေယာဥ်ဖြင့် အကြမ်းဖက် ထိုးစစ်ဆင်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်နေ့ မိုင်းယော်တိုက်နယ်နှင့် မိုင်းဟက်ကြား လုံမွန်းကျေးရွာအုပ်စုအတွင်း သွားလာလှုပ်ရှားနေသည့် မဟာမိတ်တပ်ဖွဲ့တို့၏ စခန်းနေရာများကို...

မုံးကိုးမြို့ပေါ် စစ်ရှောင်(၁၀၀၀)ကျော် စားနပ်ရိက္ခာနှင့် အနွေးထည်များ အရေးပေါ်လိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် အာဏာသိမ်းစစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA)တို့ တိုက်ပွဲကြောင့် မုံးကိုးမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်ရောက်ရှိလာသော စစ်ရှောင်ဦးရေ ၁၀၀၀ ဝန်းကျင်သည် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း သတင်းသိရသည်။ “မုံးကိုးမြို့ပေါ်က စစ်ဘေးဒုက္ခသည် ဦးရေ ၁၀၀၀ ကျော်တို့က စားနပ်ရိက္ခာ အရေးတကြီး လိုအပ်နေပါတယ်၊ ဆောင်းတွင်းဆိုတော့ စောင်နဲ့...

သျှမ်းမြောက်တွင် စစ်ကောင်စီ နှင့် KIA၊ MNDAA တို့ တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင်း မုံးပေါမြို့နယ်တွင် စစ်ကောင်စီ နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)တပ်ဖွဲ့၊ မုံးကိုးမြို့နယ်တွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် သျှမ်းပြည်မြောက်ပိုင်း မုံးပေါမြို့နယ်အတွင်း၌...

Latest news