Friday, June 9, 2023

မုံးပေါ်တိုက်နယ် စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွား

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးပေါ်တိုက်နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကိုးကန့်တပ်ဖွဲ့ တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်း သိရသည်။

ယနေ့ အောက်တိုဘာ ၂၄ ရက်နေ့ မွန်းလွဲ ၄ နာရီခွဲဝန်းကျင်မှ စတင်ကာ မုံးပေါ်ဒေသရှိ ဝမ်ကောင်းကျေးရွာ အနီး ဟိုဝါးတောင်ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း မုံးပေါ်ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၄ နာရီခွဲကတည်းက ပစ်ခတ်သံတွေ စကြားရတာဖြစ်ပါတယ်၊ စစ်ကောင်စီ တပ်ရင်းအမှတ် ၃၅၅ နဲ့ ကိုးကန့် တပ်ရင်းအမှတ် ၅၀၅ တွေ ထိတွေ့တိုက်ပွဲဖြစ်တာလို့ သိရတယ်၊ လက်နက်ကြီး/ငယ်တွေနဲ့ ပစ်နေကြတာ အခု ချိန်ထိ အသံကြားနေရတုန်းပဲ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာသည် ဝမ်ကောင်းကျေးရွာ နှင့် တစ်မိုင်ခန့်သာ ကွာဝေးသည့်အတွက် လက်ရှိတွင် ဒေသခံ ရွာသားများက စိုးရိမ်ကြောက်လန့်နေကြောင်း သတင်းသိရသည်။

မုံးပေါ်ဒေသ

ထို့အပြင် လက်ရှိအချိန်၌ မုံးပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့မှလည်း လက်နက်ကြီးဖြင့် ဟိုဝါးတောင်ဘက်သို့ စစ်ကူပစ်ပေးနေကြောင်း ဒေသခံများက ပြောသည်။

“ဒီနေ့ ၉ နာရီကျော်လောက်မှာ အင်အား ၅၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့က ဝမ်ကောင်းရွာထဲ ရောက်လာကတည်းက ရွာသားတွေ ကြောက်လန့်နေတာ၊ ပြီးတော့ အဲ့ဒီ ဟိုဝါးတောင်ဘက်ကို ဆက်သွားတယ်၊ ဒီညနေခင်းရောက်တော့ တိုက်ပွဲဖြစ်တာပဲ၊ အခုလည်း မုံးပေါ်ဘက် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး တွေနဲ့ ဟိုဝါးတောင်ပေါ်ဘက်ကို စစ်ကူလှမ်းပစ်ပေးနေတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ထို့အပြင် တုန်ခန်ရှိ စစ်ကောင်စီ ဗျူဟာကုန်းမှလည်း ဟိုဝါးတောင်ဘက်သို့ လက်နက်ကြီး နှစ်လုံး ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိအချိန်တွင် နှစ်ဖက် တပ်ဖွဲ့၏ ထိခိုက်ကျဆုံးမှုများကို မသိရှိရ သေးပေ။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်မြောက်ပိုင်းအတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

Leave a Comments

- Advertisement -spot_img

Latest article