Wednesday, January 28, 2026

ကွတ်ခိုင်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ ၅ ရက် ဆက်တိုက်ဖြစ်ပွားနေ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နှင့် သိန္နီမြို့နယ်ကြားတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ၅ ရက် ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်မှ ၁၁ နာရီဝန်းကျင်အထိ ကွတ်ခိုင်မြို့နယ် လွိုင်ဆမ်ဆစ် တောင်ခြေ အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနေ့ တိုက်ပွဲလည်း တော်တော်ကို ပြင်းထန်ခဲ့ပါတယ်၊ လွိုင်ဆမ်ဆစ်တောင်ခြေအနီးက နမ့်ပါခီးကျေးရွာလမ်းခွဲ နားမှာ ထိတွေ့ တိုက်ပွဲဖြစ်တာ၊ အဲ့နေရာနားတစ်ဝိုက်မှာ KIA က လှုပ်ရှားနေတယ်၊ ဒီတိုက်ပွဲကြောင့် ထိခိုက် ဒဏ်ရာရမှုတော့ မသိရဘူး” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွတ်ခိုင်မြို့

လက်ရှိတွင် အဆိုပါ လွိုင်ဆမ်ဆစ်တောင်ခြေ တောအုပ်၌ KIA တပ်ဖွဲ့မှ နေရာယူထားနေလျက်ရှိပြီး စစ်ကောင်စီ တပ်ဖွဲ့မှ တိုးချဲ့လှုပ်ရှားပါက တိုက်ပွဲထပ်မံဖြစ်ပွား နိုင်ကြောင်းလည်း ဒေသခံများက ပြောသည်။

ထို့အပြင် ယမန်နေ့ (စက်တင်ဘာ ၈) ရက် တွင်လည်း ကွတ်ခိုင်မြို့နယ် မန်ပိန်းကျေးရွာအတွင်းရှိ KIA တပ်ဖွဲ့အနီးသို့ အင်အားဖြည့်တင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ညနေ ၅ နာရီတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

“ပြီးခဲ့တဲ့ ၅ ရက်ကတည်းက တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ၊ မနေ့ကလည်း မန်ပိန်းနား ရှိနေတဲ့ KIA တပ်ဖွဲ့နားကို စစ်ကောင်စီက အင်အားဖြည့်ပြီး အနီးကပ်လို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သေးတယ်၊ အခုချိန်ထိ နှစ်ဦးနှစ်ဖက် စစ်ရေးတင်းမာနေတုန်းပဲ” ဟု မန်ပိန်းကျေးရွာအုပ်စုမှ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက် ည ၇ နာရီခွဲဝန်းကျင်တွင် သိန္နီတိုးဂိတ်အနီး စစ်ကောင်စီ နှင့် KIA တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မော်ဟစ်ကျေးရွာမှ ကလေးငယ် နှစ်ဦး အပါအဝင် ဒေသခံ ၃ ဦး လက်နက်ကြီးကျည်ထိမှန်ပြီး ဆေးကုသမှု ခံယူနေကြောင်း သတင်းသိရသည်။

လက်ရှိ ကွတ်ခိုင်မြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် KIA တို့က စစ်အင်အားဖြည့်တင်းမှုများ အပြိုင်လုပ်နေပြီး စစ်ရေးတင်းမာနေလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...