ဇွပ်အောင်စစ်ရှောင် ပြည်သူ နှင့် ရွာသား တစ်ဦးကို MNDAA ရိုက်နှက်ပြီး တာဝန်ယူဖြေရှင်းပေးခြင်းမရှိ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ ဇွပ်အောင်ကျေးရွာမှ ပြည်သူတစ်ဦးနှင့် တခြားရွာသား တစ်ဦးကို ကိုးကန့်တပ်မတော် (MNDAA) တပ်သားများ ရိုက်နှက်ပြီး လက်ရှိအချိန်ထိ တာဝန်ယူဖြေရှင်းပေးခြင်းမရှိကြောင်း သတင်း သိရသည်။

ဩဂုတ် ၁၇ ရက် ည ၁၀ နာရီဝန်းကျင်တွင် MNDAA တပ်သား ၁၀ ဦးခန့်သည် ဇွပ်အောင် စစ်ရှောင်မှ ရွားသားတစ်ဦး နှင့် ဒေါင်လုံရွာကော်မတီ ဒုဥက္ကဋ္ဌတစ်ဦးကို ဖမ်းဆီးရိုက်နှက်ပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုင်တန်းပြောဆိုထားသော်လည်း ယနေ့အချိန်ထိ ဖြေရှင်းပေးခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

“MNDAA တပ်သားတွေက သူတို့နှစ်ယောက်ကို လာဖမ်းပြီး ရိုက်နှက်တာ၊ သေနတ်ဒင် နဲ့ ပြောင်းနဲ့ ထိုးပြီး ရိုက်ကြတာ၊ မနက်ရောက်လို့ ရွာသားတွေသွားကယ်ထုတ်နိုင်ခဲ့ချိန် သူတို့နှစ်ဦးဒဏ်ရာ တော်တော် များတယ်၊ ဒီအကြောင်းကို MNDAA သက်ဆိုင်သူနဲ့ ပြောထားပေမယ့် ဒီနေ့အထိ ဘာမှအကြောင်းမပြန်သေးဘူး” ဟု ဇွပ်အောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အရိုက်ခံရသူ

ယင်းဖမ်းဆီးရိုက်နှက်မှုဖြစ်ပွားပြီးနောက် သြဂုတ်လ ၂၀ ရက်တွင် ရွာခံလူကြီးများ နှင့် စစ်ရှောင် ကော်မတီများ စုပေါင်းကာ ကွတ်ခိုင်မြို့နယ်ရှိ MNDAA တာဝန်ရှိသူများနှင့် ဆွေးနွေးတိုင်ကြားမှုများရှိသော်လည်း မည်သည့်တုန့်ပြန် ချက်မှ မပေးခဲ့ကြောင်း ဇွပ်အောင်စခန်းမှ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် စစ်ရှောင်များ ရှိနေသည့် ကျေးရွာဒေသအတွင်း၌ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အနေဖြင့် လာရောက်နေရာယူခြင်းနှင့် ပတ်သက်ပြီး ရုတ်သိမ်းပေးရန် တောင်းဆိုချက်လည်း MNDAA မှ တုန့်ပြန်ခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ကျနော်တို့ ရွာသားနှစ်ဦး MNDAA ရိုက်နှက်ခံရမှုကြောင့် တာဝန်ယူပေးဖို့ တောင်းဆိုချက်အပါအဝင် ဇွပ်အောင်စစ်ရှောင်စခန်းကနေ MNDAA တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုချက်လည်း ပြောင်းလဲတာ မရှိသေးဘူး၊ ဘာမှလည်းမတုန့်ပြန်ဘူး၊ ကျနော်တို့ရွာသားတွေကဘာမှ မတတ်နိုင်ခဲ့ဘူး” ဟု တာဝန်ရှိသူ ထပ်လောင်းပြောသည်။

လက်ရှိတွင် ဇွပ်အောင်ရွာခံများ၊ ဒေါင်လုံကျေးရွာ၊ ကာလျန်ကျေးရွာ၊ နားခန်ကျေးရွာ စသည့် ကျေးရွာများမှ ပြည်သူများသည် MNDAA တပ်ဖွဲ့ကို တောင်းဆိုချက် ၃ ချက်ပါတဲ့ သဘောထား ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပေမဲ့ တုန့်ပြန်မှုမရှိသည့်အတွက် ပြည်သူ့အင်အားပြသသည့်အနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...