ကွတ်ခိုင်မြို့နယ် ဇွပ်အောင် စစ်ရှောင်စခန်းရှိ စာသင်ကျောင်းထဲ MNDAA ဝင်လာ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဇွပ်အောင်စစ်ရှောင်စခန်း စာသင်ခန်းထဲ ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့က ဝင်ရောက်လာပြီး တပ်သားအချင်းချင်း စကားများမှု ဖြစ်ပွားမှုကြောင့် ကလေးငယ်နှင့် ကျောင်းဆရာမများ စိုးရိမ်ကြောက်လန့်နေကြကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်တွင် MNDAA တပ်သားတစ်ဦး စစ်ရှောင်စခန်းထဲရှိ စာသင်ခန်းထဲသို့ ဝင်လာပြီး ရန်ဖြစ်ပွားခဲ့ကာ ကလေးငယ်များနှင့် ဆရာမများက စိုးရိမ်ထိတ်လန့်နေကြောင်း စစ်ရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် သို့ပြောသည်။

ဇွပ်အောင်စစ်ရှောင်စခန်း

“ ဒီ ဇွပ်အောင်မှာက စစ်ဘေးရှောင်စခန်းအနေနဲ့ ရှိနေတဲ့အချိန်မှာ ဒီလိုလက်နက်ကိုင်တွေက လာရှိနေတော့ ကျမတို့ပြည်သူတွေက စိုးရိမ်ရတာပေါ့။ စစ်ကိုဘယ်သူမဆိုကြောက်တာပေါ့နော်။ သေနတ်ကို ဘယ်သူမဆိုကြောက်တယ်။ သူတို့အချင်းချင်း ရန်ပဲ ဖြစ်ဖြစ် ကျမတို့ပြည်သူတွေက စိုးရိမ်တာပေါ့” ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့သည် MNDAA တပ်သားတစ်ဦး စာသင်ခန်းထဲဝင်လာပြီး ဆရာမ စာသင်နေတာကို လာရောက်ကြည့်ပြီး တပ်သား ၃ ဦးက ထို တပ်သားတစ်ဦးကို လာခေါ်ဆောင်ရာမှ ရန်ဖြစ်ပွားမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ အဲ့နေ့က ဆရာမ စာသင်နေတာကို တပ်သားတစ်ဦးက စာသင်နေတဲ့ အခန်းရှေ့ကနေ လာကြည့်တာ။ တစ်ခြားတပ်သားကသူ့ကိုလာခေါ်တယ်။ အဲ့ဒါ ကလေးတွေက ကြည့်တော့ သူလည်းရှက်သွားပြီး စကားများသွားကြတာပါ။ စကားများ ရန်ဖြစ်သွားတာပေါ့။ ပြီးတော့ သူက ဘောလုံးကွင်းမှာသွားနေတာလေ” ဟု အမည်မဖော်လိုသည့် ဆရာမတစ်ဦးက ပြောသည်။

ဇွပ်အောင်စစ်ရှောင်ထဲကို ကိုးကန့်တပ်မတော် MNDAA က ၂၀၂၂ နှစ်စပိုင်းမှ ဝင်ရောက်နေထိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၁၇ ရက် တွင် ကွတ်ခိုင်မြို့အနီးပတ်ဝန်းကျင်မှ ပစ်ခတ်သံ များ ထွက်ပေါ်လာပြီး ဇွပ်အောင်စစ်ရှောင်စခန်းအတွင်းသို့ လက်နက်ကြီးကျရောက်ခဲ့ကာ စစ်ရှောင် ၃ ဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...