Wednesday, January 28, 2026

ကွတ်ခိုင်မြို့နယ် ဇွပ်အောင် စစ်ရှောင်စခန်းရှိ စာသင်ကျောင်းထဲ MNDAA ဝင်လာ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဇွပ်အောင်စစ်ရှောင်စခန်း စာသင်ခန်းထဲ ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့က ဝင်ရောက်လာပြီး တပ်သားအချင်းချင်း စကားများမှု ဖြစ်ပွားမှုကြောင့် ကလေးငယ်နှင့် ကျောင်းဆရာမများ စိုးရိမ်ကြောက်လန့်နေကြကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်တွင် MNDAA တပ်သားတစ်ဦး စစ်ရှောင်စခန်းထဲရှိ စာသင်ခန်းထဲသို့ ဝင်လာပြီး ရန်ဖြစ်ပွားခဲ့ကာ ကလေးငယ်များနှင့် ဆရာမများက စိုးရိမ်ထိတ်လန့်နေကြောင်း စစ်ရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် သို့ပြောသည်။

ဇွပ်အောင်စစ်ရှောင်စခန်း

“ ဒီ ဇွပ်အောင်မှာက စစ်ဘေးရှောင်စခန်းအနေနဲ့ ရှိနေတဲ့အချိန်မှာ ဒီလိုလက်နက်ကိုင်တွေက လာရှိနေတော့ ကျမတို့ပြည်သူတွေက စိုးရိမ်ရတာပေါ့။ စစ်ကိုဘယ်သူမဆိုကြောက်တာပေါ့နော်။ သေနတ်ကို ဘယ်သူမဆိုကြောက်တယ်။ သူတို့အချင်းချင်း ရန်ပဲ ဖြစ်ဖြစ် ကျမတို့ပြည်သူတွေက စိုးရိမ်တာပေါ့” ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့သည် MNDAA တပ်သားတစ်ဦး စာသင်ခန်းထဲဝင်လာပြီး ဆရာမ စာသင်နေတာကို လာရောက်ကြည့်ပြီး တပ်သား ၃ ဦးက ထို တပ်သားတစ်ဦးကို လာခေါ်ဆောင်ရာမှ ရန်ဖြစ်ပွားမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ အဲ့နေ့က ဆရာမ စာသင်နေတာကို တပ်သားတစ်ဦးက စာသင်နေတဲ့ အခန်းရှေ့ကနေ လာကြည့်တာ။ တစ်ခြားတပ်သားကသူ့ကိုလာခေါ်တယ်။ အဲ့ဒါ ကလေးတွေက ကြည့်တော့ သူလည်းရှက်သွားပြီး စကားများသွားကြတာပါ။ စကားများ ရန်ဖြစ်သွားတာပေါ့။ ပြီးတော့ သူက ဘောလုံးကွင်းမှာသွားနေတာလေ” ဟု အမည်မဖော်လိုသည့် ဆရာမတစ်ဦးက ပြောသည်။

ဇွပ်အောင်စစ်ရှောင်ထဲကို ကိုးကန့်တပ်မတော် MNDAA က ၂၀၂၂ နှစ်စပိုင်းမှ ဝင်ရောက်နေထိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၁၇ ရက် တွင် ကွတ်ခိုင်မြို့အနီးပတ်ဝန်းကျင်မှ ပစ်ခတ်သံ များ ထွက်ပေါ်လာပြီး ဇွပ်အောင်စစ်ရှောင်စခန်းအတွင်းသို့ လက်နက်ကြီးကျရောက်ခဲ့ကာ စစ်ရှောင် ၃ ဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...

လားရှိုး-မိုင်းရယ်တွင် ရွေးကောက်ပွဲနောက်ပိုင်း ဒေသခံများကို MNDAA အခွန်ဆောင်ခိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များကို ၂၀၂၆ နှစ်ဆန်းပိုင်းမှ စတင်ပြီး တစ်လချင်း အခွန်ပေးဆောင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့်...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...