မိုင်းယော်တိုက်နယ်အတွင်း စစ်ရေးတင်းမာနေဆဲ ဒေသခံများလယ်ယာ မသွားနိုင်သေး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်းတွင် စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေသေးသဖြင့် ဒေသခံများလယ်ယာမသွားနိုင်သေးကြောင်း သတင်းသိရသည်။

မိုင်းယော်တိုက်နယ်

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့တို့၏ တိုက်ပွဲအပြီး ယနေ့အချိန်ထိ နှစ်ဖက် စစ်ရေးတင်းမာမှုများရှိနေသေးသည့်အတွက် ဒေသခံများက လယ်ယာမသွားရဲကြောင်း မန်ဝိန်းရွာမှ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“တိုက်ပွဲဖြစ်ပြီးကတည်းက ကျနော်တို့ ရွာအနားမှာ စစ်ကောင်စီတပ်က နေရာယူထားတယ်၊ ရွာသားတွေကို သူတို့နေတဲ့နားမလာဖို့လည်း ပြောထားတယ်၊ စကစတွေ နေတဲ့နေရာက ကျနော်တို့ လယ်ယာသွားတဲ့ လမ်းဖြစ် နေပေမဲ့ ကျနော်တို့လည်း မသွားရဲဘူး၊ ပြီးတော့ အချင်းချင်း လက်နက်ကြီးနဲ့ ချကြလို့ ကျနော်တို့ ရွာနားမှာ လက်နက်ကြီးတစ်လုံးကျသေးတယ်။” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ထို့အပြင် မန်ဝိန်းကျေးရွာ နှင့် မနီးမဝေးရှိ တောင်တန်း၌ ကိုးကန့်တပ်ဖွဲ့ MNDAA တို့မှ နေရာယူ လှုပ်ရှားနေလျက် ရှိပြီး နှစ်ဖက်တပ်ဖွဲ့က စစ်ရေးတင်းမာနေလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၂ ရက်တွင် ဖြစ်ပွားသည့် တိုက်ပွဲမှ စစ်ကောင်စီဘက် တပ်သားကျဆုံးမှုများ ရှိနေသည့်အတွက် မကျေနပ်ချက်ဖြင့် တိုက်ပွဲပြန်လည် ပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

“ပြီးတဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ယောက် ကျတယ်လို့ သိရတယ်၊ အဲ့လိုတွေကြောင့် စကစက မကျေနပ် ချက် နဲ့ တိုက်ပွဲတွေ ပြန်စမယ်ဆိုရင် တိုက်ပွဲ ပိုပြင်းလာမှာကို ကြောတယ်၊ အခုက စပါးတွေ အိမ်မသယ်ရသေးတဲ့ သူတွေ၊ တောင်ယာ မသိမ်းရသေးတဲ့ သူတွေအများကြီးရှိသေးတယ်၊ တိုက်ပွဲဖြစ်ရင် ဒါတွေက လုပ်မရတော့ စိုးရိမ်ရတယ်။” ဟု အထက်ပါ အမျိုးသားက ပြောသည်။

လက်ရှိအချိန်သည် ဒေသခံများ စပါးရိတ်သိမ်းချိန် နှင့် တောင်ယာမှ ပြောင်း၊ မြေပဲတို့ကို သိမ်းယူနေချိန် ဖြစ်သည့်အတွက် တိုက်ပွဲဖြစ်ပါက ဒေသခံများ သီးနှံဆုံးရှုံးမှုဖြစ်ပေါ်နိုင်ပြီး စားဝတ်နေရေးများကိုလည်း ထိခိုက်နိုင်ကြောင်း သတင်းသိရသည်။

မိုင်းယော်တိုက်နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီအပြင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့များ နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ သွားလာလှုပ်ရှားနေလျက်ရှိသည့်အပြင် ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားရာလည်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...