Wednesday, January 28, 2026

မုံးပေါ်တွင် ဗုံးတစ်လုံးပေါက်ကွဲ ကလေးတစ်ဦး သေဆုံး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးပေါ်တိုက်နယ် ဟိုကန်ကျေးရွာအုပ်စုတွင် ဗုံးတစ်လုံးပေါက်ကွဲပြီး ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ရကြောင်း သတင်းသိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ (ဇူလိုင် ၁၆) ရက် နံနက်ပိုင်းတွင် ဟိုကန်ကျေးရွာအုပ်စုတွင်းရှိ နွားတင်းကုပ်တခုမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ကလေးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့ရှေ့တစ်နေ့က ညနေပိုင်းမှာ နွားတွေ ကျွဲတွေ ဝင်ထွက်နေတဲ့အချိန်တော့ ဘာမှ မဖြစ်ဘူး၊ ၁၆ ရက်နေ့ ကျွဲ နွား တွေ ပြန်လွတ်ဖို့ အဲ့ကလေးက တင်းကုပ်ထဲဝင်လာတဲ့ အချိန် ပေါက်ကွဲမှုဖြစ်သွားတာ၊ ပွဲချင်းပြီးသေသွားတယ်” ဟု အသက် ၄၀ ဝန်းကျင် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ သေဆုံးသွားသည့် ကလေးငယ်သည် အသက် ၁၀ နှစ် ကျော်ဝန်းကျင် အရွယ်ရှိပြီး မုံးပေါ်ဒေသခံ ကလေးတစ်ဦးဖြစ်ကြောင်း သတင်းသိရသည်။

ယင်းကဲ့သို့ ပေါက်ကွဲမှု မဖြစ်ပွားခင်တွင် စစ်အင်အား ၃၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီ စစ်ကြောင်း တစ်ခုသည် ကျေးရွာတွင်းသို့ ဖြတ်သွားခဲ့ကြောင်းလည်း ၎င်းအမျိုးသားက ပြောသည်။

“၁၅ ရက်နေ့မှာ စစ်ကောင်စီ စစ်ကြောင်းက ဟိုကန်ကျေးရွာကို ဖြတ်ဝင်သွားတာ တွေ့ရတယ်၊ ဒါပေမဲ့ ဘယ်ဘက်ကို ရောက်သွားမှန်းတော့ မသိလိုက်ရဘူး၊ ဒီပေါက်ကွဲမှုက သူတို့နဲ့ ပတ်သက်နေမလားတော့ မသိဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

မုံးပေါ်တိုက်နယ်အတွင်းတွင် လှုပ်ရှားနေသည့် စစ်ကောင်စီတပ်များ အပြင် ကိုးကန့်တပ်မတော် (MNDAA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့လည်း သွားလာ လှုပ်ရှားနေလေ့ရှိကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...