တိုက်ပွဲဖြစ်ပွားမည့် သတင်းကြောင့် ကားငှားရမ်းခ မြင့်တက်လာ

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ထဲ တိုက်ပွဲဖြစ်ပွားမည်ဆိုသည့် သတင်း လူမှုကွန်ရက် စာမျက်နှာပေါ် ပျံ့နှံ့မှုကြောင့် တရုတ်ယွမ်ငွေဈေး ကျပြီး ကားငှားရမ်းခ ဈေးနှုန်းများ မြင့်တက်လာကြောင်း သတင်းသိရသည်။

လောက်ကိုင်မှ ထွက်လာသည့် ပုံရိပ်

ယနေ့ ဒီဇင်ဘာ ၆ ရက်တွင် လောက်ကိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမည့် သတင်းကြောင့် (Laukkai City) အနီးရှိ ကားကွင်းမှ လိုင်းကားများ အလုအယက် ကားငှားရမ်းရာ လက်ရှိတွင် ကားငှားခ ဈေးနှုန်းသည် မူရင်း ဈေး ထက် တစ်ဆ မြင့်တက်သွားကြောင်း ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

“နေ့လည်အထိ လောက်ကိုင် – လားရှိုး ကားခက ၆ သောင်းကျပ်အထိ ရသေးတယ်၊ ဒီညနေတော့ ကားခက ၁၂၀,၀၀၀ (တစ်သိန်း နှစ်သောင်းကျပ်) ဖြစ်နေပြီ၊ မှောင်ခိုဈေးတွေတောင်ရှိနေတယ်ကြားတယ်၊ မြန်မြန်ထွက် ချင်သူက ပိုက်ဆံပိုပေးတာပေါ့” ဟု (Laukkai City) ကားကွင်းအနီးနေထိုင်သူ အသက် ၃၂ ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လောက်ကိုင်မြို့သို့ သွားရောက် အလုပ်လုပ်နေသူများသည် တိုက်ပွဲသတင်းကြောင့် စိုးရိမ်မှု မြင့်တက်ကာ နေရပ် ဇာတိထံသို့ ပြန်ချင်နေကြကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ယင်းကဲ့သို့ အလုပ်သမားများက ဇာတိနေရပ်ပြန်မှု များပြားသည့် အတွက် မြို့တွင်း တရုတ် – မြန်မာငွေ လဲလှယ်သည့် KPay နှင့် WavePay များမှ ကျပ်ငွေ ရှားလာပြီး တရုတ်ငွေ ယွမ်ဈေးလည်း ကျလာကြောင်း သတင်းသိရသည်။

“လူတွေက ကြောက်ပီး ဇွတ်ပြေးကြတော့ အခု မြို့ပေါ်မှာ KPay ၊ WavePay နဲ့ မြန်မာငွေရှားသွားပြီး အခုဆို တရုတ် ငွေစျေးဆက်တိုက်ကျနေတယ်၊ ဒီနေ့လည်း ၃၈၃ ကနေ ၃၈၀ အတိဖြစ်သွားပြီ” ဟု လောက်ကိုင်မြို့တွင် နေထိုင်သူ အသက် ၄၅ ဝန်းကျင် အမျိုးသမီးတစ်ဦး ကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

လောက်ကိုင်မြို့မှ တရုတ်ယွမ်ငွေ လဲလှယ်မှု ဈေးနှုန်းသည် ယခင်မြန်မာငွေကျပ် ၄၁,၀၀၀ (လေးသောင်း တစ်ထောင်) ကျပ်ကို တရုတ်ယွမ်ငွေ ၁၀၀ နှင့် ညီမျှသော်လည်း လက်ရှိတွင် တရုတ်ယွမ်ငွေ ၁၀၀၊ မြန်မာငွေကျပ် ၃၈,၀၀၀ ဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းကဲ့သို့ တိုက်ပွဲ သတင်းများကြောင့် ပြည်သူများ အလုပ်သမားများ စိုးရိမ်ကြောက်လန့်နေကြခြင်းနှင့် ပတ်သက် ပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့က တိုက်ပွဲသတင်းသည် ကောလဟလသာ ဖြစ်ကြောင်း မယုံကြည်ကြရန် ထုတ်ပြန် ပြောဆိုထားသည်။

သို့သော်လည်း လက်ရှိအချိန်ထိ ပြည်သူများက စိုးရိမ်ကြောက်လန့်ပြီး လောက်ကိုင်မှ ထွက်ခွာရန် ကားများ အလုအယက် ငှားရမ်းနေမှုကြောင့် လားရှိုးမြို့ဘက်ရှိ ဟော်တယ်များ ၊ တည်းခိုခန်းများလည်း ဈေးနှုန်း တက်လာကြောင်း ဒေသခံများက ပြောဆိုသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုချက် မရသေးပေ။

လောက်ကိုင်မြို့နယ်ထဲတွင် လောင်းကစားဝိုင်း အများအပြားရှိပြီး ရွှေ့ပြောင်းအလုပ်သမားများက လောင်းကစားဝိုင်းများ နှင့် အွန်လိုင်းဂိမ်း၊ ဘာသာပြန် အလုပ်အကိုင်များ သွားရောက် အလုပ် လုပ်ကိုင်ကြသည့် နေရာဖြစ်သည်။

ထို့အပြင် လောက်ကိုင်မြို့အတွင်း၌ စစ်ကောင်စီမှ ထုတ်ပြန်ထားသည့် ည ၈ နာရီ အပြင်မထွက်ရအမိန့်လည်း ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...