ပန်ဆိုင်းမြို့အတွင်း တစ်ရက်တည်း ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့အတွင်းတွင် တရက်တည်း ပစ်ခတ်မှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုလည်း ရှိနေကြောင်း သတင်းသိရသည်။

ယမန်နေ့ (သြဂုတ် ၁၅) ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ညီနောင်မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရခိုင့်တပ်မတော် (AA)၊ ကိုးကန့်တပ်မတော် (MNDAA) တို့မှ စစ်အင်အား ၃၀၀ ဝန်းကျင်သည် ပန်ဆိုင်းမြို့နယ်အတွင်းသို့ ရောက်ရှိလာသည်။

၎င်းတို့မှ ပန်ဆိုင်းမြို့ကို ဖြတ်သန်းသွားပြီး နာရီဝက်ခန့်အကြာတွင် ပန်ဆိုင်းမြို့ အခြေစိုက် ကောင်းမူးတပ်မှ စစ်ကောင်စီတပ်ဖွဲ့သည် အဆိုပါ စစ်ကြောင်းနောက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်လိုက်ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပန်ဆိုင်းမြို့

“ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ပန်ဆိုင်းမြို့ကိုဖြတ်ပြီး မုံးကိုးဖက် သွားမယ့်ပုံပါပဲ၊ ခန့်မှန်း အင်အား ၃၀၀ နီးပါး လောက်ရှိတယ်၊ သူတို့စစ်ကြောင်း ပန်ဆိုင်းမြို့ အလွန်ရောက်ခါနီးလောက်မှာ စစ်ကောင်စီတပ်က ကောင်းမူးတပ် ကနေ လှမ်းပစ်လို့ လက်နက်ကြီး/ငယ်သုံးပြီး နှစ်ဖက်တိုက်ပွဲက နာရီဝက်နီးပါးကြာတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ယင်းပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့သည် တောင်ကုန်းပေါ် နေရာယူပြီး လက်နက်ကြီး လက်နက်ငယ်တို့ဖြင့် လှမ်းပစ်နေသည့်အတွက် ညီနောင်မဟာမိတ်များမှ ခံပစ်ရင်း ဆုတ်ခွာသွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြား ချက်အရ သိရသည်။

ထို့အပြင် ယင်းနေ့ တစ်နေ့တည်း ည ၉ နာရီဝန်းကျင်တွင်လည်း ပန်ဆိုင်းမြို့ရှိ လောင်းကစားနယ်မြေဘက်မှ ပစ်ခတ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက ဆက်လက်ပြောဆိုထားသည်။

“ပန်ဆိုင်းမြို့ရဲ့ အပြင်ဘက် နည်းနည်းကျတဲ့ လောင်းကစားဝိုင်းတွေ ဖဲဝိုင်းတွေ များတဲ့နယ်မြေဘက်မှာ ည ၉ နာရီလောက်က ပစ်ခတ်သံတွေကြားရတယ်၊ ဘယ်အဖွဲ့နဲ့ ဘယ်အဖွဲ့ပစ်ကြမှန်းတော့ မသိရဘူး၊ အဲ့ဖက်က သီးသန့်နယ်မြေလိုဖြစ်နေတော့ သာမာန်ပြည်သူတွေ သွားမစပ်စုရဲဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိ ပန်ဆိုင်းမြို့နယ်အတွင်းတွင် ဝမ်းတိန်ဘက်မှ တရုတ်လူမျိုးများနှင့် ဆက်စပ်ပတ်သက်နေသည့် လောင်းကစားဝိုင်းများရှိနေပြီး သွားရောက် ဆော့ကစားလိုသူများကို လောင်းကစားရုံမှ ကြို၊ ပို့မှသာ သွားရောက်နိုင်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...