MNDAA

လားရှိုး စစ်ရှောင်နေအိမ်များ ဖောက်ထွင်းခိုးယူပြီး ပြန်လည်ရောင်းချမှုဖြစ်ပွား

သျှမ်းပြည် လားရှိုးမြို့တွင်း တိုက်ပွဲများ ငြိမ်သက်နေပြီး စစ်ရှောင်ပြည်သူများ နေအိမ်သို့ ပြန်မရောက်ခင် နေအိမ်များ ဖောက်ထွင်းခံရပြီး အိမ်တွင်ကျန်ခဲ့သော တန်ဖိုးရှိပစ္စည်းများ၊ ကားများ ခိုးယူခံရကာ အခြားမြို့သို့ ပြန်လည်ရောင်းချနေကြောင်း စုံစမ်းသိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း လားရှိုးမြို့သိမ်း တိုက်ပွဲသည် ဇူလိုင်လ ၂ရက်နေ့တွင် စတင်ခဲ့ရာ သြဂုတ်...

လားရှိုးမြို့ အရပ်သားနေအိမ် ပြန်လာနေထိုင်ရန် MNDAA ပြော၊ လေကြောင်းစိုးရိမ်မှုနေရသေး

သျှမ်းပြည် လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူများကို မိမိနေအိမ်သို့ ပြန်လာနေထိုင်ရန် ပြောဆိုနေသော်လည်း လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် ဒေသခံများ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ရမခကို ဩဂုတ်လ ၃ ရက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူများကို...

လားရှိုး တိုက်ပွဲ ဒဏ်ရာရ စစ်သုံ့ပန်း ၄၅ ဦး အပါအဝင် စစ်တပ်မိသားစုများ ကိုးကန့်တပ် ထပ်လွှတ်ပေး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ တိုက်ပွဲများ အတွင်း ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများ အနက် ဒဏ်ရာရထားသည့် စစ်သား ၄၅ ဦးနှင့် စစ်တပ် မိသားစုဝင် ၂၈၆ ဦး၊ စုစုပေါင်း ၃၃၁ ဦးကို ယမန်နေ့ ကိုးကန့်တပ်-MNDAA က ထပ်မံ လွှတ်ပေးခဲ့ကြောင်း သတင်းရင်းမြစ်က...

လားရှိုးမြို့ ပြည်သူများ နေအိမ်ဖောက်ထွင်းမှု၊ သူခိုးရန် စိုးရိမ် နေရပ်ပြန်နေကြ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ရှိ ပြည်သူများ အချို့သည် နေအိမ်ဖောက်ထွင်းခံရခြင်း၊ သူခိုးရန် ကို စိုးရိမ်သဖြင့် နေရပ်ပြန်ကြကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် သြဂုတ်လ ၃ရက် တွင် လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခကို ကိုးကန့်တပ်ဖွဲ့ MNDAA က အလုံးစုံ သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက်...

ကျောက်မဲမှာ MNDAA၊ TNLA နဲ့ NUG တို့အစည်းအဝေးလုပ်နေချိန် ပေါင် (၁၀၀၀) ဗုံးကြဲချသဖြင့် ထိခိုက်သေဆုံးမှုများတယ်ဆိုတဲ့ သတင်းအတု

သျှမ်းပြည် ကျောက်မဲမြို့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ ခေါင်းဆောင်၊ တအာင်းတပ်ဖွဲ့ TNLAA ရဲ့ စစ်ဦးစီးချုပ်နဲ့ NUG ကိုယ်စားလှယ်တို့ အထူးအစည်းအဝေးပြုလုပ်နေချိန် စစ်ကောင်စီတပ်က ပေါင် (၁၀၀၀) ဗုံးနဲ့ တည့်တည့်ကြဲချလိုက်တာကြောင့် ထိခိုက်သေဆုံးမှုများတယ်ဆိုပြီး သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။ စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် Kyaw Swar ချယ်နယ်ကနေ...

ညီနောင်မဟာမိတ် က ရမခ တိုင်းမှူး လက်နက်ချရန် ကမ်းလှမ်းပြီးနောက် မူဆယ်မြို့ သေနတ်သံစကြားရ

တရုတ် - မြန်မာ နယ်စပ် မူဆယ်မြို့သို့ ရောက်ရှိနေသော လားရှိုး ရမခ တိုင်းမှူးကို ညီနောင်မဟာမိတ်တပ်မှ လက်နက်ချရန် ကမ်းလှမ်း ပြီးနောက် သေနက်သံများ စတင်ထွက်ပေါ်လာကြောင်း သတင်းရရှိသည်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ရမခ ဗိုလ်မှူးချုပ်စိုးလှိုင်ကို တွင် ညီနောင် မဟာမိတ်တပ်မှ လက်နက်ချရန် ကမ်းလှမ်းခဲ့သည့်သတင်းသည် ယမန်နေ့တွင် ထွက်ပေါ်ခဲ့ကြောင်း...

လားရှိုး လက်နက်ချအညံ့ခံသည့် တပ်မိသားစု (၁၀၀၀) နီးပါးကို MNDAA ခရီးစရိတ် ၅၀၀၀၀ ကျပ်စီ ပေးပြီးပြန်လွှတ်

သျှမ်းပြည်မြောက်ပိုင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် လက်နက်ချ အညံ့ခံသည့် ရမခ တပ်မိသားစု (၁၀၀၀) နီးပါးကို ခရီးစရိတ် (၅၀၀၀၀) ကျပ်စီ ပေးပြီး ပြန်လွှတ်ပေးလိုက်ကြောင်း ဩဂုတ်လ ၇ ရက်နေ့က သတင်းထုတ်ပြန်သည်။ ဩဂုတ်လ ၆ ရက်နေ့တွင်...

“စစ်ကောင်စီ လေကြောင်းဗုံးကြဲ ရပ်တန့်ရေး တရုတ် က တားမြစ်နိုင်မှာလား”

သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းပစ်ခတ် တိုက်ခိုက်နေခြင်းအပေါ် တရုတ်နိုင်ငံမှ တားဆီးဟန့်တားပေးရန် ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့ (ဩဂုတ်လ ၆ ရက်) တွင် တောင်းဆိုလိုက်သည်။ တိုင်းရင်းသား မိဘပြည်သူများကို သတ်ဖြတ်နေသော စစ်ကောင်စီတပ်၏ စစ်ရာဇဝတ် ကျူးလွန်နေမှုများကို...

စစ်ကောင်စီ တိုက်လေယာဉ်များမှ လားရှိုးစစ်ဆေးရုံအား တိုက်ခိုက်ခဲ့ဟု စစ်ဆေးရုံ ဆရာဝန်ပြောကြား

သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ် အမှတ် ၉ တပ်မတော်ဆေးရုံ ကုတင် (၁၀၀) စစ်ဆေးရုံအား စစ်ကောင်စီမှ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ပြီး မဟာမိတ်တပ်များကို စွတ်စွဲခဲ့ကြောင်းညီနောင်သုံးဖွဲ့၏ တယ်လီဂရမ် ချန်နယ် တွင်‌ဖော်ပြထားသည်။ ယနေ့ ဩဂုတ်လ ၆ ရက်တွင် ညီနောင် ၃ ဖွဲ့၏ တယ်လီဂရမ်ချန်နယ် (3 Brotherhood...

နိုင်ငံခြားရုပ်အလောင်းပုံတွေသုံးပြီး MNDAA နဲ့ TNLA တပ်ဖွဲ့ဝင် အလောင်းတွေ ကောက်လို့မပြီးသေးဟု သတင်းအတုဖြန့်

ဂါဇာကမ်းမြောင်က အစ္စရေးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ လူရုပ်အလောင်းဓာတ်ပုံကိုအသုံးပြုပြီး ကိုးကန့်တပ်ဖွဲ့MNDAA နဲ့ တအာင်းတပ်ဖွဲ့ TNLA အလောင်းတွေလို့ မပြီးသေးဟု ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ် Aung Min ချယ်နယ်က ဖြန့်ချိခဲ့ပြီး “ကိုးကန့်နဲ့ ပလောင် (တအာင်း) အလောင်းတွေကိုကောက်လို့မပြီးသေးဘူး။ AA နဲ့ ချင်းတွေက “မင်းတပ်” မှာ အလောင်းတွေ လာထားဖို့ပြင် နေပြီဆိုဘဲ။ “မတူပီ” ကိုလာတိုက်တုန်းက မင်းတို့အလောင်းတွေ ဘယ်လောက်ချန်ထားခဲ့ရတယ်ဆိုတာ မင်းတို့အသိဆုံးဖြစ်လိမ့်မယ်” လို့ (မူရင်း)​ရေးသားဖော်ပြထားပါတယ်။ အဆိုပါ သတင်းအတုကို ကြည့်ရှုသူပေါင်း ၁,၀၀၀ ကျော်ရှိပြီး တခြားစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်မှာလည်း ဖြန့်ဝေထားကြပါတယ်။ မူရင်းလင့်ခ် - https://archive.ph/Nsxkg Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူတွေအနေနဲ့ အဆိုပါအကြောင်းအရာတွေကို စစ်ဆေးကြည့်တဲ့အခါ ဓာတ်ပုံကို ဖြတ်ညှပ်ကတ်လုပ်ပြီး လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့်သတင်းအတု ဖြစ်နေတာကိုတွေ့ရပါတယ်။ သတင်းအမှားဖြန့်သူတွေ ဖော်ပြထားတဲ့ စာလာအိတ်အပြာနဲ့ထုပ်ထားတဲ့ ရုပ်အလောင်းဓာတ်ပုံကို RevEye Reverse Image Search နဲ့ စစ်ဆေးကြည့်ခဲ့ပါတယ်။ အဲ့ဒီဓာတ်ပုံဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ အစ္စရေးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးသွား သော ပါလက်စတိုင်းသားတွေရဲ့ ရုပ်အလောင်း ရုပ်ပုံတွေသာ ဖြစ်ပါတယ်။ ၂၀၂၄ ဧပြီ ၆ ရက်နေ့က VOA သတင်းဌာနကနေ အင်္ဂလိပ်စာဘာသာနဲ့ ဖော်ပြထားတဲ့သတင်းတစ်ပုဒ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။ သတင်းလင့်ခ် - https://rb.gy/tr2m5t ဒေသတွင်း သတင်းဌာနနဲ့ လွတ်လပ်တဲ့ သတင်းဌာနများရဲ့ ဖော်ပြချက်အရ သျှမ်းပြည်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီးအသေအပျောက်များနေတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၄ ဩဂုတ် ၁ ရက်နေ့က The Irrwaddy-Burmese Edition သတင်းဌာန ဖော်ပြချက်အရ "လားရှိုးမြို့ထဲမှာ ရုပ်အလောင်းတွေမကောက်နိုင်ဘဲ ဖြစ်နေ (ရုပ်/သံ)” သတင်းအပြည့်အစုံကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ လင့်ခ် - https://rb.gy/hg0do3 ၂၀၂၄ ဇူလိုင် ၃၁ ရက်နေ့က သျှမ်းသံတော်ဆင့်ကနေ ဖော်ပြထားတဲ့သတင်းတစ်ပုဒ်မှာလည်း လားရှိုးသို့ စစ်အင်အားဖြည့်လာတဲ့စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA ကကြားဖြတ်တိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မူရင်းလင့်ခ် - https://shorturl.at/kJN1U သုံးသပ်ချက် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် Aung Min ချယ်နယ်က မတူညီတဲ့နေရာက ဓာတ်ပုံတွေပို ပြုပြင် အသုံးပြုပြီး ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ တအာင်းတပ်ဖွဲ့ TNLA အလောင်းတွေကောက်လို့ မပြီးသေးဘူးဆိုပြီး ဖြန့်ထားခြင်းသာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကလည်း မှိုင်းဝေတယ်လီဂရမ်ချယ်နယ်က ခလရ ၆၈ တပ်က သေဆုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါတဲ့ ဗီဒီယိုကို MNDAA တပ်ဖွဲ့ဝင်တွေ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးတယ်ဆိုပြီး သတင်းအမှားတစ်ပုဒ်ကို Delta News Agency က စီစစ်ခဲ့ပါတယ်။ လင့်ခ့် - https://shorturl.at/7R8UY သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။ သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network (MFCN) အဖွဲ့ဝင်ဖြစ်သည့် သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ်(သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။ Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ Web...

Latest news