“စစ်ကောင်စီ လေကြောင်းဗုံးကြဲ ရပ်တန့်ရေး တရုတ် က တားမြစ်နိုင်မှာလား”

သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းပစ်ခတ် တိုက်ခိုက်နေခြင်းအပေါ် တရုတ်နိုင်ငံမှ တားဆီးဟန့်တားပေးရန် ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့ (ဩဂုတ်လ ၆ ရက်) တွင် တောင်းဆိုလိုက်သည်။

တိုင်းရင်းသား မိဘပြည်သူများကို သတ်ဖြတ်နေသော စစ်ကောင်စီတပ်၏ စစ်ရာဇဝတ် ကျူးလွန်နေမှုများကို တားဆီးဟန့်တားပါရန် တရုတ်နိုင်ငံအား အဓိကထားပြီး နိုင်ငံတကာ မိသားစုများအားလုံးကို တောင်းဆိုတိုက်တွန်းကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“အဲ့လိုတောင်းဆိုမှုကတော့ ညီနောင်သုံးဖွဲ့အနေနဲ့ လုပ်သင့်တဲ့ ကိစ္စပေါ့။ အခု လောက်ကိုင်မှာ ဗုံးကြဲနေတာ၊ လားရှိုးတိုက်ပွဲကို တုံ့ပြန်တဲ့အနေနဲ့ ဗုံးကြဲပြနေတာ။ လူထုအပေါ်မှာ လေကြောင်းထိုးစစ်ဆင်ပြီးတော့ လုပ်နေတာ၊ အခုကတော့ ဘာမှ စစ်ရေးပဋိပက္ခ မရှိဘဲနဲ့ တိုက်ခိုက်နေတဲ့အတွက် တရုတ်အတွက်လည်း အန္တရာယ်ရှိတယ်”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ညီနောင်မဟာမိတ်တပ်များက တရုတ်နိုင်ငံကို ယခုကဲ့သို့ တောင်းဆိုတိုက်တွန်းခြင်းသည် အချိန်အခါနှင့် ကိုက်ညီကြောင်း ၎င်းက ပြောဆိုသည်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်မှာ ဖြစ်နေသည့် လက်နက်ကိုင် ပဋိပက္ခနှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တစ်ဘက်သက် တားဆီး ရပ်တန့်ခိုင်းတာ၊ အပြစ်တင်တာတွေ မလုပ်ဘဲနဲ့ စစ်ကောင်စီကိုလည်း အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ လုပ်ဆောင်သင့်ကြောင်း ဦးသန်းစိုးနိုင်က ဆက်ပြောသည်။

“သူ(တရုတ်)ကတော့ ဗမာပြည်ထဲမှာ ကြားနေတယ်။ ငြိမ်းချမ်းရေးပေါ်ဖို့ တောင်းဆိုတယ်။ အဲ့တာတွေ ဆက်လုပ်ပါလိမ့်မယ်။ အဲ့တော့ ဟိုင်ဂင်အစည်းအဝေးလည်း ဖြစ်နိုင်ရင်တော့ သူ့ဘက်က ဖြစ်အောင်တော့ ကြိုးစားမှာပါပဲ။ ဒါပေမယ့် စစ်ကောင်စီဥက္ကဋ္ဌရဲ့ သဘောထားကတော့ စစ်ဆက်တိုက်မယ်၊ ပြန်တိုက်မယ်ဆိုတဲ့ စစ်သံ ညံနေတဲ့ အောက်မှာ ဟိုင်ဂင်ဆွေးနွေးပွဲလည်း ထပ်ပြီးဖြစ်လာမယ်လို့ အကြောင်းမရှိပါဘူး”ဟု တရုတ်နိုင်ငံ၏ သဘောထားနှင့် ပတ်သက်ပြီး ဦးသန်းစိုးနိုင်က ၎င်း၏ သဘောထားအမြင်ကို သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ရှိ အွန်လိုင်ငွေကြေး လိမ်လည်သည့် ကျားဖြန့်လုပ်ငန်းများကို ဖြေရှင်းနိုင်ခဲ့သော်လည်း သျှမ်းပြည်မြောက်ပိုင်းမှတဆင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ရန် ဆန္ဒရှိနေကြောင်း ဆိုသည်။

“ကုန်စည်စီးဆင်းရေး မူဆယ်-မန္တလေး လမ်းကြောင်း ဆိုတာက မန္တလေးကို ဘယ်သူက ဆက်ထိန်းနိုင်မလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေက မန္တလေးကို ထိန်းသိမ်းသွားနိုင်ရင်တော့ မူဆယ်-မန္တလေး လမ်းကြောင်းက ကုန်စည်စီးဆင်းမှုတွေ ပြန်ပြီး ဖြစ်လာနိုင်ပါတယ်”ဟု ဦးသန်းစိုးနိုင်က ဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်မှ စတင်ပြီး ဩဂုတ်လ ပထမပတ်အထိ နှစ်ပတ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် (၄) ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား စုစုပေါင်း (၂၀) နီးပါး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ သိန္နီမြို့နှင့် ကွတ်ခိုင်မြို့ရှိ ဈေးများတွင် လူစည်ကားနေစဉ် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သိန္နီမြို့တွင် အရပ်သား (၁၀) ဦးကျော် သေဆုံးပြီး (၃၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ရှုံးနေသည့် စစ်ကောင်စီတပ်သည် တိုက်ပွဲဇုန်မဟုတ်သည့် မြို့ရွာများရှိ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ အစရှိသည့် လူထုအဆောက်အအုံနှင့် အရပ်သား ပြည်သူလူထုတို့အား တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်တာ ကြီးလေးသော စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်း ညီနောင်မဟာမိတ်တပ်များဘက်က ပြောသည်။

“စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးမကြဲဖို့ကတော့ တရုတ်က စစ်ကောင်စီကို တင်ပြနိုင်တယ်။ ဒါပေမယ့် လက်ခံ လက်မခံနိုင်ကတော့ ပြောလို့မရသေးပါဘူး။ ဟိုင်ဂင်ဆွေးနွေးပွဲတော့ ဖြစ်လာဖို့ ရှိပါတယ်။ စစ်ကောင်စီ ပါဖို့ မပါဖို့ကတော့ ပြောရခက်ပါတယ်။ မပါဖို့တော့ များမယ်လို့ ထင်ရပါတယ်”ဟု သျှမ်းနိုင်ငံရေး သုတေသိ စိုင်းဝမ်းစိုင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အခြားတဘက်တွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သျှမ်းပြည်မြောက်ပိုင်းတွင် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် အခြေအနေမှာ တရုတ်နိုင်ငံ၏ ပယောဂ မကင်းကြောင်း ဩဂုတ်လ ၅ ရက် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

မြန်မာ-တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေများတွင် လက်နက်စက်ရုံများ ထူထောင်နိုင်ရန် ငွေကြေးနှင့် နည်းပညာများကို မည်သည့်နေရာမှ ထောက်ပံ့နေသည်ကို ဆန်းစစ်ရမည်ဟု မင်းအောင်လှိုင်က ၎င်း၏ မိန့်ခွန်းတွင် ပြောဆိုသည်။

ထို့အပြင် သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရှုံးနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်က လားရှိုးအခြေစိုက် ရမခ တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ဆန့်ကျင်ဆန္ဒပြကြရန် ပြည်သူများကိုစေခိုင်းခဲ့သည်။

“စစ်ကောင်စီရဲ့ တရုတ်ပါဝင်မှု စွပ်စွဲချက်က မဆန်းပါဘူး၊ ကိုးကန့်ကို MNDAA ကို အပြစ်ဖို့တာလည်း တရုတ်ကို အပြစ်တင်တာနဲ့ အတူတူပါပဲ။ တရုတ်က စစ်ကောင်စီကို လူသစ်နဲ့ အစားထိုးချင်တယ်၊ ဒါပေမယ့် ဖြစ်မလာတော့ မင်းအောင်လှိုင်ကို တနည်းနည်းနဲ့ ဖြုတ်ချဖို့ လုပ်နေတာလို့ မြင်ပါတယ်”ဟု စိုင်းဝမ်းစိုင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တအာင်း(ပလောင်)တပ်ဖွဲ့ TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ လက်ရှိ သျှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများသည် တရုတ်နိုင်ငံ၏ စစ်ကောင်စီကို အစားထိုးချင်သည့် အစီအစဉ်၏ အစိတ်အပိုင်း တစ်ခုအဖြစ် မြင်ကြောင်း ၎င်းက ဆက်ပြောသည်။

“တကယ်လို့ စစ်ဆင်ရေး ၁၀၂၇ က မြေပြန့်အထိ ဆန့်နိုင်ရင် တရုတ်က တိုင်းရင်းသား EAO နဲ့ NUG တွေနဲ့ပါ ဆက်ဆံရမယ် အပေးအယူ လုပ်ရမယ်။ သေချာတာတခုကတော့ တရုတ်က သူ့ရဲ့ စီးပွားရေးလိုအပ်ချက်ရယ်၊ သူ့ရဲ့ အမျိုးသား အကျိုးစီးပွားရယ်က ဗမာတပြည်လုံးနဲ့ ဆိုင်နေတာမလို့ သျှမ်းပြည်ကွက်ကွက်ကိုပဲ မှန်းဆပြီး စိုးမိုးဖို့လုပ်တာ မဟုတ်တာတော့ သေချာပါတယ်”ဟု တရုတ်နိုင်ငံ၏ ကြားဝင်လာနိုင်မှုနှင့် ပတ်သက်ပြီး စိုင်းဝမ်းစိုင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...