ကျောက်မဲမှာ MNDAA၊ TNLA နဲ့ NUG တို့အစည်းအဝေးလုပ်နေချိန် ပေါင် (၁၀၀၀) ဗုံးကြဲချသဖြင့် ထိခိုက်သေဆုံးမှုများတယ်ဆိုတဲ့ သတင်းအတု

သျှမ်းပြည် ကျောက်မဲမြို့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ ခေါင်းဆောင်၊ တအာင်းတပ်ဖွဲ့ TNLAA ရဲ့ စစ်ဦးစီးချုပ်နဲ့ NUG ကိုယ်စားလှယ်တို့ အထူးအစည်းအဝေးပြုလုပ်နေချိန် စစ်ကောင်စီတပ်က ပေါင် (၁၀၀၀) ဗုံးနဲ့ တည့်တည့်ကြဲချလိုက်တာကြောင့် ထိခိုက်သေဆုံးမှုများတယ်ဆိုပြီး သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် Kyaw Swar ချယ်နယ်ကနေ ဖြန့်ချိခဲ့ပြီး “ MNDAA ကိုးကန့်ခေါင်းဆောင်၊ TNLA ပလောင် စစ်ဦးစီးချုပ်နှင့် NUG ကိုယ်စားလှယ်တို့ ဧည့်ခန်းမဆောင်တွင် ကြိုဆိုရေးအခမ်းအနားစစ်ဆင်ရေး ညှိနှိုင်းကွယ်ကဲမှုအထူးအစည်းအဝေး ပြုလုပ်နေချိန် ည ၉ နာရီတိတိ (၁၀၀၀) ဗုံးကအခမ်းအနား နေရာအလယ်ဗဟိုတည့်တည့်ကျရောက်ပေါက်ကွဲခဲ့” လို့ (မူရင်းအတိုင်း) ရေးသားဖော်ပြထားပါတယ်။

အဆိုပါ သတင်းအတုကို ကြည့်ရှု့သူပေါင်း ၆၉,၀၀၀ ကျော်ရှိပြီး Kyaw Swar ချယ်နယ်အပြင် အခြားဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်မှာလည်း ဖြန့်ဝေထားကြပါတယ်။

မူရင်းလင့်ခ် – https://archive.ph/tjXUk

သတင်း စစ်ဆေးခြင်း

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေနဲ့ အဆိုပါ အကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါမှာ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့်သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

သျှမ်းမြောက်ဒေသတွင်း သတင်းဌာနများနဲ့ လွတ်လပ်တဲ့ သတင်းဌာနများရဲ့ ဖော်ပြချက်အရ ကျောက်မဲမြို့ကို TNLAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားတဲ့ဖြစ်စဉ်မှာ မှန်ကန်ပါတယ်။

သြဂုတ် ၆ ရက်နေ့ ဒေသအတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ ရွှေဖီမြေသတင်းတစ်ပုဒ်မှာ “ကျောက်မဲမြို့ သိမ်းပိုက်နိုင်ခဲ့တဲ့ TNLA နဲ့ ပူးပေါင်းတပ်ကို လူထုတွေ ကြိုဆို” ဆိုတဲ့ သတင်းတစ်ပုဒ်ကိုဖော်ပြထားပါတယ်။

ဆက်စပ်ဖတ်ရှု့ရန် – https://shorturl.at/xiGul

ဒါပေမဲ့ ကျောက်မဲမြို့မှာ တော်လှန်းရေးတပ်ပေါင်းစုတွေ အထူးအစည်းအဝေးပြုလုပ်ချိန် ဗုံးကြဲခံရပြီး သေဆုံးတဲ့ ဖြစ်စဉ်ကိုတော့ ယခုချိန်ထိမတွေ့ရှိရသေးပေ။

ကျောက်မဲမြို့ကို TNLA ထိန်းချုပ်နိုင်ပြီလို့သတင်းထွက်ပေါ်လာတဲ့ တစ်ရက်တည်းမှာဘဲ မြို့တော်မခန်းမကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးတစ်လုံး ညတွင်းချင်းလာရောက် ကြဲသွားတယ်ဆိုပြီး သြဂုတ် ၆ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာပေါ် သတင်းတစ်ခုပျံ့နှံ့ခဲ့ပါသေးတယ်။

ဒါပေမဲ့ အဲ့ဒီသတင်းဟာ မမှန်ကန်ကြောင်း၊ သတင်းအမှားဖြစ်ကြောင်း Visit Kyaukme page တစ်ခုကနေ ဖော်ပြထားသလို လားရှိုးမြို့သတင်းစုံ ဂရုထဲမှာလည်း ဖော်ပြထားပါတယ်။ အောက်ကလင့်ခ့် နှစ်ခုမှာ ဝင်ကြည့်လိုရပါတယ်။

လင့်ခ် (၁) – https://shorturl.at/Uw404
လင့်ခ် (၂) – https://shorturl.at/oop1s

ကျောက်မဲမြို့ဒေသခံ အမျိုးသားတစ်ဦးကလည်း “ ကျောက်မဲမြို့မှာပေါင် ၅၀၀ ဗုံးကျတယ်ဆိုပြီးသတင်းအမှားတွေတင်တာတွေ့ပါတယ်။ ဒါကိုလည်း ပြည်သူတွေ စိုးရိမ်စေခဲ့တယ်ပေါ့။ အဲ့ဒါသတင်းအမှားပါ။ ဒါပေမဲ့ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးတကယ်လာကြဲမှာကိုတော့ စိုးရိမ်တာပေါ့။ ဥပမာ- သိန္နီမြို့ ၊ ကွတ်ခိုင်မြို့တွေမှာ ဗုံးလာကြဲသွားတာပဲလေ။ ကျနော်တို့ပြည်သူတွေတော့ သတိနဲ့နေနေရတာပေါ့” လို့ သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

သြဂုတ် ၅ ရက်၊ ၆ ရက်နဲ့ ၇ ရက်နေ့မှာ ကွတ်ခိုင်နဲ့ သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက် ဖြစ်စဉ်သာ ဖြစ်ပွားခဲ့ပါတယ်။

ဆက်စပ်ဖတ်ရှု့ရန် – https://shorturl.at/ufXVM

သုံးသပ်ချက်

ဒါကြောင့် ကျောက်မဲမှာ MNDAA၊ TNLA နဲ့ NUG တို့အစည်းအဝေးလုပ်နေချိန် ပေါင် (၁၀၀၀) ဗုံးကြဲချသဖြင့် ထိခိုက်သေဆုံးမှုများတယ်ဆိုတဲ့ စစ်ကောင်စီဝါဒဖြန့်တွေရဲ့ ဖြန့်ချိမှုမှာ မှားယွင်းနေပါတယ်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတုသတင်းအမှားများနှင့် ပတ်သက်ပြီး အချက်အလက်စစ်ဆေး မေးမြန်းလိုလျှင် Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်သော သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Box ကနေဆစ်ဆင့်သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

မူကြမ်းကို ကျော်လွန်၍ – စစ်မှန်သောညီညွတ်ရေးကို သင်ယူရမည့် ဗမာခေါင်းဆောင်ပိုင်း

0
မကြာသေးမီက အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် စစ်ကိုင်း၊ မကွေး အပါအဝင် တိုင်းဒေသကြီး အကောင်အထည် ဖော်ရေး ကောင်စီများက “ဘုံနိုင်ငံရေး သဘောတူညီချက်” (CPA) ကို ထုတ်ပြန်ကြေညာခဲ့ခြင်း သည်...