Wednesday, January 28, 2026

ကျောက်မဲမှာ MNDAA၊ TNLA နဲ့ NUG တို့အစည်းအဝေးလုပ်နေချိန် ပေါင် (၁၀၀၀) ဗုံးကြဲချသဖြင့် ထိခိုက်သေဆုံးမှုများတယ်ဆိုတဲ့ သတင်းအတု

သျှမ်းပြည် ကျောက်မဲမြို့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ ခေါင်းဆောင်၊ တအာင်းတပ်ဖွဲ့ TNLAA ရဲ့ စစ်ဦးစီးချုပ်နဲ့ NUG ကိုယ်စားလှယ်တို့ အထူးအစည်းအဝေးပြုလုပ်နေချိန် စစ်ကောင်စီတပ်က ပေါင် (၁၀၀၀) ဗုံးနဲ့ တည့်တည့်ကြဲချလိုက်တာကြောင့် ထိခိုက်သေဆုံးမှုများတယ်ဆိုပြီး သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် Kyaw Swar ချယ်နယ်ကနေ ဖြန့်ချိခဲ့ပြီး “ MNDAA ကိုးကန့်ခေါင်းဆောင်၊ TNLA ပလောင် စစ်ဦးစီးချုပ်နှင့် NUG ကိုယ်စားလှယ်တို့ ဧည့်ခန်းမဆောင်တွင် ကြိုဆိုရေးအခမ်းအနားစစ်ဆင်ရေး ညှိနှိုင်းကွယ်ကဲမှုအထူးအစည်းအဝေး ပြုလုပ်နေချိန် ည ၉ နာရီတိတိ (၁၀၀၀) ဗုံးကအခမ်းအနား နေရာအလယ်ဗဟိုတည့်တည့်ကျရောက်ပေါက်ကွဲခဲ့” လို့ (မူရင်းအတိုင်း) ရေးသားဖော်ပြထားပါတယ်။

အဆိုပါ သတင်းအတုကို ကြည့်ရှု့သူပေါင်း ၆၉,၀၀၀ ကျော်ရှိပြီး Kyaw Swar ချယ်နယ်အပြင် အခြားဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်မှာလည်း ဖြန့်ဝေထားကြပါတယ်။

မူရင်းလင့်ခ် – https://archive.ph/tjXUk

သတင်း စစ်ဆေးခြင်း

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေနဲ့ အဆိုပါ အကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါမှာ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့်သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

သျှမ်းမြောက်ဒေသတွင်း သတင်းဌာနများနဲ့ လွတ်လပ်တဲ့ သတင်းဌာနများရဲ့ ဖော်ပြချက်အရ ကျောက်မဲမြို့ကို TNLAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားတဲ့ဖြစ်စဉ်မှာ မှန်ကန်ပါတယ်။

သြဂုတ် ၆ ရက်နေ့ ဒေသအတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ ရွှေဖီမြေသတင်းတစ်ပုဒ်မှာ “ကျောက်မဲမြို့ သိမ်းပိုက်နိုင်ခဲ့တဲ့ TNLA နဲ့ ပူးပေါင်းတပ်ကို လူထုတွေ ကြိုဆို” ဆိုတဲ့ သတင်းတစ်ပုဒ်ကိုဖော်ပြထားပါတယ်။

ဆက်စပ်ဖတ်ရှု့ရန် – https://shorturl.at/xiGul

ဒါပေမဲ့ ကျောက်မဲမြို့မှာ တော်လှန်းရေးတပ်ပေါင်းစုတွေ အထူးအစည်းအဝေးပြုလုပ်ချိန် ဗုံးကြဲခံရပြီး သေဆုံးတဲ့ ဖြစ်စဉ်ကိုတော့ ယခုချိန်ထိမတွေ့ရှိရသေးပေ။

ကျောက်မဲမြို့ကို TNLA ထိန်းချုပ်နိုင်ပြီလို့သတင်းထွက်ပေါ်လာတဲ့ တစ်ရက်တည်းမှာဘဲ မြို့တော်မခန်းမကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးတစ်လုံး ညတွင်းချင်းလာရောက် ကြဲသွားတယ်ဆိုပြီး သြဂုတ် ၆ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာပေါ် သတင်းတစ်ခုပျံ့နှံ့ခဲ့ပါသေးတယ်။

ဒါပေမဲ့ အဲ့ဒီသတင်းဟာ မမှန်ကန်ကြောင်း၊ သတင်းအမှားဖြစ်ကြောင်း Visit Kyaukme page တစ်ခုကနေ ဖော်ပြထားသလို လားရှိုးမြို့သတင်းစုံ ဂရုထဲမှာလည်း ဖော်ပြထားပါတယ်။ အောက်ကလင့်ခ့် နှစ်ခုမှာ ဝင်ကြည့်လိုရပါတယ်။

လင့်ခ် (၁) – https://shorturl.at/Uw404
လင့်ခ် (၂) – https://shorturl.at/oop1s

ကျောက်မဲမြို့ဒေသခံ အမျိုးသားတစ်ဦးကလည်း “ ကျောက်မဲမြို့မှာပေါင် ၅၀၀ ဗုံးကျတယ်ဆိုပြီးသတင်းအမှားတွေတင်တာတွေ့ပါတယ်။ ဒါကိုလည်း ပြည်သူတွေ စိုးရိမ်စေခဲ့တယ်ပေါ့။ အဲ့ဒါသတင်းအမှားပါ။ ဒါပေမဲ့ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးတကယ်လာကြဲမှာကိုတော့ စိုးရိမ်တာပေါ့။ ဥပမာ- သိန္နီမြို့ ၊ ကွတ်ခိုင်မြို့တွေမှာ ဗုံးလာကြဲသွားတာပဲလေ။ ကျနော်တို့ပြည်သူတွေတော့ သတိနဲ့နေနေရတာပေါ့” လို့ သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

သြဂုတ် ၅ ရက်၊ ၆ ရက်နဲ့ ၇ ရက်နေ့မှာ ကွတ်ခိုင်နဲ့ သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက် ဖြစ်စဉ်သာ ဖြစ်ပွားခဲ့ပါတယ်။

ဆက်စပ်ဖတ်ရှု့ရန် – https://shorturl.at/ufXVM

သုံးသပ်ချက်

ဒါကြောင့် ကျောက်မဲမှာ MNDAA၊ TNLA နဲ့ NUG တို့အစည်းအဝေးလုပ်နေချိန် ပေါင် (၁၀၀၀) ဗုံးကြဲချသဖြင့် ထိခိုက်သေဆုံးမှုများတယ်ဆိုတဲ့ စစ်ကောင်စီဝါဒဖြန့်တွေရဲ့ ဖြန့်ချိမှုမှာ မှားယွင်းနေပါတယ်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတုသတင်းအမှားများနှင့် ပတ်သက်ပြီး အချက်အလက်စစ်ဆေး မေးမြန်းလိုလျှင် Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်သော သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Box ကနေဆစ်ဆင့်သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက ပြဿနာရှာ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီးဟု စစ်တပ်ထောက်ခံသူများ ဝါဒဖြန့်

0
ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီး နေရကြောင်းဆိုကာ Ba Kaung အမည်ရှိ လူမှုကွန်ရက်စာမျက်နှာ အကောင့်တစ်ခုမှ ဇန်နဝါရီလ ၁၇ ရက်တွင် ရေးသားဖြန့်ဝေခဲ့သည်။ ထို့အပြင် ငြိမ်းချမ်းစွာနေလိုသည့် မြန်မာများက တော်လှန်ရေးထောက်ခံသူများကို လက်မခံဘဲ ထိုင်းရဲများထံသို့ တိုင်းကြားသတင်းပေး ကြရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...