လားရှိုး လက်နက်ချအညံ့ခံသည့် တပ်မိသားစု (၁၀၀၀) နီးပါးကို MNDAA ခရီးစရိတ် ၅၀၀၀၀ ကျပ်စီ ပေးပြီးပြန်လွှတ်

သျှမ်းပြည်မြောက်ပိုင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် လက်နက်ချ အညံ့ခံသည့် ရမခ တပ်မိသားစု (၁၀၀၀) နီးပါးကို ခရီးစရိတ် (၅၀၀၀၀) ကျပ်စီ ပေးပြီး ပြန်လွှတ်ပေးလိုက်ကြောင်း ဩဂုတ်လ ၇ ရက်နေ့က သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၆ ရက်နေ့တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရခမ မှ ဖမ်းဆီးရမိသော စစ်သုံ့ပန်း မိသားစုဝင် ၃၈၅ ဦးကို လွှတ်ပေးပြီးနောက် ယမန်နေ့ (ဩဂုတ်လ ၇ ရက်) တွင် စစ်သုံ့ပန်း မိသားစုဝင် ၄၄၅ ဦးတို့ကို MNDAA နိုင်ငံရေးဌာန ရှေ့တန်းလုပ်ငန်းအဖွဲ့မှ အိမ်ထောင်စု တစ်စုစီအတွက် ခရီးစရိတ် ငွေကျပ် (၅၀၀၀၀) ကျပ်ပေး၍
နေရပ်သို့ ပြန်နိုင်ရန် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ၏ စစ်သုံ့ပန်းများအား ဆက်ဆံရေးမူဝါဒကို အကောင်အထည် ဖော်ခြင်းအဖြစ် ၂၀၂၃ ခုနှစ် “၁၀၂၇ စစ်ဆင်ရေး”အတွင်း လက်နက်ချခဲ့သော စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များအား ခရီးစရိတ်ပေးပြီး ဘေးကင်းရာသို့ ရောက်ရှိနိုင်ရန် ယာဉ်များကိုပါ စီစဉ်ပေးခဲ့ကြောင်း ကိုးကန့်မီဒီယာတွင် ဖော်ပြထားသည်။

သို့သော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ကိုးကန့်တပ် MNDAA ကို ၎င်း၏ မိန့်ခွန်းတွင် ရှုတ်ချပြောဆိုခဲ့ပြီး ကိုးကန့်တပ်သည် စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များကို ဖမ်းဆီကာ ကြမ်းတမ်းစွာ ဆက်ဆံခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့ပြီး လိမ်ညာမှုများသည် နောက်ဆုံးတွင် အဖြေမှန် ပေါ်လာလိမ့်မည်ဟုလည်း MNDAA ဘက်က ပြောသည်။

လားရှိုးမြို့အခြေစိုက် ရမခ တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက်သိမ်းပိုက်စဉ် ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်း မိသားစုဝင် ၁၀၀၀ ခန့်ကို MNDAA နှင့် PDF ပူးပေါင်းတပ်က ပြန်လည်လွှတ်ပေးခဲ့ရာ ‘ဝ’တပ်ဖွဲ့ UWSA နှင့် သျှမ်းတပ် SSPP/SSA တို့က တဆင့်ကူညီ သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် နှစ်ဆန်းပိုင်း ဇန်နဝါရီလ ၄ ရက်တွင်လည်း လောက်ကိုင်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တပ် လက်နက်ချခဲ့ရာ စစ်ကောင်စီတပ်သား ၂၁၀၀ ကျော်နှင့် မိသားစု၀င် ၁၆၀၀ ကျော်၊ စုစုပေါင်း လူ ၄၀၀၀ နီးပါးကို ကိုးကန့်တပ်ဖွဲ့ MNDAA က လားရှိုးနှင့် ကျိုင်းတုံဘက် ပြန်ပို့ပေးခဲ့သည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...