လားရှိုးမြို့ အရပ်သားနေအိမ် ပြန်လာနေထိုင်ရန် MNDAA ပြော၊ လေကြောင်းစိုးရိမ်မှုနေရသေး

သျှမ်းပြည် လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူများကို မိမိနေအိမ်သို့ ပြန်လာနေထိုင်ရန် ပြောဆိုနေသော်လည်း လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် ဒေသခံများ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။

လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ရမခကို ဩဂုတ်လ ၃ ရက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူများကို မိမိနေအိမ်သို့ ပြန်လာနေထိုင်ရန် MNDAA က ပြောဆိုနေကြောင်း  လားရှိုးဒေသခံများက ပြောသည်။

“ကိုးကန့်တပ်က ပြန်ခေါ်တော့ မြို့ထဲ ၄ ပုံ ၁ ပုံလောက် ပြန်လာနေကြပြီလို့ ပြောရမလား။ ရပ်ကွက် (၉)၊ (၁၀)၊ (၁၂) ဘက်တွေက ရမခ တိုင်းရုံးနဲ့ နီးတော့ လုံခြုံမှု မရှိလို့ အားလုံးက ထွက်ပြေးရတယ်၊ အိမ်စောင့်လည်း မကျန်ဘူး။ အခုကတော့ နည်းနည်းငြိမ်နေတယ် သူခိုးကတော့ ရပ်ကွက်တိုင်း ရှိနေတာ”ဟု လားရှိုးမြို့သို့ နေရပ်ပြန်သွားသည့် ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – လားရှိုးမြို့ မန်ဆူသျှမ်းကျောင်းတွင် MNDAA က အရပ်သားများကို ဆန်ပေးဝေနေစဉ်

အလားတူ လားရှိုးမြို့ရှိ ဗုံးဆံထိမှန်ပြီး လုံးဝ နေထိုင်မရတော့သည့် နေအိမ်များကိုလည်း MNDAA ထံ အိမ်ထောင်စု၊ မှတ်ပုံတင်နှင့်အတူ သက်သေများနှင့်တကွ စာရင်းပေးသွင်းရန်လည်း ပြောဆိုထားပြီး ပြန်လည်ထူထောင်ရေးအတွက် မည်ကဲ့သို့ တာဝန်ယူမည်ကို မသိရှိရသေးကြောင်း ဒေသခံများထံမှ သိရသည်။

“နေအိမ်ပြန်နေဖို့ ဖိတ်ခေါ်တာကတော့ ကောင်းပါတယ်၊ ဒါပေမယ့် မေးချင်တာက ပြည်သူတွေကို တကယ်လုံခြုံရေး ပေးနိုင်လားဆိုတာ။ အခုက စစ်ပွဲ တကယ်ပြီးသေးတာ မဟုတ်ဘူး။ သိန္နီတို့ လောက်ကိုင်တို့လို လေယာဉ်နဲ့ ဗုံးထပ်လာကြဲရင် ကျမတို့ကို တာဝန်ယူပေးနိုင်မလား၊ လုံခြုံရေး အာမခံပေးနိုင်လားဆိုတာ MNDAA ကို မေးချင်တယ်”ဟု လားရှိုးမြို့မှ ၎င်းဒေသခံ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် လားရှိုးမြို့ အုပ်ချုပ်ရေးကို ကိုးကန့်တပ်ဖွဲ့ MNDAA က လွှဲယူလိုက်ကြောင်း ကြေညာထားပြီး ‘ဝ’တပ်ဖွဲ့ UWSA ကလည်း ၎င်းတို့၏ ‘ဝ’ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်ဟုဆိုကာ လားရှိုးမြို့ပေါ် ‘ဝ’တပ်ဖွဲ့ လုံခြုံရေးအဖွဲ့ဝင်များ နေရာယူထားသော်လည်း စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှု အန္တရာယ် စိုးရိမ်မှုကြောင့် ဒေသခံများ နေရပ် မပြန်ရဲသေးကြောင်း ဒေသခံများထံမှ သိရသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ထံ ဆုံးရှုံးလိုက်ရသည့် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်၏ ရမခ တိုင်းမှူးသစ်အဖြစ် တပ်မတော်လေ့ကျင့်ရေးရုံးမှ ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထပ်မံခန့်အပ်ခဲ့ပြီး သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့တွင် အထိုင်ချပြီး တပ်ပြန်လည်စုဖွဲ့မည်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ယမန်နေ့ (ဩဂုတ်လ ၁၂ ရက်) တွင် သျှမ်းသံတော်ဆင့်ကို ပြောဆိုထားသည်။

ပုံစာ – လားရှိုးမြို့ မန်ဆူသျှမ်းကျောင်းတွင် MNDAA က အရပ်သားများကို ဆန်ပေးဝေနေစဉ်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...