လားရှိုး တိုက်ပွဲ ဒဏ်ရာရ စစ်သုံ့ပန်း ၄၅ ဦး အပါအဝင် စစ်တပ်မိသားစုများ ကိုးကန့်တပ် ထပ်လွှတ်ပေး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ တိုက်ပွဲများ အတွင်း ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများ အနက် ဒဏ်ရာရထားသည့် စစ်သား ၄၅ ဦးနှင့် စစ်တပ် မိသားစုဝင် ၂၈၆ ဦး၊ စုစုပေါင်း ၃၃၁ ဦးကို ယမန်နေ့ ကိုးကန့်တပ်-MNDAA က ထပ်မံ လွှတ်ပေးခဲ့ကြောင်း သတင်းရင်းမြစ်က ယနေ့ (ဩဂုတ်လ ၁၂ ရက်) တွင် ပြောသည်။

လားရှိုးမြို့ ရမခ တိုက်ပွဲများ အတွင်း ဖမ်းဆီးရမိထားသည့် ကလေး၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အို အများစု ပါဝင်သည့် စစ်တပ် မိသားစုများကို ကိုးကန့်တပ်က ပြန်လွှတ်ပေးနေရာ ယခု (၅) ကြိမ်မြောက်တွင် ဒဏ်ရာရ စစ်သုံ့ပန်း ၄၅ ဦးကိုပါ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီ စစ်သုံ့ပန်း

“အခုပြန်လွှတ်ပေးတာ (၅) ကြိမ်မြောက်ပေါ့။ ဒဏ်ရာရထားတဲ့ စစ်သုံ့ပန်း ၄၅ ဦးနဲ့ဆို အားလုံး ၁၈၀၇ ဦးရှိပြီ ပြန်လွှတ်တာ” ဟု သတင်းရင်းမြစ်က ဆိုသည်။

ယင်းကဲ့သို့ ပြန်လွှတ်ပေးရာတွင် အဆင်ပြေစေရေး သျှမ်းတော်လှန်ရေးတပ် SSPP က ကူညီပေးနေကြောင်း သိရသော်လည်း မည်သို့လက်ခံ နေရာချထားသည်ကို စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့က လားရှိုး ရမခ ကို သိမ်းပိုက်ပြီးနောက် ဖမ်းဆီးရမိသည့် စစ်တပ် မိသားစုဝင် များကို ကိုးကန့်တပ်က ပြန်လွှတ်ပေးလျက်ရှိရာ ဩဂုတ်လ ၆ ရက်နေ့တွင် ၃၈၅ ဦး၊ ၇ ရက်နေ့တွင် ၄၄၅ ဦး၊ ၈ ရက်နေ့တွင် ၃၀၈ ဦး၊ ၉ ရက်နေ့တွင် ၃၃၈ ဦးနှင့် ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့တွင် ဒဏ်ရာက စစ်သား ၄၅ ဦး အပါအဝင် ၃၃၁ ဦး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

သိန္နီမြို့တွင် ဆိုင်ကယ်၊ မီးကြိုးခိုးသူနှင့် မူးယစ်ဆေးရောင်းဝယ်သူများကို လူထုရှေ့ ပြစ်ဒဏ်ပေး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဖမ်းဆီးရမိထားသည့် ရာဇဝတ်မှုကျူးလွန်သူ ၅ ဦးကို လူထုရှေ့တွင် လှည့်လည်လမ်းလျှောက်ခိုင်းကာ ပြသခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ၉ ရက် နံနက် ၈ နာရီဝန်းကျင်တွင် MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့၌ ခိုးမှုနှင့် မူးယစ်ဆေးရောင်းဝယ်မှု...

လားရှိုးတွင် မူးယစ်ဆေးဝါးအကြောင်းပြပြီး MNDAA ဖမ်းဆီးသွားသည့်လူငယ်(၇၀)ကျော် ပြန်မလွတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မူးယစ်ဆေးဝါးအကြောင်းပြကာ လူငယ်အမျိုးသား (၇၀) ယောက်ကျော်ကို ဖမ်းဆီးသွားခဲ့ပြီးနောက် သုံးပတ်ကျော် ကြာသည်အထိ ပြန်မလွတ်ပေးသေးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သွားလာလှုပ်ရှားနေသည့် ၁၂ မိုင်၊ ၁၃ မိုင်၊ အီနိုင်းနှင့် မန်တောင်းကျေးရွာများတွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...