Tuesday, January 27, 2026

နိုင်ငံခြားရုပ်အလောင်းပုံတွေသုံးပြီး MNDAA နဲ့ TNLA တပ်ဖွဲ့ဝင် အလောင်းတွေ ကောက်လို့မပြီးသေးဟု သတင်းအတုဖြန့်

ဂါဇာကမ်းမြောင်က အစ္စရေးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ လူရုပ်အလောင်းဓာတ်ပုံကိုအသုံးပြုပြီး ကိုးကန့်တပ်ဖွဲ့MNDAA နဲ့ တအာင်းတပ်ဖွဲ့ TNLA အလောင်းတွေလို့ မပြီးသေးဟု ဖြန့်ချိနေပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ် Aung Min ချယ်နယ်က ဖြန့်ချိခဲ့ပြီး “ကိုးကန့်နဲ့ ပလောင် (တအာင်း) အလောင်းတွေကိုကောက်လို့မပြီးသေးဘူး။ AA နဲ့ ချင်းတွေက “မင်းတပ်” မှာ အလောင်းတွေ လာထားဖို့ပြင် နေပြီဆိုဘဲ။ “မတူပီ” ကိုလာတိုက်တုန်းက မင်းတို့အလောင်းတွေ ဘယ်လောက်ချန်ထားခဲ့ရတယ်ဆိုတာ မင်းတို့အသိဆုံးဖြစ်လိမ့်မယ်” လို့ (မူရင်း)​ရေးသားဖော်ပြထားပါတယ်။

အဆိုပါ သတင်းအတုကို ကြည့်ရှုသူပေါင်း ၁,၀၀၀ ကျော်ရှိပြီး တခြားစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်မှာလည်း ဖြန့်ဝေထားကြပါတယ်။

မူရင်းလင့်ခ် – https://archive.ph/Nsxkg

Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူတွေအနေနဲ့ အဆိုပါအကြောင်းအရာတွေကို စစ်ဆေးကြည့်တဲ့အခါ ဓာတ်ပုံကို ဖြတ်ညှပ်ကတ်လုပ်ပြီး လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့်သတင်းအတု ဖြစ်နေတာကိုတွေ့ရပါတယ်။

သတင်းအမှားဖြန့်သူတွေ ဖော်ပြထားတဲ့ စာလာအိတ်အပြာနဲ့ထုပ်ထားတဲ့ ရုပ်အလောင်းဓာတ်ပုံကို RevEye Reverse Image Search နဲ့ စစ်ဆေးကြည့်ခဲ့ပါတယ်။

အဲ့ဒီဓာတ်ပုံဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ အစ္စရေးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးသွား သော ပါလက်စတိုင်းသားတွေရဲ့ ရုပ်အလောင်း ရုပ်ပုံတွေသာ ဖြစ်ပါတယ်။

၂၀၂၄ ဧပြီ ၆ ရက်နေ့က VOA သတင်းဌာနကနေ အင်္ဂလိပ်စာဘာသာနဲ့ ဖော်ပြထားတဲ့သတင်းတစ်ပုဒ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

သတင်းလင့်ခ် – https://rb.gy/tr2m5t

ဒေသတွင်း သတင်းဌာနနဲ့ လွတ်လပ်တဲ့ သတင်းဌာနများရဲ့ ဖော်ပြချက်အရ သျှမ်းပြည်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီးအသေအပျောက်များနေတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၄ ဩဂုတ် ၁ ရက်နေ့က The Irrwaddy-Burmese Edition သတင်းဌာန ဖော်ပြချက်အရ “လားရှိုးမြို့ထဲမှာ ရုပ်အလောင်းတွေမကောက်နိုင်ဘဲ ဖြစ်နေ (ရုပ်/သံ)” သတင်းအပြည့်အစုံကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

လင့်ခ် – https://rb.gy/hg0do3

၂၀၂၄ ဇူလိုင် ၃၁ ရက်နေ့က သျှမ်းသံတော်ဆင့်ကနေ ဖော်ပြထားတဲ့သတင်းတစ်ပုဒ်မှာလည်း လားရှိုးသို့ စစ်အင်အားဖြည့်လာတဲ့စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA ကကြားဖြတ်တိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မူရင်းလင့်ခ် – https://shorturl.at/kJN1U

သုံးသပ်ချက်

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် Aung Min ချယ်နယ်က မတူညီတဲ့နေရာက ဓာတ်ပုံတွေပို ပြုပြင် အသုံးပြုပြီး ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ တအာင်းတပ်ဖွဲ့ TNLA အလောင်းတွေကောက်လို့ မပြီးသေးဘူးဆိုပြီး ဖြန့်ထားခြင်းသာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကလည်း မှိုင်းဝေတယ်လီဂရမ်ချယ်နယ်က ခလရ ၆၈ တပ်က သေဆုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါတဲ့ ဗီဒီယိုကို MNDAA တပ်ဖွဲ့ဝင်တွေ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးတယ်ဆိုပြီး သတင်းအမှားတစ်ပုဒ်ကို Delta News Agency က စီစစ်ခဲ့ပါတယ်။

လင့်ခ့် – https://shorturl.at/7R8UY

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network (MFCN) အဖွဲ့ဝင်ဖြစ်သည့် သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ်(သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – Link

Fb – Link

#FactCheck #MFCN

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...