Tuesday, January 27, 2026

ညီနောင်မဟာမိတ် က ရမခ တိုင်းမှူး လက်နက်ချရန် ကမ်းလှမ်းပြီးနောက် မူဆယ်မြို့ သေနတ်သံစကြားရ

တရုတ် – မြန်မာ နယ်စပ် မူဆယ်မြို့သို့ ရောက်ရှိနေသော လားရှိုး ရမခ တိုင်းမှူးကို ညီနောင်မဟာမိတ်တပ်မှ လက်နက်ချရန် ကမ်းလှမ်း ပြီးနောက် သေနက်သံများ စတင်ထွက်ပေါ်လာကြောင်း သတင်းရရှိသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ရမခ ဗိုလ်မှူးချုပ်စိုးလှိုင်ကို တွင် ညီနောင် မဟာမိတ်တပ်မှ လက်နက်ချရန် ကမ်းလှမ်းခဲ့သည့်သတင်းသည် ယမန်နေ့တွင် ထွက်ပေါ်ခဲ့ကြောင်း စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo by SHAN- မြန်မာတရုတ်နယ်စပ် မူဆယ်မြို့ နယ်ခြားဂိတ်တွင်လူများစည်ကား

ထိုထွက်ပေါ်လာပြီးနောက် တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့တွင် ယမန်နေ့ (သြဂုတ်လ ၈ ရက်) ည ၉နာရီ ဝန်းကျင် စစ်ကောင်စီ၏ တပ်စခန်း ရမခ ၉၉ အနီးတွင် လက်နက်ပစ်ခံသံများကြား နေရပြီး ပြည်သူလူထုများ တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေကြောင်း မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မူဆယ်မှာက တိုက်ပွဲမတော့ မဖြစ်သေးဘူး။မနေ့ညက စစ်ကောင်စီကတော့ လျှောက်ပစ်နေတယ်။ဘာကြောင့်လည်းဆို တာသိရသေးဘူး။ အခုတော့ ငြိမ်နေတယ်။ ဒေသခံတွေကတော့ စိုးရိမ်တာပေါ့။ ”ဟု မူဆယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မူဆယ်မြို့ တိုက်ပွဲ မဖြစ်ဖို့အရေးသည် လားရှိုး ရမခ တိုင်းမှူးသစ် ဗိုလ်မှူးချုပ်စိုးလှိုင် ၏ အဖြေပေါ်မူတည် နေကြောင်း လည်း စစ်ရေး သတင်းအရင်းမြစ်က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အခု ထိတော့ တိုင်းမှူး ကအကြောင်းမပြန်သေးဘူး။ သူ့အဖေပေါ်မူတည်တယ်။ သူက လက်နက်ချရင်တော့ မူဆယ်မြို့က စစ်ရေးမဖြစ်ဘူး လွှတ်သွားမယ်” ဟု ၎င်းက ဆိုသည်။

လားရှိုးမြို့ရှိ ကိုးကန့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ရမခကို ပူးပေါင်းတပ် တိုက်ခိုက်နေစဥ် ယင်းကာလ တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်စိုးတင့်သည် ဖြုတ်ချ ခံခဲ့ရပြီး မူဆယ်၌ အထိုင်ချထားသည့် တပ်မ (၉၉) တပ်မမှူး ဗိုလ်မှူးချုပ်စိုးလှိုင် (DSA- 42) ကို အစားထိုး ခန့်အပ်ခဲ့သည်။

မူဆယ်မြို့တွင်း စစ်ရေး ဖြစ်ပေါ်လာပါက ပြည်သူများအနေဖြင့် အဖက်ဖက် စိုးရိမ်ပူပန်နေကြကြောင်း၊ ယခင် လားရှိုး၊ နမ္မတူ၊ နမ့်ခမ်းနှင့် အခြားဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူအများစုသည် မူဆယ်မြို့ဘက်သို့ ရွှေ့ပြောင်းလာနေထိုင်ကြသည်။

မူဆယ်မြို့သည် တရုတ်နိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သော်လည်း အရေးအကြောင်း ဖြစ်ပေါ်လာပါက တရုတ်ဘက်သို့ ဝင်ရောက် စစ်ရှောင်ရန် ခက်ခဲနေကြောင်း ဒေသခံများကပြောသည်။

တရုတ်နိုင်ငံဘက်မှ ကိုဗစ် – ၁၉ ကူးစက်ရောဂါကြောင့် တရုတ် – မြန်မာ နိုင်ငံထိစပ်နေတဲ့ နယ်စပ်မျဉ်းများကို ခြံစည်းရိုးခတ်လိုက်ပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲများဖြစ်ပွားလျှင် နယ်စပ်ဒေသတွင် နေထိုင်သော ဒေသခံများအတွက် ထွက်ပြေးတိမ်းရှောင်ရန် ခက်ခဲနိုင်ကြောင်း မူဆယ်မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း ကာလ မူဆယ်မြို့ ပတ်ပတ်လည်ရှိ ဒေသ အားလုံးကို ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် KIA က သိမ်းပိုက်ထားသဖြင့် လက်ရှိ စစ်ကောင်စီ ထိန်းချုပ်ထားသည့် မူဆယ်ကို မဟာမိတ်တပ်များ တိုက်ခိုက် သိမ်းပိုက်ရန် လွယ်ကူသည့် အနေအထား ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...

လားရှိုး-မိုင်းရယ်တွင် ရွေးကောက်ပွဲနောက်ပိုင်း ဒေသခံများကို MNDAA အခွန်ဆောင်ခိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များကို ၂၀၂၆ နှစ်ဆန်းပိုင်းမှ စတင်ပြီး တစ်လချင်း အခွန်ပေးဆောင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...