ညီနောင်မဟာမိတ် က ရမခ တိုင်းမှူး လက်နက်ချရန် ကမ်းလှမ်းပြီးနောက် မူဆယ်မြို့ သေနတ်သံစကြားရ

တရုတ် – မြန်မာ နယ်စပ် မူဆယ်မြို့သို့ ရောက်ရှိနေသော လားရှိုး ရမခ တိုင်းမှူးကို ညီနောင်မဟာမိတ်တပ်မှ လက်နက်ချရန် ကမ်းလှမ်း ပြီးနောက် သေနက်သံများ စတင်ထွက်ပေါ်လာကြောင်း သတင်းရရှိသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ရမခ ဗိုလ်မှူးချုပ်စိုးလှိုင်ကို တွင် ညီနောင် မဟာမိတ်တပ်မှ လက်နက်ချရန် ကမ်းလှမ်းခဲ့သည့်သတင်းသည် ယမန်နေ့တွင် ထွက်ပေါ်ခဲ့ကြောင်း စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo by SHAN- မြန်မာတရုတ်နယ်စပ် မူဆယ်မြို့ နယ်ခြားဂိတ်တွင်လူများစည်ကား

ထိုထွက်ပေါ်လာပြီးနောက် တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့တွင် ယမန်နေ့ (သြဂုတ်လ ၈ ရက်) ည ၉နာရီ ဝန်းကျင် စစ်ကောင်စီ၏ တပ်စခန်း ရမခ ၉၉ အနီးတွင် လက်နက်ပစ်ခံသံများကြား နေရပြီး ပြည်သူလူထုများ တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေကြောင်း မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မူဆယ်မှာက တိုက်ပွဲမတော့ မဖြစ်သေးဘူး။မနေ့ညက စစ်ကောင်စီကတော့ လျှောက်ပစ်နေတယ်။ဘာကြောင့်လည်းဆို တာသိရသေးဘူး။ အခုတော့ ငြိမ်နေတယ်။ ဒေသခံတွေကတော့ စိုးရိမ်တာပေါ့။ ”ဟု မူဆယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မူဆယ်မြို့ တိုက်ပွဲ မဖြစ်ဖို့အရေးသည် လားရှိုး ရမခ တိုင်းမှူးသစ် ဗိုလ်မှူးချုပ်စိုးလှိုင် ၏ အဖြေပေါ်မူတည် နေကြောင်း လည်း စစ်ရေး သတင်းအရင်းမြစ်က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အခု ထိတော့ တိုင်းမှူး ကအကြောင်းမပြန်သေးဘူး။ သူ့အဖေပေါ်မူတည်တယ်။ သူက လက်နက်ချရင်တော့ မူဆယ်မြို့က စစ်ရေးမဖြစ်ဘူး လွှတ်သွားမယ်” ဟု ၎င်းက ဆိုသည်။

လားရှိုးမြို့ရှိ ကိုးကန့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ရမခကို ပူးပေါင်းတပ် တိုက်ခိုက်နေစဥ် ယင်းကာလ တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်စိုးတင့်သည် ဖြုတ်ချ ခံခဲ့ရပြီး မူဆယ်၌ အထိုင်ချထားသည့် တပ်မ (၉၉) တပ်မမှူး ဗိုလ်မှူးချုပ်စိုးလှိုင် (DSA- 42) ကို အစားထိုး ခန့်အပ်ခဲ့သည်။

မူဆယ်မြို့တွင်း စစ်ရေး ဖြစ်ပေါ်လာပါက ပြည်သူများအနေဖြင့် အဖက်ဖက် စိုးရိမ်ပူပန်နေကြကြောင်း၊ ယခင် လားရှိုး၊ နမ္မတူ၊ နမ့်ခမ်းနှင့် အခြားဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူအများစုသည် မူဆယ်မြို့ဘက်သို့ ရွှေ့ပြောင်းလာနေထိုင်ကြသည်။

မူဆယ်မြို့သည် တရုတ်နိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သော်လည်း အရေးအကြောင်း ဖြစ်ပေါ်လာပါက တရုတ်ဘက်သို့ ဝင်ရောက် စစ်ရှောင်ရန် ခက်ခဲနေကြောင်း ဒေသခံများကပြောသည်။

တရုတ်နိုင်ငံဘက်မှ ကိုဗစ် – ၁၉ ကူးစက်ရောဂါကြောင့် တရုတ် – မြန်မာ နိုင်ငံထိစပ်နေတဲ့ နယ်စပ်မျဉ်းများကို ခြံစည်းရိုးခတ်လိုက်ပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲများဖြစ်ပွားလျှင် နယ်စပ်ဒေသတွင် နေထိုင်သော ဒေသခံများအတွက် ထွက်ပြေးတိမ်းရှောင်ရန် ခက်ခဲနိုင်ကြောင်း မူဆယ်မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း ကာလ မူဆယ်မြို့ ပတ်ပတ်လည်ရှိ ဒေသ အားလုံးကို ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် KIA က သိမ်းပိုက်ထားသဖြင့် လက်ရှိ စစ်ကောင်စီ ထိန်းချုပ်ထားသည့် မူဆယ်ကို မဟာမိတ်တပ်များ တိုက်ခိုက် သိမ်းပိုက်ရန် လွယ်ကူသည့် အနေအထား ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...