လားရှိုးမြို့ ပြည်သူများ နေအိမ်ဖောက်ထွင်းမှု၊ သူခိုးရန် စိုးရိမ် နေရပ်ပြန်နေကြ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ရှိ ပြည်သူများ အချို့သည် နေအိမ်ဖောက်ထွင်းခံရခြင်း၊ သူခိုးရန် ကို စိုးရိမ်သဖြင့် နေရပ်ပြန်ကြကြောင်း သတင်းရရှိသည်။

လွန်ခဲ့သည့် သြဂုတ်လ ၃ရက် တွင် လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခကို ကိုးကန့်တပ်ဖွဲ့ MNDAA က အလုံးစုံ သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် တိုက်ပွဲများ မရှိတော့သဖြင့် အနယ်နယ် အရပ်ရပ်သို့ထွက်ပြေးတိမ်းရှောင်ခဲ့သော စစ်ဘေးရှောင်များသည် မိမိနေအိမ်ဖောက်ထွင်းခံရခြင်း၊ သူခိုးရန်ကို စိုးရိမ်သဖြင့် အိမ်စောင့်ရန် အချို့ နေအိမ်ပြန်ကြကြောင်း လားရှိုးမြို့ဒေသခံ အမျိုးသားတစ်ဦး ကသျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြန်တော့ အိမ်တွေပြန်ကြည့်နေကြပါတယ်။ အများကြီးတော့ မပြန်မလာသေးဘူး။ အိမ်စောင့်ဖို့ အိမ်ကြည့်ဖို့ လောက်ပဲ ဝင်ကြသေးတယ်။တချို့ ကလည်း ပစ္စည်းတွေ သိမ်းပြီး ပြန်ထွက်တာပေါ့။အဓိကတော့ ပြန်လာ ကြည့်ကြတာကတော့ သူခိုးရန်ကို ကြောက်နေရလို့ပေါ့။ လောလောဆယ်တော့ အိမ်ပြန်ကြည့်တာလောက်ပဲ ကောင်းတယ်”ဟု လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦကပြောသည်။

လားရှိုးနေအိမ်အပျက်အစီး

လက်ရှိ လားရှိုးမြို့ပေါ်တွင် တိုက်ပွဲများ ငြိမ်သက်နေပြီး နံနက်ပိုင်းတွင် ဈေးများပြန်ရောင်းချနေကြောင်း၊ အချို့ ဒေသခံများ ပုံမှန်သွားလာနေပါသော်လည်း ဒေသခံများ လေကြောင်းမှ ဗုံးကြဲ ချမည်ကိုစိုးရိမ်နေရကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦက ဆက်ပြောသည်။

“သိပ်ပြီးတော့ လုံခြုံရေးအတွင်လည်း အာမခံမှုမရှိဘူး။ ခုလောလောဆယ်တော့ သန့်ရှင်းရေးတွေ ဝိုင်းလုပ်နေကြတယ်။သိမ်းနေကြတယ်။နေတာတော့ အရမ်းကြီးမနေရဲဘူး လေကြောင်းကနေဗုံးကြဲမှာကိုပဲ စိုးရိမ်နေကြရတာ။” လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦက ပြောသည်။

လားရှိုးမြို့အတွင်းကို ၁၃ မျဉ်းစောင်း လရန နိုင်ငံသားစိစစ်ရေး မှတ်ပုံတင် ကိုင်ဆောင်ထားသူ မဟုတ်လည်း ပြန်လည် ဝင်ရောက်နိုင်ကြောင်း ဒေသခံများကပြောသည်။

လက်ရှိ လားရှိုးမြို့ပေါ်တွင် နှစ်ဘက်တိုက်ပွဲများကြား အရပ်သားများ ထိခိုက်သေဆုံးမှုများ ရှိနေပြီး မြို့တွင်းတွင် ရုပ်အလောင်းများ မကောက်နိုင်အောင် ရှိနေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းပစ်ခတ် တိုက်ခိုက်နေခြင်းအပေါ် တရုတ်နိုင်ငံမှ တားဆီးဟန့်တားပေးရန် ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့ (ဩဂုတ်လ ၆ ရက်) တွင် တောင်းဆိုလိုက်သည်။

ထို့နောက် ရတရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းသည် နေပြည်တော်သို့ ယမန်နေ့ (သြဂုတ်၈)ရက်တွင် ရောက်ရှိခဲ့ပြီး စစ်အာဏာသိမ်းခေါင်းဆောင်နှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယမန်နေ့ (ဩဂုတ်လ ၇ ရက်) တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့သို့ ‘ဝ’တပ်ဖွဲ့ UWSA မှ တန့်ယန်း-မိုင်းရယ်ဘက်မှတဆင့် ကားကြီးများဖြင့် စစ်အင်အား အများအပြား ထပ်မံဖြည့်တင်းလာကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက် လားရှိုး ရမခ အလုံးစုံ သိမ်းပိုက်မှုအတွင်း စစ်သည်နှင့် မိသားစု ၄၇၀၀ ကျော် အလံဖြူထောင် လက်နက်ချခဲ့ပြီး ထိပ်တန်း စစ်အရာရှိ ၃ ဦးကို ကိုးကန့်တပ်ဘက်က ဖမ်းမိထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...