စစ်ကောင်စီ တိုက်လေယာဉ်များမှ လားရှိုးစစ်ဆေးရုံအား တိုက်ခိုက်ခဲ့ဟု စစ်ဆေးရုံ ဆရာဝန်ပြောကြား

သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ် အမှတ် ၉ တပ်မတော်ဆေးရုံ ကုတင် (၁၀၀) စစ်ဆေးရုံအား စစ်ကောင်စီမှ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ပြီး မဟာမိတ်တပ်များကို စွတ်စွဲခဲ့ကြောင်းညီနောင်သုံးဖွဲ့၏ တယ်လီဂရမ် ချန်နယ် တွင်‌ဖော်ပြထားသည်။

ယနေ့ ဩဂုတ်လ ၆ ရက်တွင် ညီနောင် ၃ ဖွဲ့၏ တယ်လီဂရမ်ချန်နယ် (3 Brotherhood Alliance (AA+MNDAA+TNLA) တွင် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) စစ်ဆေးရုံမှ အရိုးအထူးကု ပါရဂူဆရာဝန်တစ်ယောက်၏ စစ်ဆေးရုံအတွင်းဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ပြောကြားနေသည့် ဗီဒီယိုရုပ်သံတစ်ခုကို ဖော်ပြလာခဲ့သည်။

ထို ဗီဒီယိုရုပ်သံ အတွင်း ၎င်းဆရာဝန်မှ ဩဂုတ်လ ၃ ရက်နေ့တွင် ခွဲစိတ်ဆောင် အနီး ဗုံးတစ်လုံးကျရောက်ခဲ့ကြောင်း၊ ထိုသို့ကျရောက်ခဲ့ခြင်းကြောင့် အခြေအနေများရုတ်ရုတ်သဲသဲဖြစ်ခဲ့ပြီး ထိခိုက်မှုများဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီ ခန့်တွင် MNDAA တပ်ဖွဲ့ဝင်များနှင့်တွေ့ရှိခဲ့ကာ MNDAA တပ်ဖွဲ့ဝင်များနှင့်အတူ လူနာများကို သယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်းပြောကြားထားသည်။

ထိုအပြင် ဆရာဝန်များနှင့် လူနာများကိုလည်း MNDAA မှ ဆေးဝါးများထောက်ပံ့ပေးခဲ့ကြောင်းကိုလည်း ၎င်းဆရာဝန်က ပြောကြားထားသည်။

“ကျနော်ဆရာဝန်တစ်ယောက်ပါ ကျနော်တာဝန်ကတော့ ဘယ်နေရာရောက်ရောက်လူနာတွေရဲ့ အသက်ရှင်ကျန်းမာရေးကတော့ အရေးကြီးဆုံးပါပဲ၊ ဒီလိုကာလအတွင်းမှာ ကျနော်တို့ရဲ့ မိသားစုဝင်တွေ စစ်သားတွေ ဒဏ်ရာရနေသူတွေကို သနားညာတာပြီးတော့ ထောက်ထားပေးခဲ့တာဟာ မမျှော်လင့်ခဲ့တဲ့ အကြောင်းအရာဖြစ်ပြီး MNDAA တပ်မတော်ကို ကျေးဇူးတင်ပါတယ်” ဟု ၎င်းမှ ပြောကြာသွားခဲ့သည်။

ယနေ့ (ဩဂုတ်လ ၆) ရက်နေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီမှ ရန်ကုန်မြို့၊ မြို့တော်ခန်းမ ရှေ့တွင် ကိုးကန့်တပ်ဖွဲ့MNDAA နှင့် ပူးပေါင်းအဖွဲ့များကို ကန့်ကွက်ရှုတ်ချအခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။

အပြစ်မဲ့အရပ်သားပြည်သူ ၁၀၀ ကျော်ကို ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ပူးပေါင်းအဖွဲ့များက ရက်စက်စွာသတ်ဖြတ်ခဲ့သည်ဟု စစ်ကောင်စီဘက်က စွတ်စွဲပြီး လိုင်းကား ၉၁ စီးကို စစ်ကောင်စီ ချောဆွဲခဲ့ပြီး ဆန္ဒပြခိုင်းခဲ့ကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...