Wednesday, January 28, 2026

စစ်ကောင်စီ တိုက်လေယာဉ်များမှ လားရှိုးစစ်ဆေးရုံအား တိုက်ခိုက်ခဲ့ဟု စစ်ဆေးရုံ ဆရာဝန်ပြောကြား

သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ် အမှတ် ၉ တပ်မတော်ဆေးရုံ ကုတင် (၁၀၀) စစ်ဆေးရုံအား စစ်ကောင်စီမှ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ပြီး မဟာမိတ်တပ်များကို စွတ်စွဲခဲ့ကြောင်းညီနောင်သုံးဖွဲ့၏ တယ်လီဂရမ် ချန်နယ် တွင်‌ဖော်ပြထားသည်။

ယနေ့ ဩဂုတ်လ ၆ ရက်တွင် ညီနောင် ၃ ဖွဲ့၏ တယ်လီဂရမ်ချန်နယ် (3 Brotherhood Alliance (AA+MNDAA+TNLA) တွင် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) စစ်ဆေးရုံမှ အရိုးအထူးကု ပါရဂူဆရာဝန်တစ်ယောက်၏ စစ်ဆေးရုံအတွင်းဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ပြောကြားနေသည့် ဗီဒီယိုရုပ်သံတစ်ခုကို ဖော်ပြလာခဲ့သည်။

ထို ဗီဒီယိုရုပ်သံ အတွင်း ၎င်းဆရာဝန်မှ ဩဂုတ်လ ၃ ရက်နေ့တွင် ခွဲစိတ်ဆောင် အနီး ဗုံးတစ်လုံးကျရောက်ခဲ့ကြောင်း၊ ထိုသို့ကျရောက်ခဲ့ခြင်းကြောင့် အခြေအနေများရုတ်ရုတ်သဲသဲဖြစ်ခဲ့ပြီး ထိခိုက်မှုများဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီ ခန့်တွင် MNDAA တပ်ဖွဲ့ဝင်များနှင့်တွေ့ရှိခဲ့ကာ MNDAA တပ်ဖွဲ့ဝင်များနှင့်အတူ လူနာများကို သယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်းပြောကြားထားသည်။

ထိုအပြင် ဆရာဝန်များနှင့် လူနာများကိုလည်း MNDAA မှ ဆေးဝါးများထောက်ပံ့ပေးခဲ့ကြောင်းကိုလည်း ၎င်းဆရာဝန်က ပြောကြားထားသည်။

“ကျနော်ဆရာဝန်တစ်ယောက်ပါ ကျနော်တာဝန်ကတော့ ဘယ်နေရာရောက်ရောက်လူနာတွေရဲ့ အသက်ရှင်ကျန်းမာရေးကတော့ အရေးကြီးဆုံးပါပဲ၊ ဒီလိုကာလအတွင်းမှာ ကျနော်တို့ရဲ့ မိသားစုဝင်တွေ စစ်သားတွေ ဒဏ်ရာရနေသူတွေကို သနားညာတာပြီးတော့ ထောက်ထားပေးခဲ့တာဟာ မမျှော်လင့်ခဲ့တဲ့ အကြောင်းအရာဖြစ်ပြီး MNDAA တပ်မတော်ကို ကျေးဇူးတင်ပါတယ်” ဟု ၎င်းမှ ပြောကြာသွားခဲ့သည်။

ယနေ့ (ဩဂုတ်လ ၆) ရက်နေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီမှ ရန်ကုန်မြို့၊ မြို့တော်ခန်းမ ရှေ့တွင် ကိုးကန့်တပ်ဖွဲ့MNDAA နှင့် ပူးပေါင်းအဖွဲ့များကို ကန့်ကွက်ရှုတ်ချအခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။

အပြစ်မဲ့အရပ်သားပြည်သူ ၁၀၀ ကျော်ကို ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ပူးပေါင်းအဖွဲ့များက ရက်စက်စွာသတ်ဖြတ်ခဲ့သည်ဟု စစ်ကောင်စီဘက်က စွတ်စွဲပြီး လိုင်းကား ၉၁ စီးကို စစ်ကောင်စီ ချောဆွဲခဲ့ပြီး ဆန္ဒပြခိုင်းခဲ့ကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...