MNDAA
လားရှိုးမြို့ပေါ် ရပ်ကွက်အလိုက် လုံခြုံရေးအဖွဲ့ MNDAA ဖွဲ့စည်း
သျှမ်းပြည် လားရှိုးမြို့ပေါ် ရပ်ကွက်တိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားပေးပြီး ဖမ်းဆီးရမိသည့် ခိုးဆိုးလုနှိုက်နှင့် စစ်ကောင်စီသတင်းပေးများကို ပြစ်ဒဏ်ချမှတ်နေကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်တိုင်းတွင် ဒေသခံများ ပါဝင်သည့် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားပြီး...
ပန်ဆိုင်းမြို့ MNDAA တပ်သားတစ်ဉီး က ကလေးငယ်တစ်ဦးကို မုဒိမ်းကျင့်ဟု သတင်းထုတ်
သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်းမြို့တွင်း တပ်စွဲထားသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားသည် အသက် (၂)နှစ်အရွယ်ရှိ ကလေးငယ်ကို မုဒိမ်းကျင့်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ (၁) ရက်နေ့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ပန်ဆိုင်းမြို့ရှိ လောင်းကစားဝင်းတစ်ခုထဲ နေထိုင်သည့် MNDAA တပ်ရင်း (၅၁၀) မှ အသက်...
လောက်ကိုင် MNDAA က ရာဇဝတ်မှုကျူးလွန်သူ ၂၁ ဦးကို လူအများရှေ့ သေဒဏ်အပါအဝင် ပြစ်ဒဏ်စီရင်ချက်ချ
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ရာဇဝတ်မှုကျူးလွန်သူ (၂၁) ဦးကို လူအများရှေ့တွင် ပြစ်ဒဏ်စီရင်ခဲ့ပြီး (၇) ဦးကို သေဒဏ်ချမှတ်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၅ ရက်) နံနက် ၈ နာရီမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့်...
မကူညီရဲတော့ပါ…
SHAN -
သိန္နီမြို့မှာ ကိုးကန့်တပ်မတော် MNDAA က မူးယစ်ဆေးဝါး အကြောင်းပြပြီး အရပ်သားတွေကို ဖမ်းဆီးကာ ငွေကြေးနဲ့ ပြန်လည် ရွေးခိုင်းတဲ့ အထဲတွင် မကျော့(အမည်လွှဲ) ကလည်း ပါဝင်သွားခဲ့တာ ဖြစ်ပါတယ်။ “ကျမကို ရတဲ့ နည်းနဲ့ အပြင်ကို ထုတ်ပေးပါလို့ ပြောပေးပါရှင်”လို့ အပြင်မှာ ရှိနေတဲ့ တစ်စုံတစ်ဦးက...
သျှမ်းပြည် ညီညွတ်ရေး အလှမ်းဝေးသလား
SHAN -
“မနက်လင်း ဗုံးမကြဲဘူး။ ကြဲရင်တော့လည်း မတတ်နိုင်ဘူးပေါ့” ဟု လာရှိုးမြို့နေ ပျံကျဈေးသည် တစ်ဦးက ပြောသည်။ ကိုးကန့်တပ် သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို အငြိုးကြီးလှသည့် စစ်ကောင်စီတပ်သည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေရာ အိုးအိမ်ပျက်စီး ဆုံးရှုံးမှုများပြီး ပြည်သူ ထိခိုက်သေဆုံးမှုလည်း များနေသည်။ ယင်းအခြေအနေကြောင့် မြို့မှ ပြန်လည် ထွက်ခွာသွားသူများ ရှိသကဲ့သို့...
မြန်မာ-တရုတ်နယ်စပ်ဂိတ်များ ပိတ်ဆို့ခြင်းကြောင့် သျှမ်းမြောက်တွင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်
မြန်မာ-တရုတ်နယ်စပ်ဒေသရှိ ဂိတ်များကို တရုတ်ဘက်က ပိတ်ဆို့မှုများကြောင့် ကုန်စည်စီးဆင်းမှု ကျဆင်းလာကာ သျှမ်းပြည် မြောက်ပိုင်း တစ်ဝှမ်းတွင် ကုန်ဈေးနှုန်းအဆမတန် မြင့်တက်လာနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် မြန်မာ-တရုတ်နယ်စပ်ဒေသရှိ ကုန်သွယ်ရေးဂိတ်များအပြင် စစ်ကောစီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့ရှိ ကုန်သွယ်ရေးဂိတ်များကိုပါ တရုတ်ဘက်က ကုန်စည်တင်းကျပ်၊ ကန့်သတ်၊ ပိတ်ပင်ခြင်းကြောင့်...
မိုင်းရယ် – လားရှိုးလမ်း စစ်ကောင်စီက ရက်အကန့်အသတ်မရှိပိတ်
သျှမ်းပြည် မိုင်းရယ် - လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၃ ရက် ) နေ့လည် ၂ နာရီမှစ၍ မိုင်ရယ် - လားရှိုးမြို့ သွားသည့် လမ်းပိုင်းရှိ ဟိုယ စစ်ကောင်စီစစ် ဆေးရေး ဂိတ်တွင်...
လားရှိုးတွင် ဖမ်းဆီးထားသည့် စစ်သုံ့ပန်းမိသားစုများကို MNDAA မှ အစာရေစာဖြတ်တောက်ဟု သတင်းအမှားဖြန့်
ကိုးကန့်တပ်ဖွဲ့ MNDAA သည် လားရှိုးမြို့တွင် ဖမ်းဆီးထားသည့် စစ်သုံ့ပန်းမိသားစုများအား အစာရေစာ ဖြတ်တောက်၍ စစ်သင်တန်းရက်တိုတက်ရောက်မှသာ ထမင်းကျွေးကြောင်း ဖြန့်ချိနေသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ် Thazin Oo ချန်နယ်လ်မှ နိုဝင်ဘာလ ၄ ရက်နေ့တွင် ဖြစ်ချိခဲ့ပြီး “အတည်မပြုနိုင်သေးတဲ့ သတင်းတစ်ခုက ဖမ်းဆီးခံထားရတဲ့ မိသားစုတွေကို...
သိန္နီတွင် MNDAA က မူးယစ်ဆေးဝါးအကြောင်းပြပြီး အရပ်သားများဖမ်းဆီး၊ ပိုက်ဆံဖြင့် ပြန်ရွေးခိုင်း
သျှမ်းပြည် သိန္နီမြို့တွင် ကိုးကန့်တပ်မတော် MNDAA က မူးယစ်ဆေးဝါးအကြောင်းပြပြီး အရပ်သားများကို ဖမ်းဆီးကာ ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းနေကြောင်း ဒေသခံများထံမှသိရသည်။ သိန္နီမြို့ကို ကိုးကန့်တပ်မတော် MNDAA က ထိန်းချုပ်ထားပြီးသည့်နောက် မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များကို ရှောင်သခင်ဝင်ရောက်စစ်ဆေးကာ လူငယ်၊ လူလတ်ပိုင်း အမျိုးသားများကို မူးယစ်ဆေးဝါးသုံးစွဲသည်ဟု စွပ်စွဲပြီး MNDAA...
လေးလအတွင်း စစ်ကောင်စီလေကြောင်းဗုံးဒဏ်ကြောင့် အရပ်သား(၃၈) ဦးသေ၊ တစ်ရာကျော် ဒဏ်ရာရဟု MNDAA ပြော
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားနိုင်သည့် နယ်မြေများသို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား (၃၈) ဦးထက်မနည်း သေဆုံးပြီး (၁၂၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း MNDAA က ယနေ့(နိုဝင်ဘာ ၁ ရက်)တွင် ထုတ်ပြန်လိုက်သည်။ ဇူလိုင်လမှ အောက်တိုဘာလအထိ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း...





