စစ်ကောင်စီနှင့် အပစ်ရပ်ကြေညာပြီးနောက် MNDAA ထိန်းချုပ်နယ်စပ်ဂိတ်များ တရုတ်ပြန်ဖွင့်ပေး

မြန်မာ-တရုတ်နယ်စပ်တလျှောက် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် နယ်စပ်ဂိတ်များကို စစ်ကောင်စီနှင့် MNDAA တို့ အပစ်ရပ်စဲကြောင်း ကြေညာပြီးနောက် တရုတ်အာဏာပိုင်များမှ ပြန်လည်ဖွင့်ပေးလိုက်ကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီနှင့် တရားဝင် အပစ်အခတ် ရပ်စဲကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA မှ တရုတ်နိုင်ငံ ကူမင်းမြို့ ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ပြီးနောက် (၇) လနီးပါး ပိတ်ထားခဲ့သည့် မြန်မာ-တရုတ်နယ်စပ်ရှိ MNDAA ထိန်းချုပ် နယ်စပ်ဂိတ်များကို တရုတ်အာဏာပိုင်များမှ ယမန်နေ့ (ဇန်နဝါရီ ၂၀ ရက်)တွင် စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မနေ့က စပြီးတော့ ပန်ဆိုင်း-ဝမ်တိန်က တံတားဖွင့်ထားပြီ။ သူတို့ တရုတ်လို ကြေညာစာထဲမှာတော့ အချိန် (၁) လလို့ပဲ ရေးထားတယ်။ ဟင်းရွက်လို စားသောက်ကုန်တွေ တနိုင်တဆွဲ သယ်လာလို့ ရပြီ။ ကိုးကန့်ဘက်ကတော့ ဘာတံဆိပ်တုံးမှ ထုပေးတာ မရှိဘူး၊ စာအုပ်နဲ့ လူဝင်ထွက်စာရင်း မှတ်တာမျိုးပဲ ရှိတယ်”ဟု ပန်ဆိုင်းဒေသခံ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

MNDAA ထိန်းချုပ်ထားနိုင်သည့် တရုတ်နယ်စပ်ဂိတ်များကို “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း စတင်စဉ် ၂၀၂၄ ဇွန်လကုန်ကတည်းက တရုတ်အာဏာပိုင်များ (၇) နီးပါးအကြာ ပိတ်ထားခဲ့ရာမှ လောက်ကိုင်မြို့ရှိ ရန်လုံကျိုင်းဂိတ်၊ ချင်းရွှေဟော်နှင့် ပန်ဆိုင်း(ကြူကုတ်) နယ်စပ်ဂိတ်တို့ကို ဇန်နဝါရီ (၁၉) ရက်မှ စတင်ပြီး လူနှင့် တပိုင်တနိုင် ကုန်ဖြတ်သန်းခွင့်ကို ခွင့်ပြုလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

MNDAA ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ် တရုတ်ပြန်ဖွင့်ပေး

“တရုတ်ဘက်ကလူပဲ ဝင်ထွက်လို့ ရသေးတာ ၊ ဗမာပြည်က လူတွေ ဝင်ထွက်လို့ မရသေးဘူး။ တရုတ်ဘက်မှာ ရှိတဲ့အမျိုးတွေ ပစ္စည်းသယ်လာပေးမှ ဒီဘက်ကလူ သွားယူလို့ရတာ။ တစ်လလို့သာ ပြောတာ ရုတ်တရက် ပိတ်တာလည်း ရှိတာပဲ၊ ဝင်သွားပြီး ပြန်မထွက်လာနိုင်မှာ ကြောက်တာ။ အဲ့ကြောင့် ဝင်ပြီးရင် ချက်ချင်းပြန်ထွက်တာ များတယ်”ဟု ၎င်းပန်ဆိုင်းဒေသခံ ကုန်သည်အမျိုးသားက ဆက်ပြောသည်။

လက်ရှိတွင် MNDAA ထိန်းချုပ် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်သည်ဟု ဆိုသော်လည်း တရုတ်နိုင်ငံဘက်မှ သယ်ယူလာပေးသည့် မီးဖိုချောင်သုံး ပစ္စည်းနှင့် သစ်သီးဝလံများသာ ဖြတ်သန်းခွင့်ပြုပြီး မြန်မာပြည်ဘက်မှ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA အကြား တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် ကူမင်းမြို့၌ တွေ့ဆုံခဲ့သည့် (၇) ကြိမ်မြောက် ဆွေးနွေးပွဲအတွင်း ဇန်နဝါရီလ (၁၈) ရက်တွင် စတင်အသက်ဝင်သည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ကြောင်း တရုတ်နိုင်ငံက ကြေညာပြီးနောက် ယခုကဲ့သို့ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်လာခြင်း ဖြစ်သည်။

အလားတူ ငါးလနီးပါးအကြာ ကုန်စည်ဖြတ်သန်းခွင့် ပိတ်ပင်ထားသည့် MNDAA ထိန်းချုပ်ဒေသအတွင်းသို့ တရုတ်သံရုံး၏ ညွှန်ကြားချက်ဖြင့် ‘ဝ’တပ်ဖွဲ့ UWSA ကုန်စည်စီးဆင်းမှုကို ယမန်နေ့ (ဇန်နဝါရီလ ၂၀ ရက်) တွင် ပုံမှန်အတိုင်း ပြန်လည်ခွင့်ပြုကြောင်း ကြေညာခဲ့သည်။

ထို့အပြင် မြန်မာ-တရုတ်နယ်စပ် UWSA ထိန်းချုပ် ဟိုပန်မြို့နယ်အတွင်းရှိ နမ့်တစ်-မန်ခါးဂိတ်ကိုလည်း ယမန်နေ့က ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ တရုတ်နိုင်ငံဘက်မှ စက်သုံးဆီများ ပြန်လည်ဝင်ရောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...