လားရှိုး MNDAA က ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြား ထုတ်ပေးနေ

သျှမ်းပြည် လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားများ ထုတ်ပေးနေပြီး လိုင်စင်ရှိနှင့် လိုင်စင်မဲ့ ယာဉ်များအားလုံး ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီ လဆန်းပိုင်းမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်တွင် လိုင်စင်ရှိ၊ လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ်များအားလုံးကို ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားများ ထုတ်ပေးနေပြီး သွားရောက်စာရင်းပေးသွင်းသူ နေ့စဉ် ရာနှင့်ချီ ရှိနေကြောင်း လားရှိုးဒေသခံများက ပြောသည်။

“မြို့ပေါ်မှာ ကားသူခိုးတွေ၊ ကားတိုက်ပြီး ထွက်ပြေးတာတွေ များတော့ အဲ့တာကြောင့် လုပ်ပေးတာလို့ပြောတယ်။ အရင်က လိုင်စင်မဲ့ Without ကားတွေက ခဲခြစ်နံပါတ်ရယ်၊ အင်ဂျင်နံပါတ်ရယ် တောင်းတယ်။ လိုင်စင်ရှိတဲ့ကားတော့ အုံနာဘုတ် ပြပြီး တစ်သောင်းခွဲ ပေးရတယ် အဲ့လိုပေါ့။ ကဒ်ပြားပေါ်မှာ ရေးပြီး တခါတည်း ပလတ်စတစ် ကဒ်လောင်းပေးတာ”ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့ပေါ် ရပ်ကွက်-(၃)၊ (၈)၊ (၁၂) နှင့် ဟိုပိတ်ကျေးရွာတို့တွင် ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြား ထုတ်ပေးသည့်ရုံးများ ဖွင့်လှစ်၍ ယာဉ်တစ်စီးလျှင် ကျပ်ငွေ (၁၅၀၀၀) ကျပ် ကောက်ခံကာ ပြုလုပ်ပေးလျက်ရှိကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဇန်နဝါရီ (၄) ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ယမန်နှစ် နိုဝင်ဘာလကတည်းက လားရှိုးမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများရှိ ကားနှင့် ဆိုင်ကယ်စာရင်းများကို သက်ဆိုင်ရာ နယ်မြေမှူးမှ စာရင်းလိုက်လံ ကောက်ယူခဲ့ပြီးနောက် ယခုကဲ့သို့ ယာဉ်မောင်းကတ်ပြားများကို ပြုလုပ်လာခြင်းဖြစ်ပြီး စီမံချက်အနေဖြင့် မဟုတ်ဘဲ လာသမျှ ယာဉ်များကို စစ်ဆေးပြီး ပြုလုပ်ပေးနေကြောင်း လားရှိုးဒေသခံများက ပြောသည်။

“သုံးတာကတော့ သျှမ်းမြောက်ဘက်ပဲ ရမှာပေါ့။ နောက်ပြီး ကားပျောက်တဲ့အချိန်၊ ကားတိုက်တဲ့အချိန် ယာဉ်နံပါတ်နဲ့ လွယ်လွယ်စစ်ဆေးလို့ ရတာပေါ့၊၊ မကောင်းတာက အဲ့ဒီကဒ်ကို သျှမ်းတောင်ယူလာတဲ့အခါ တန့်ယန်း၊ မိုင်းရယ် ကျော်လာရင် စကစ ဖမ်းမိသွားမှာ၊ ဒဏ်တပ်ခံရမှာ အဲ့လိုစိုးရိမ်တာပေါ့”ဟု တောင်ကြီး-လားရှိုး ခရီးစဉ် ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ လားရှိုးမြို့ အဝင်အထွက်ဂိတ်များတွင် MNDAA ထံ ဘီးလှိမ့်ခွန်အဖြစ် ယာဉ်တစ်စီးလျှင် ကျပ်ငွေ ၁၀၀၀ ပေးဆောင်ရပြီး ကုန်တင်ကားများအတွက် သယ်ဆောင်လာသည့် ကုန်ပမာဏပေါ် မူတည်ကာ အခွန်အဖြစ် (၁%) ကောက်ခံကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

အလားတူ ယခု ဇန်နဝါရီလမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် လျှပ်စစ်မီး ပြန်လည်ရရှိသည့် ရပ်ကွက်များတွင် မီတာခနှင့် အမှိုက်ခွန်များကို စတင်ကောက်ခံမည်ဖြစ်ကြောင်း လားရှိုးဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...