စစ်ကောင်စီနှင့် MNDAA တို့ တရုတ်နိုင်ငံတွင် အကြိမ်ကြိမ်တွေ့ဆုံသော်လည်း အောင်မြင်မှုမရနိုင်

ညီနောင်မဟာမိတ်(၃)ဖွဲ့မှ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးနေသော်လည်း မအောင်မြင်နိုင်ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇန်နဝါရီလ ၁၆ ရက်) တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA အကြား တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ယူနန်ပြည်နယ် ကူမင်းမြို့တွင် ထပ်မံတွေ့ဆုံသည့် ဆွေးနွေးပွဲလည်း သဘောတူညီချက် တစုံတရာ မရရှိဘဲ မအောင်မြင်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုသည်။

ယမန်နှစ် ဒီဇင်ဘာလအတွင်း ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှု၌ လားရှိုးမြို့မှ ကိုးကန့်တပ်များ ပြန်လည်ဆုတ်ခွာပေးရန် စစ်ကောင်စီဘက်က တောင်းဆိုခဲ့ပြီး MNDAA ဘက်မှ လားရှိုးမြို့ အပါအဝင် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း စစ်ကောင်စီမှ လေကြောင်းထိုးစစ် အကြမ်းဖက်လုပ်ကိုင်နေခြင်းကို ရပ်တန့်ပေးရန် တောင်းဆိုခဲ့ခြင်းကြောင့် အစည်းအဝေး ပျက်သွားခဲ့ရကြောင်း ဆိုသည်။

MNDAA ထိန်းချုပ် သိန္နီ-ကွမ်းလုံ-လောက်ကိုင် လမ်းမကြီး၌ ယာဉ်မောင်းနှင်ခွင့်ကတ်ပြား စစ်ဆေးနေစဉ်

“နောက်တစ်ခါ ဒုတိယအကြိမ် အစည်းအဝေးလုပ်လည်း အဲ့တာတွေ ပြောဦးမှာပါပဲ။ အဲ့တာတွေ ပြောရင်လည်း အစည်းအဝေးက ပျက်ဦးမှာပါပဲ။ ဒါကြောင့်မလို့ ဒီလိုအစည်းအဝေးမျိုး လုပ်လာတာ ဟိုင်ဂင်ကနေ ဒီနေ့အထိ ၅ ကြိမ် ၆ ကြိမ်လောက် ရှိပါပြီ။ ဘယ်ဟာမှ မအောင်မြင်ပါဘူး။ နောင်လာမယ့် အစည်းအဝေးလည်း အောင်မြင်မယ်လို့ မယူဆပါဘူး”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သျှမ်းသံတော်ဆင့်ကို သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာလ (၁၅) ရက်က ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံမှုအတွင်း နှစ်ဘက်ကိုယ်စားလှယ်များအကြား သဘောတူညီမှု တစုံတရာ မရရှိဘဲ အစည်းအဝေး ပျက်ခဲ့ပြီးနောက် ဇန်နဝါရီလအတွင်း ထပ်မံတွေ့ဆုံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခု ဒုတိယအကြိမ် ထပ်မံပြုလုပ်မည့် ဆွေးနွေးပွဲသို့ MNDAA ဘက်မှ စစ်ဦးစီးချုပ် ဖုန်တာရွှင်၏ သားဖြစ်သူ နိုင်ငံခြားဆက်ဆံရေး ဌာနကြီးမှူး ဖုန်ခွင်းက ဦးဆောင်တက်ရောက်ဖွယ်ရှိကြောင်း VOA မြန်မာပိုင်းတွင် ယမန်နေ့က သတင်းဖော်ပြထားပြီး ဆွေးနွေးမှု အခြေအနေ အသေးစိတ်ကို ထပ်မံစုံစမ်းနေသည်။

အလားတူ စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့အကြား ပထမအကြိမ် ဆွေးနွေးပွဲတွင် MNDAA ဘက်မှ ကိုယ်စားလှယ် (၇) ဦး တက်ရောက်ကာ စစ်ကောင်စီဘက်မှ အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး က ဦးဆောင်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်နိုင်ရန်နှင့် စီးပွားရေး ပြန်လည်ထူထောင်ရန် စသည့်အချက်များ ဆွေးနွေးနိုင်ရေး တရုတ်ကိုယ်စားလှယ်များက စီစဉ်ပေးခဲ့ကြောင်း ဆိုသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA က တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းရန်နှင့် ပြည်တွင်းစစ်ရေး ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် လိုလားကြောင်း ၂၀၂၄ ဒီဇင်ဘာလ (၃) ရက်တွင် ထပ်မံထုတ်ပြန် ကြေညာခဲ့ပြီးနောက် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် (၂) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးလာခြင်း ဖြစ်သည်။

MNDAA ထိန်းချုပ် သိန္နီ-ကွမ်းလုံ-လောက်ကိုင် လမ်းမကြီး၌ ယာဉ်မောင်းနှင်ခွင့်ကတ်ပြား စစ်ဆေးနေစဉ်

၎င်းထုတ်ပြန်ချက်အတွင်း စစ်ကောင်စီမှ နိုင်ငံနေရာအနှံ့တွင် ဖော်ဆောင်နေသည့် ဝေဟင်နှင့် မြေပြင် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ရပ်ဆိုင်းရန် တောင်းဆိုထားပြီး MNDAA အနေဖြင့် နိုင်ငံရေးနည်းလမ်းကို အားပေးထောက်ခံသော်လည်း မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အား ဆက်လက်စွဲကိုင်ထားကြောင်း ဖော်ပြထားသည်။

အခြားတစ်ဘက်တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့မှ ကိုးကန့်တပ်များ ပြန်လည်ဆုတ်ခွာရန် တရုတ်၏ တောင်းဆိုချက်ကို ငြင်းဆန်ခဲ့သည့်နောက် MNDAA ခေါင်းဆောင်ဖြစ်သူ ဖုန်တာရွှင်ကို တရုတ်နိုင်ငံက ထိန်းသိမ်းထားကြောင်း သတင်းထွက်ပေါ်ခဲ့ပြီး လတ်တလော စစ်ကောင်စီနှင့် ဆွေးနွေးပွဲများသို့ အဆင့်မြင့် ကိုယ်စားလှယ်များ စေလွှတ်မည်ဖြစ်ကြောင်း MNDAA ဘက်မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သတင်းထောက်ဖိနှိပ်မှုအဆိုးဆုံး တရုတ်နိုင်ငံမှ ထိုင်းရောက် ဂျာနယ်လစ်တစ်ဦးကို ပြန်လွှဲပေးရန် ဖိအားပေး

0
တရုတ်အစိုးရနှင့် ပတ်သက်သည့်သတင်းများကို စုံစမ်းဖော်ထုတ်ရေးသားခဲ့သည့် တရုတ်သတင်းထောက်တစ်ဦးအား ပြည်နှင်ဒဏ်ပေးပြီး ချက်ချင်းလွှဲပြောင်းပေးရန် တရုတ်အစိုးရက ထိုင်းနိုင်ငံကို ဖိအားပေးတောင်းဆိုလာကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။ တရုတ်ကွန်မြူနစ်ပါတီ အရာရှိကြီးများနှင့် ဒေသန္တရအစိုးရ တာဝန်ရှိသူများ ပါဝင်ပတ်သက်နေသည့် အကြီးစားခြစားမှုနှင့် ငွေကြေးလိမ်လည်မှု ကွန်ရက်ကို ဖော်ထုတ်ခဲ့သူ ဂျာနယ်လစ် ပိုင်ကျောက်တုန်း (Bai Zhaodong) အား...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...