ပန်ဆိုင်းမြို့ သက်ငယ်မုဒိမ်းကျူးလွန်သည့် MNDAA အရာရှိ ထောင်ဒဏ်တစ်သက်တစ်ကျွန် စီရင်ချက်ချ

သျှမ်းပြည်၊ မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ကိုးကန့်တပ်ဖွဲ့အရာရှိ ကျူးလွန်ခဲ့သည့် သက်ငယ်မုဒိမ်းမှုကို MNDAA မှ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်စီရင်ချက် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီလ တတိယပတ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA လက်အောက်ခံ ပန်ဆိုင်းမြို့တရားရေးဌာနမှ အသက်(၃) နှစ်အရွယ် ကလေးငယ်ကို မုဒိမ်းမှု ကျူးလွန်ခဲ့သည့် ကိုးကန့်တပ်ဖွဲ့ အရာရှိ ဦးရှောက်ချိကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် ငွေဒဏ် ချမှတ်လိုက်ကြောင်း အမိန့်စာဖြင့် အကြောင်းကြားလာသည်ဟု ဒေသခံများက ပြောသည်။

“ကြားရတာတော့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချလိုက်တယ်။ ကလေးအမေကတော့ ကျူးလွန်သူကို သေဒဏ်ချစေချင်တာ၊ ကိုးကန့်တပ်က အများပြည်သူရှေ့မှာ စီရင်တာမဟုတ်လို့ အဲ့လိုမလုပ်ဘူးလို့ပြောတာ။ အမိန့်စာတော့ မပေးဘူး၊ မိသားစုရှေ့မှာ ဒီတိုင်းပဲ ဖတ်ပြသွားတာ”ဟု ပန်ဆိုင်းမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့၏ အမိန့်စာထဲတွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအပြင် နစ်နာသူမိသားစုကို သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့သူမှ တရုတ်ယွမ်ငွေ သုံးသောင်း ပေးဆောင်ရန် ပါဝင်ပြီး ပန်ဆိုင်းမြို့ တရားရေးဌာနသို့ နှစ်ဘက်မိသားစုနှင့် အမျိုးသမီးအဖွဲ့များက သွားရောက်နားထောင်ခဲ့ကြောင်း သိရသည်။

MNDAA တပ်သား

လောက်ကိုင်မြို့ရှိ MNDAA ဗဟိုစစ်ခုံရုံး စီရင်ချက်ကို ကျူးလွန်ခံရသူ မိသားစုများမှ ကျေနပ်လက်ခံနိုင်ခြင်း မရှိဘဲ တရားမျှတမှုရှိရှိ ပွင့်လင်းမြင်သာစွာ အမှုစီရင်နိုင်ရေး တောင်းဆိုချက်ကို ပန်ဆိုင်းတရားရေးဌာနမှ အထက်သို့ ထပ်မံတင်ပြပေးမည်ဟု အကြောင်းပြန်ထားကြောင်း ဒေသခံများထံမှ သိရသည်။

“ရပ်ကွက်က လူတွေတောင် မသိရတော့ ပွင့်ပွင့်လင်းလင်း လုပ်တာမျိုး မဟုတ်ဘူး၊ ၂၁ ရက်နေ့မှာ အမိန့်ချတယ်လို့တော့ ပြောတယ်။ မေးကြည့်သလောက် ပန်ဆိုင်းမြို့ပေါ် တာဝန်ရှိသူတွေလည်း မသိကြဘူး။ နစ်နာကြေး သုံးသောင်း ပေးခိုင်းတာလည်း အရင်က တရုတ်ကို ပို့ပြီး ဆေးစစ်ခိုင်းတာ နုတ်ပြီး ကျန်တဲ့ဟာပေးဖို့ပြောတာ”ဟု ပန်ဆိုင်းတရားရေးဌာနတွင် သွားရောက်နားထောင်ခဲ့သည့် ၎င်းအမျိုးသမီးက ဆက်ပြောသည်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်သည့် အသက်(၅၀) ကျော်အရွယ် ကိုးကန့်တပ်အရာရှိ ဦးရှောက်ချိကို ယမန်နှစ် ဒီဇင်ဘာလလယ် ကတည်းက လောက်ကိုင်မြို့သို့ ဖမ်းဆီးသွားကြောင်း သိရသော်လည်း မည်ကဲ့သို့ ထိန်းသိမ်းထားသည်ကို မသိရှိရကြောင်း ဆိုသည်။

ထို့အပြင် ဇန်နဝါရီ လဆန်းပိုင်းက ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ မုဒိမ်းမှုကျူးလွန်ခံရသည့် ကလေးမိသားစုထံ လာရောက်ပြီး အမှုကျေအေးပေးရန် ငွေကြေးဖြင့် လာရောက်တောင်းပန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သို့သော် ကလေးမိခင်ဘက်မှ လက်မခံဘဲ မုဒိမ်းမှု ကျူးလွန်ခံရခြင်းကြောင့် ဒဏ်ရာပြင်းထန်ကာ ဆေးကုသမှု လိုအပ်နေဆဲဖြစ်သည့် ၃ နှစ်အရွယ်ခန့် သမီးအတွက် တရားမျှတမှုရှိအောင် အမှုစီရင်ပေးရန်သာ တောင်းဆိုခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

ယမန်နှစ် ဒီဇင်ဘာလ (၁) ရက်နေ့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ပန်ဆိုင်းမြို့ရှိ လောင်းကစားဝင်းတစ်ခုထဲ နေထိုင်သည့် MNDAA တပ်ရင်း (၅၁၀) မှ အသက် (၅၀) ကျော် အရွယ်ရှိ ကိုးကန့်တပ်အရာရှိ ဦးရှောက်ချိသည် ၎င်းခြံဝင်းအနီး နေထိုင်သော မိသားစုမှ (၂) နှစ်ခွဲအရွယ် ကလေးငယ်ကို မုဒိမ်းမှု ကျူးလွန်ခဲ့သည်။

၎င်းနောက် မုဒိမ်းမှု ကျူးလွန်ခဲ့သည့် ကိုးကန့်တပ်သားကို MNDAA မှ ဖမ်းဆီးခဲ့ပြီး ကလေးတွင် ကျန်ခဲ့သည့် သုတ်ပိုးနှင့် ဆံပင်တို့ကို တရုတ်နိုင်ငံ CID ဘက် ပို့ဆောင်ပြီး ဆေးစစ်ချက်အဖြေ ရမှသာ ယခုကဲ့သို့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။

အလားတူ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် မိဘမဲ့ဂေဟာ ဖွင့်လှစ်ထားသည့် ကျောင်းဆရာတစ်ဦးလည်း အသက် မပြည့်သေးသည့် ကလေးငယ် (၂၀) ကျော်ကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု ကျူးလွန်ခဲ့ရာ MNDAA မှ မုံးကိုးမြို့ဘက်သို့ ယမန်နှစ် နိုဝင်ဘာလအတွင်း ဖမ်းဆီးစစ်ဆေးခဲ့ပြီး လောက်ကိုင်မြို့တွင် ဒီဇင်ဘာလဆန်းပိုင်းက သေဒဏ်ချမှတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

ရွာငံက သက်ငယ်မုဒိန်းကျူးလွန်သည့် အမျိုးသား နှစ်လကျော်ကြာသည်အထိ မဖမ်းမိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာမှ သက်ငယ်မုဒိမ်းကျူးလွန်သည့် အမျိုးသား နှစ်လကျော် ကြာသည်အထိ မဖမ်းမိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ...