မူဆယ်မြို့နယ် မုံးပေါ်ဒေသ KIA နှင့် MNDAA ဈေးအကောက်ခွန် အငြင်းပွားမှုဖြစ်

သျှမ်းပြည် မူဆယ်မြို့နယ်ရှိ မုံးပေါ်ဒေသတွင် ကချင်လွတ်လပ်ရေးတပ် KIA နှင့် ကိုးကန့်တပ် MNDAA တို့အကြား ဈေးအတွင်း အခွန်ကောက်ခံမှုနှင့် ပတ်သက်ပြီး အငြင်းပွားမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီလ (၂၁) ရက်တွင် မူဆယ်မြို့နယ် မုံးပေါ်တိုက်နယ်ရှိ ဈေးအတွင်း၌ ကချင်လွတ်လပ်ရေးတပ် KIA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA အကြား အခွန်ကောက်ခံမှုနှင့် ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပွားခဲ့ကာ နောက်တစ်ရက်ဖြစ်သည့် ဇန်နဝါရီ (၂၂) ရက်တွင် ရွာသားများကို KIA တပ်ဖွဲ့မှ အစည်းအဝေး ခေါ်ယူခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မုံးပေါ်မှာတော့ KIA နဲ့ MNDAA က ပြဿနာ ခဏခဏ ဖြစ်တယ်။ ဈေးနေ့ဆိုရင် သူတို့နှစ်ဖွဲ့ အခွန်လုကောက်တယ်။ အဲ့အခွန်ကိစ္စနဲ့ မနေ့က KIA က အစည်းအဝေး ခေါ်ပြောတယ်၊ အခွန်နဲ့ ဆန်တောင်းတာပေါ့။ အရင်က တစ်အိမ်ကို ဆန် (၁၂) ပြည်၊ ဆားတစ်ပိဿာနဲ့ ငွေ (၅၀၀၀) ပြောထားတာ”ဟု မုံးပေါ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။

မုံးပေါ်တိုက်နယ်တွင် KIA တပ်ဖွဲ့မှ အခွန်ကောက်ခံရာ MNDAA နှင့် အငြင်းပွားမှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူထံ စုံစမ်းမေးမြန်းရန် ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ကိုးကန့်တပ်ဖွဲ့ MNDAA မှ “၁၀၂၇ စစ်ဆင်ရေး”အတွင်း သိမ်းပိုက်ရရှိခဲ့သည့် မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မုံးကိုးမြို့နှင့် ဖောင်းဆိုင်ဒေသ၊ မုံးပေါ်ဒေသတို့ကို စုစည်းပြီး မုံးကိုးခရိုင်အဖြစ် ဖွဲ့စည်းကာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ကြောင့် ၎င်းဒေသများတွင် ယခင်ကတည်းက အခြေစိုက်လှုပ်ရှားနေသည့် KIA တပ်ဖွဲ့များနှင့် အုပ်ချုပ်ရေးယန္တရား ထူထောင်ရန် ဆောင်ရွက်နေသည့် MNDAA တပ်မဟာ-(၅၁၁) အကြား အခွန်ကောက်ခံမှုနှင့် နယ်မြေအငြင်းပွားမှု မကြာခဏ ဖြစ်ပွားပြီး စစ်ရေးတင်းမာမှုများ ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။

ပုံစာ – မုံးပေါ်တိုက်နယ် ဝိန်းဆိုင်ရွာ ဆန်စက်နေရာဟောင်း၌ MNDAA အခြေစိုက်မည်ကို ဒေသခံများ ကန့်ကွက်စဉ်

“မုံးကိုး၊ မုံးပေါ်ဘက်ကတော့ လက်ရှိ ကိုးကန့်တပ်တွေ အုပ်ချုပ်နေတာ။ ကိုးကန့်တပ်ရဲ့ ဖွဲ့စည်းပုံမှာတော့ မုံးပေါ်ကို မုံးကိုးခရိုင်ထဲမှာ ထည့်ထားတာ။ အဲ့ဘက်မှာ လက်ရှိ ကိုးကန့်အုပ်ချုပ်တယ် ဆိုပေမယ့် လမ်းမှာ၊ ရွာအဝင်မှာ KIA ဂိတ်တွေလည်း ရှိတယ် သူတို့လဲ နောက်မဆုတ်ဘူး။ မုံးပေါ်မှာ KIA အခွန်ကောက်တော့ ပြဿနာဖြစ်တာပဲ”ဟု ၎င်းမုံးပေါ်ဒေသခံ အမျိုးသားက ဆက်ပြောသည်။

အလားတူ မုံးပေါ်ကျေးရွာအုပ်စု ဝိန်းဆိုင်ကျေးရွာရှိ ဆန်စက်နေရာဟောင်းကို MNDAA မှ တိုက်နယ်ရုံးအဖြစ် တပ်စခန်းချရန် ရောက်ရှိလာခြင်းကြောင့် ရွာသားများက ဇန်နဝါရီ (၂၀) ရက်နေ့တွင် သွားရောက်ကန့်ကွက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဝိန်းဆိုင်ရွာဘက်လည်း အရင် MDA ခေတ်က ဆန်စက်နေရာဟောင်းမှာ MNDAA ရုံး လာဖွင့်ဖို့ လုပ်တာ ဟုတ်တယ်။ ပိုင်ရှင်လည်း မရှိတော့ဘူး အဲ့နေရာ၊ ဆန်စက်လည်း မကျန်ဘူး။ အဲ့နေရာက အများပိုင်လိုဖြစ်တာ ကြာပြီ”ဟု မုံးပေါ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မုံးပေါ်

ဝိန်းဆိုင်ရွာဒေသခံများ၏ ကန့်ကွက်မှုနှင့် ရင်ဆိုင်နေရသည့် ဆန်စက်နေရာဟောင်းသည် ယခင်က ကိုးကန့်တပ်ဖွဲ့မှ ခွဲထွက်လာသည့် မုန်ဆာလ ဦးဆောင်သော မုန်းကိုးကာကွယ်ရေးတပ်ဖွဲ့ MDA ကြီးစိုးစဉ်ကတည်းက ရှိခဲ့ပြီး လက်ရှိတွင် ယာဉ်ရပ်နားရာနေရာနှင့် ကလေးကစားကွင်းများ ရှိနေခြင်းကြောင့် ခွင့်မပြုနိုင်ကြောင်း ဒေသခံများက ဆိုသည်။

မုံးပေါ်ဒေသသည် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တို့နှင့် မိုင် (၂၀) ဝန်းကျင်သာ ကွာဝေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...