Thursday, January 29, 2026

MNDAA

သျှမ်းပြည် ညီညွတ်ရေး အလှမ်းဝေးသလား

“မနက်လင်း ဗုံးမကြဲဘူး။ ကြဲရင်တော့လည်း မတတ်နိုင်ဘူးပေါ့” ဟု လာရှိုးမြို့နေ ပျံကျဈေးသည် တစ်ဦးက ပြောသည်။ ကိုးကန့်တပ် သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို အငြိုးကြီးလှသည့် စစ်ကောင်စီတပ်သည် လေကြောင်းမှ ဗုံးကြဲ‌တိုက်ခိုက်နေရာ အိုးအိမ်ပျက်စီး ဆုံးရှုံးမှုများပြီး ပြည်သူ ထိခိုက်သေဆုံးမှုလည်း များနေသည်။ ယင်းအခြေအနေကြောင့် မြို့မှ ပြန်လည် ထွက်ခွာသွားသူများ ရှိသကဲ့သို့...

မြန်မာ-တရုတ်နယ်စပ်ဂိတ်များ ပိတ်ဆို့ခြင်းကြောင့် သျှမ်းမြောက်တွင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်

မြန်မာ-တရုတ်နယ်စပ်ဒေသရှိ ဂိတ်များကို တရုတ်ဘက်က ပိတ်ဆို့မှုများကြောင့် ကုန်စည်စီးဆင်းမှု ကျဆင်းလာကာ သျှမ်းပြည် မြောက်ပိုင်း တစ်ဝှမ်းတွင် ကုန်ဈေးနှုန်းအဆမတန် မြင့်တက်လာနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် မြန်မာ-တရုတ်နယ်စပ်ဒေသရှိ ကုန်သွယ်ရေးဂိတ်များအပြင် စစ်ကောစီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့ရှိ ကုန်သွယ်ရေးဂိတ်များကိုပါ တရုတ်ဘက်က ကုန်စည်တင်းကျပ်၊ ကန့်သတ်၊ ပိတ်ပင်ခြင်းကြောင့်...

မိုင်းရယ် – လားရှိုးလမ်း စစ်ကောင်စီက ရက်အကန့်အသတ်မရှိပိတ်

သျှမ်းပြည် မိုင်းရယ် - လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၃ ရက် ) နေ့လည် ၂ နာရီမှစ၍ မိုင်ရယ် - လားရှိုးမြို့ သွားသည့် လမ်းပိုင်းရှိ ဟိုယ စစ်ကောင်စီစစ် ဆေးရေး ဂိတ်တွင်...

လားရှိုးတွင် ဖမ်းဆီးထားသည့် စစ်သုံ့ပန်းမိသားစုများကို MNDAA မှ အစာရေစာဖြတ်တောက်ဟု သတင်းအမှားဖြန့်

ကိုးကန့်တပ်ဖွဲ့ MNDAA သည် လားရှိုးမြို့တွင် ဖမ်းဆီးထားသည့် စစ်သုံ့ပန်းမိသားစုများအား အစာရေစာ ဖြတ်တောက်၍ စစ်သင်တန်းရက်တိုတက်ရောက်မှသာ ထမင်းကျွေးကြောင်း ဖြန့်ချိနေသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ် Thazin Oo ချန်နယ်လ်မှ နိုဝင်ဘာလ ၄ ရက်နေ့တွင် ဖြစ်ချိခဲ့ပြီး “အတည်မပြုနိုင်သေးတဲ့ သတင်းတစ်ခုက ဖမ်းဆီးခံထားရတဲ့ မိသားစုတွေကို...

သိန္နီတွင် MNDAA က မူးယစ်ဆေးဝါးအကြောင်းပြပြီး အရပ်သားများဖမ်းဆီး၊ ပိုက်ဆံဖြင့် ပြန်ရွေးခိုင်း

သျှမ်းပြည် သိန္နီမြို့တွင် ကိုးကန့်တပ်မတော် MNDAA က မူးယစ်ဆေးဝါးအကြောင်းပြပြီး အရပ်သားများကို ဖမ်းဆီးကာ ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းနေကြောင်း ဒေသခံများထံမှသိရသည်။ သိန္နီမြို့ကို ကိုးကန့်တပ်မတော် MNDAA က ထိန်းချုပ်ထားပြီးသည့်နောက် မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များကို ရှောင်သခင်ဝင်ရောက်စစ်ဆေးကာ လူငယ်၊ လူလတ်ပိုင်း အမျိုးသားများကို မူးယစ်ဆေးဝါးသုံးစွဲသည်ဟု စွပ်စွဲပြီး MNDAA...

လေးလအတွင်း စစ်ကောင်စီလေကြောင်းဗုံးဒဏ်ကြောင့် အရပ်သား(၃၈) ဦးသေ၊ တစ်ရာကျော် ဒဏ်ရာရဟု MNDAA ပြော

သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားနိုင်သည့် နယ်မြေများသို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား (၃၈) ဦးထက်မနည်း သေဆုံးပြီး (၁၂၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း MNDAA က ယနေ့(နိုဝင်ဘာ ၁ ရက်)တွင် ထုတ်ပြန်လိုက်သည်။ ဇူလိုင်လမှ အောက်တိုဘာလအထိ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း...

ဆောင်းဝင်စချိန် ကျေးသီးမြို့ရောက် စစ်ဘေးရှောင် ၅၀၀ ကျော် အနွေးထည်၊ စောင်များ လိုအပ်နေ

သျှမ်းပြည် ကျေးသီးမြို့နယ်သို့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် (၅၀၀) ကျော်အတွက် စောင်နှင့် အနွေးထည်များ လိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စတင်ပြီး လားရှိုး၊ ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ တိုက်ပွဲပြန်လည် ပြင်းထန်ခဲ့ပြီးနောက် ဒေသခံများ ဘေးလွတ်ကင်းရာ မြို့၊...

သျှမ်းအမျိုးသား ၁ ဦးကို ကိုးကန့်တပ်မတော် MNDAA နှိပ်စက်နေသည့် ရုပ်သံဖိုင်အမှား

ကိုးကန့်တပ်မတော် MNDAA မှ သျှမ်းအမျိုသားတစ်ဦးကို ဖမ်းဆီးပြီး လက်ပြန်ကြိုးတုတ်ကာ နှိပ်စက်နေကြောင်း ရုပ်သံဖိုင်အမှားဖြန့်ချိနေသည်။ Followed ၈,၃၀၀ ကျော်ရှိသည့် “ၼၢမ်ႉၵေးမၢဝ်း ႁိတ်းသၢၵ်ႈသေႇ” ဆိုသည့် Page တစ်ခုမှ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “ ကိုးကန့်တပ်ဖွဲ့က ပြည်သူတွေကို ဖမ်းဆီးပြီး လုံးဝါလ (အမည်)...

တရုတ်ဖိအားကြောင့် သျှမ်းမြောက် စစ်တန့်နေပြီလော

တည်ငြိမ်လှသည့် “ဝ” ဒေသ တနေရာတွင် စက်ဆုံးဆီ တန်းစီရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ တရုတ်ဘက်မှ ပိတ်ဆို့မှုကြောင့် နယ်စပ်ဒေသ မြို့ရွာများတွင် စက်သုံးဆီ စတင်ပြတ်တောက်လာပြီး စားနပ်ရိက္ခာနှင့် ကုန်ပစ္စည်း ရှားပါးမှုများ စတင် ကြုံတွေ့နေရပြီ ဖြစ်သည်။ ထို့အတူ သျှမ်းမြောက် အပါအဝင် တိုင်းရင်းသား တော်လှန်တပ်များ...

စစ်ကောင်စီကို အရှက်ရစေတဲ့ “၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်

ကျယ်လောင်လှတဲ့ လေယာဉ်အင်ဂျင်စက်သံဟာ စိတ်ဆိုးဒေသထွက်နေသည့်အလား သျှမ်းပြည်မြောက်ပိုင်းက မြို့ကြီးတွေပေါ်ကို ညသန်းခေါင် လူအိပ်မောကျချိန် ဖြတ်ကျော်ပျံသန်းပြီး မီးလောင်ပေါက်ကွဲစေတဲ့ ဗုံးတွေကို အဆက်မပြတ် ကြဲချတိုက်ခိုက်နေပါတယ်။ စစ်ဘီလူး လုပ်ထုံးအတိုင်း တိုင်းသူပြည်သားတွေကို ညှာတာထောက်ထားမှုမရှိတဲ့ စစ်ကောင်စီတပ်ဟာ တစ်နှစ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ “၁၀၂၇ စစ်ဆင်ရေး”အတွင်း ညီနောင်မဟာမိတ်တပ်တွေထံ ဆုံးရှုံးလိုက်ရတဲ့ မြို့ရွာတွေကို ညစဉ်နီးပါး...

Latest news