“၁၀၂၇ စစ်ဆင်ရေး”ကြောင့် လားရှိုးဒေသခံများ မိအေး ၃ ခါနာ

နွေဉီးတော်လှန်ရေးနဲ့အတူ “၁၀၂၇ စစ်ဆင်ရေး” ကို မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်တုန်းက ထိုးစစ်ပြန်လည်စတင်ပြီး နဂိုသိမ်းပိုက်ထားတဲ့ မြို့တွေ အပြင် နောင်ချို လားရှိုး မိုးကုတ် မိုးမိတ် မဘိမ်း သီပေါ ကျောက်မဲ မြို့တို့ကိုပါ ထပ်မံသိမ်းပိုက်လိုက်ပါတယ်။

နောင်ချိုမြို့ကို ၂၀၂၄ ခု ဇူလိုင်လ ၁၇ ရက်မှာ တအာင်းပလောင်တပ် TNLA က သိမ်းပိုက်လိုက်ပြီး လားရှိုးမြို့ ကိုတော့ MNDAA အမည်ရှိ တရုတ်ကိုးကန့်တပ် က သြဂုတ်လ ၃ ရက်မှာ သိမ်း ပိုက်လိုက်တာပါ။

ဒီစစ်ဆင်ရေး ပထမလှိုင်း၊ ဒုတိယလှိုင်း နှစ်ပိုင်းလုံးကို ကျားဖြန့် တိုက်ဖျက်ရေးခေါင်းစဉ်နဲ့ တရုတ်နိုင်ငံကနေ ထောက်ပံ့ အားပေးလာခဲ့တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့ရမယ် မထင်ပါဘူး။

လားရှိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်စဉ်တုန်းက တရုတ်က ဘာမှမသိသလို နေနေခဲ့တယ်။

၁၀၂၇ စစ်ဆင်ရေးဟာ “ တပ်မတော်သည် နှစ်ပေါင်း ၈၀ ကျော် သက်တမ်းရှိသည့် စစ်သည် အင်အား လေးသိန်းသည် ဂုဏ်သိက္ခာအပြည့်နှင့် ရပ်တည်လာခဲ့သည်။” – လို့အစဉ်အမြဲ ဟစ်ကြွေးလာတဲ့ စစ်ကောင်စီတပ်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးလိုက်တာပါပဲ။

ရက်ပေါင်း ၃၀ တိုက်ပွဲအတွင်းမှာပဲ ဗမာ့တပ်မတော်ဆိုတာကြီးဟာ လားရှိုးမြို့ကနေ အရှုံးကြီးရှုံးနိမ့်ပြီး (အရပ်စကားအတိုင်း “ခွေးပြေးဝက်ပြေး” ) တပ်ဆုတ်လိုက်ရပါတယ်။

တိုက်ခိုက်ရေး အင်အား ခလရ ခမရ တပ်ရင်းပေါင်း ၅၀ ခန့်ရှိတဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကြီးကလည်း တော်လှန်ရေးတပ်ဖွဲ့လက်အောက် ပထမဆုံးအကြိမ် ရောက်သွား စစ်တိုင်းချုပ်ကြီးအဖြစ် သမိုင်းမှတ်တမ်း တွင်သွားပါတော့တယ်။

အာဏာသိမ်း သွေးစွန်းတပ်ကို ရွံ့မုန်းနေတဲ့ လားရှိုးမြို့ခံတွေက တိုက်ပွဲကာလ ပျက်စီးသွားတဲ့ မိမိ အိုးအိမ် စည်းစိမ်နဲ့ ဆုံးရှုံးသွားတဲ့ ဖခင် မိခင် ညီကို မောင်နှမ သူငယ်ချင်းတွေအတွက် ကျနေတဲ့ မျက်ရည်ကြားကပဲ စစ်အာဏာရှင်တိုက်ဖျက်ရေးဆိုတဲ့အပြုံးအားနဲ့ နွေဉီးတော်လှန်ရေးကို အားပေးခဲ့ပါတယ်။

ခုခါမှာတော့ တရုတ်ဖိအားကြောင့် လားရှိုးမြို့ကနေ တရုတ်ကိုးကန့်တပ်တွေ စတင်ဆုတ်ခွာနေပါပြီ။ ဒီလ ဧပြီ ၁၇ ရက် မြန်မာ့ နှစ်သစ်ကူး မတိုင်မီ အပြီး ဆုတ်ခွါရမယ်ဆိုတာလဲ သတင်းရရှိထားပါတယ်။

တရုတ်အစိုးရက ၎င်းတို့ အကျိုးစီးပွားအတွက် ပြင်ဆင်နေတဲ့ ပိုးလမ်းမ ကမ္ဘာ့ပတ် အမြန်ရထားလမ်း /ကားလမ်းမကြီး စီမံကိန်းဖြစ်မြောက်အောင်၊ အာဏာသိမ်း စစ်ခေါင်းဆောင်အနေနဲ့ တရားဝင်အစိုးရ ဖြစ်လာအောင်၊ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ အမြန်ဆုံးလုပ်အောင် ဖိအားပေးနေတာပါ။

၎င်းတို့ အားပေးမှုနဲ့ ဖြစ်လာတဲ့ သျှမ်းပြည်မြောက်ပိုင်း စစ်ဆင်ရေးကြောင့် စစ်ဘေးစစ်ဒဏ်သင့်ပြီး အိုးမဲ့ အိမ်မဲ့ ဖြစ်သွားတဲ့ သိန်းနဲ့ချီတဲ့ လားရှိုးလူထုကို တရုတ်ကအရေးမမှုသလို မြန်မာ့လူထု တရပ်လုံးကို မျက်ကွယ်ပြုနေတာပါပဲ။

ဒါတွေဟာ ဝန်ကြီးချုပ်ဉီးနု ခေတ်က တရုတ် – မြန်မာ ချစ်ကြည်ရေး သဘော တူညီချက်ကနေ ဖြစ်ပေါ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံ အာရှ – အာဖရိက နိုင်ငံပေါင်း ၂၉ နိုင်ငံ သဘောတူညီ လက်မှတ်ရေးထိုးထားတဲ့ ဘန်ဒေါင်းစာချုပ် (၁၉၅၅ ခုနှစ်) ကို တရုတ်က ချိုးဖေါက်လိုက်တာပါဘဲ။

ဘန်ဒေါင်း သဘောတူညီချက် ၅ ရပ် –
(၁) နိုင်ငံ တခု နဲ့ တခု ပိုင်နက်နယ်မြေ နဲ့ အချုပ်အခြာကို လေစားဖို့
(၂) နိုင်ငံ တခု နဲ့ တခု မကျူးကျော်ဖို့
(၃) နိုင်ငံတခု နဲ့ တခုရဲ့ ပြည်တွင်းရေးကိစ္စကို မစွက်ဖက်ဖို့
(၄) နိုင်ငံတခု နဲ့တခု တန်းတူညီမှု အကျိုးဖြစ်ထွန်းဖို့
(၅) နိုင်ငံရေးမူဝါဒ ကွဲလွဲပေမဲ့ ငြိမ်းချမ်းစွာ ပေါင်းသင်းဆက်ဆံဖို့ စတာတွေ ဖြစ်ပါတယ်။

တရုတ်ကတော့ မြန်မာလူထု မျက်နှာကို မကြည့် ၎င်းတို့ သဘောတူညီထားတဲ့ စာချုပ်ကို မျက်ကွယ်ပြု၊ မြန်မာ့မြေက သယံဇာတကို လက်ဝါးကြီးအုပ်ယူဖို့သာ ရှေးရှုနေတဲ့အပြင် မြန်မာပြည်ကို ဖြတ်သန်းမဲ့ ကမ္ဘာပတ်စင်္ကြံလမ်းမကြီး ဖြစ်မြောက်ဖို့ ပါပဲ။

အဘက်ဘက် နှစ်နာဆုံးရှုံးနေတဲ့ လားရှိုးဒေသခံ စကား က – “စစ်ကြောင့် ငါ့အိမ်မီးလောင်သွားတာ၊ ဗုံးဒဏ်ကြောင့် ငါ့အိမ်ပြိုပျက် သွားတာ၊ ဒီစစ်မီးကြောင့် ငါ့စီးပွားရေးပျက်စီးသွားတာ – စတာတွေ ဘယ်သူတာဝန်ယူပေးမလဲ” ဆိုတဲ့မေးခွန်း ။

ဟုတ်လဲ ဟုတ်ပါတယ် ဘယ်သူတာဝန်ယူမလဲ ? စစ်ကောင်စီလား ? တရုတ်သမ္မတ ရှီကျင့်ဖျင်လား ? တိုက်ပွဲမရှိပဲ လားရှိုးကနေ ဆုတ်ခွါနေတဲ့ တရုတ်ကိုးကန့်တပ်လား။ တာဝန်ရှိသူတွေ ဖြေပေးကြပါ။

ခုမှာတော့ – တရုတ်ကိုးကန့် MNDAA တပ်ဆုတ်နေတာကို ရင်နာစွာ ကြည့်နေရတဲ့ လားရှိုး ဒေသခံ တွေဟာ ၁၀၂၇ စစ်ဆင်ရေးကြောင့် နှစ်နာဆုံးဆုံးခဲ့ရပြီ။ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် စိတ်ထိခိုက် ဒဏ်ရာတွေ ပိုနာကျင်လာနေရပြီ။ မကြာခင် တရုတ်စီမံကိန်းက လားရှိုးမြို့အပါအဝင် သျှမ်းပြည် မြောက်ပိုင်း တခွင်ကို ဖြတ်ဖောက်တော့မှာဖြစ်တယ်။ လယ်တွေ ယာတွေ လူထုပိုင် ရပ်ရွာအိမ်ခြံမြေ တွေ ထပ်မံသိမ်းပိုက်တော့မှာကြောင့် ထပ်မံနှစ်နာဆုံးရှုံးတော့မှာဖြစ်တယ်။

လားရှိုးဒေသခံတွေသာမက မြန်မာပြည်သူလူထုတရပ်လုံး “ မိအေး ထပ်နာရတော့မယ့်” စိုးရိမ်ချက်နဲ့ သံတော်ဆင့်အပ်ပါတယ်။

လူထု အသံ သျှမ်းသံတော်ဆင့်အသံ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...