MNDAA နှင့် စစ်ကောင်စီ ကူမင်းဆွေးနွေးပွဲ ထပ်မံ မအောင်မြင်

ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံကူမင်းမြို့ဆွေးနွေးပွဲတွင် သဘောတူညီချက်မရရှိဘဲ ပြီးဆုံသွားကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့တွင် တရုတ်၏ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် သွားရောက်တွေ့ဆုံကြပြီ နယ်မြေအုပ်ချုပ်ရေးနှင့် ပတ်သက်ပြီဆွေးနွေးရာခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲအတွင်း ကိုးကန့်တပ်ဖွဲ့သည် လားရှိုးမြို့အတွင်း နယ်မြေခွဲအုပ်ချုပ်ဖို့တောင်းဆိုခဲ့ပြီ စစ်ကောင်စီဘက်မှ ကိုးကန့်တပ်ဖွဲ့ MNDAA ကို လားရှိုးမြို့မှ တပ်ဆုတ်သွားပေးရန်တောင်းဆိုခဲ့သည့်အတွက်ကြောင့် ဘဘောတူညီချက်မရရှိခဲ့ဘဲ ဆွေးနွေးပွဲမအောင်မြင်ခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်ထံ သိရသည်။

ထိုသို့ဆွေးနွေးပွဲမအောင်ခဲ့သည့်အတွက်ကြောင့် ကိုးကန်ထိန်းချုပ်နယ်မြေအတွင်းနေထိုင်ကြသည့် ဒေသခံများသည် တိုက်ပွဲတစ်ဖန်ထပ်ဖြစ်မှာကို စိုးရိမ်နေကြောင်း လားရှိုးမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ ဆွေးနွေးပွဲမအောင်မြင်တော့ ကျနော်တို့လည်း တိုက်ပွဲပြန်ဖြစ်မှာကိုတော့ စိုးရိမ်တာပေါ့။ လေယာဉ်နဲ့ဗုံးလာကြဲမှာကိုပိုကြောက်ရတယ်။ တိုက်ပွဲဖြစ်ရင် ကျနော်တို့ ပြည်သူတွေကပိုပြီထိခိုက်ကြတယ်လေ” ဟု ၎င်းအမျိုးသားကပြောသည်။

ထိုဆွေးနွေးမှုမတိုင်ခင် စစ်ကောင်စီ နဲ့ MNDAA တို့ကို တရုတ်က တစ်ဖွဲ့ချင်းသီသန့် အရင်ခေါ်တွေ့ခဲ့ကြောင်းသိရသည်။

ဆွေးနွေးမှုမအောင်မြင်ခဲ့သော်လည်း လက်ရှိအချိန်ထိ လားရှိုးမြို့အတွင်း ငြိမ်သက်မှုရှိနေပြီ ကိုးကန်တပ်ဖွဲ့ဘက်လည်း တပ်ဆုတ်ခွာခြင်းမရှိသေးပေ။

“ အခုလောလောဆယ်တော့ အေးအေးချမ်းချမ်းပဲရှိနေပါသေးတယ်။ ကိုးကန့်တပ်သားတွေလည်း ပုံမှန်သွားလာနေတယ်။ သူတို့လည်း ပြည်သူတွေနားမှာ မြေတွေငှားယူနေကြတယ်။ ကျနော်တို့ကြားတာတော့ ငှက်ပျောသီးစိုက်မယ်တဲ့။ ကျနော်တို့အထင်တော့ ကိုးကန့်တပ်ကတော့ လားရှိုးကနေ လွယ်လွယ်နဲ့ပြန်ဆုတ်ပေးမှာမဟုတ်ဘူး။ အခုတောင်သူတို့အလုပ်လုပ်ဖို့အတွက် ကျနော်တို့ပြည်သူတွေကနေ တစ်နှစ်စာချုပ်နဲ့ မြေကွက်တွေငှားနေတာလေ” ဟု၎င်းက ဆိုပြန်သည်။

အလားတူ လာမည့်သင်္ကြန်အတွက် လားရှိုးမြို့အတွင်းကိုးကန့်တပ်ဖွဲ့ ဦးဆောင်ပြီး မဏ္ဍပ်ပြုလုပ်ပေးနေသည်။

ကိုးကန့်တပ်ဖွဲ့သည် လားရှိုးမြို့မှ တပ်ဆုတ်ခွာရန် ရှိ ၊ မရှိကို သိရှိရန်အတွက် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ပြောရေးဆိုခွင့်ရှိသူကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

ကိုးကန့်တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးမှုအပြီ ဧပြီလအတွင်းတွင် စစ်ကောင်စီ နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ်တို့သည် တရုတ်နိုင်ငံ၌ ၉ ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

၂၀၂၅ ဇန်နဝါရီလအတွင်းတွင် စစ်ကောင်စီ နှင့် ကိုးကန်တပ်ဖွဲ့တို့က အပစ်ရပ်စဲကြောင်းကို တရုတ်အာဏာပိုင်ဘက်က ကြေညာခဲ့သော်လည်း ကာယကံရှင်များက တရားဝင် ထုတ်ပြန်ပြောဆိုလာခြင်းမရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...