MNDAA
လားရှိုးမြို့ထဲ စစ်ကောင်စီအရာရှိအချို့ စတင်ဝင်ရောက်လာပြီး MNDAA၊ တရုတ်တို့နှင့် သုံးပွင့်ဆိုင်အစည်းအဝေးပြုလုပ်
SHAN -
သျှမ်းပြည် လားရှိုးမြို့ထဲသို့ စစ်ကောင်စီတပ်မှ အရာရှိအချို့ စတင်ဝင်ရောက်လာပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ၊ တရုတ်အစိုးရကိုယ်စားလှယ်များနှင့် သုံးပွင့်ဆိုင် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၁၇ ရက်) နေ့လယ်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ ရပ်ကွက် (၂) ရှိ...
သိန္နီမြို့မဈေးထဲ မူလဆိုင်ခန်းနေရာတွင် ပြန်လည်ဖွင့်လှစ်သည့် ဈေးသည်များကို MNDAA လာရောက်နှင်ထုတ်
သျှမ်းပြည် သိန္နီမြို့ရှိ ပျက်စီးသွားသည့် မြို့မဈေးထဲ မူလဆိုင်ခန်းနေရာတွင် ပြန်လည်ဖွင့်လှစ် ရောင်းချနေသည့် ဈေးသည်များကို ကိုးကန့်တပ်ဖွဲ့ MNDAA ရဲများက လာရောက်နှင်ထုတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၁၅ ရက်) နံနက်ပိုင်းတွင် သိန္နီမြို့ ရပ်ကွက် (၁) ဈေးတန်းရပ်ရှိ ပျက်စီးသွားသည့် သိန္နီမြို့မဈေးထဲ မူလဆိုင်ခန်းနေရာတွင်...
လားရှိုး MNDAA မှ သမီးအရင်းအား မုဒိမ်းကျင့်သူကို တစ်သက်တစ်ကျွန်းထောင်ဒဏ် ချမှတ်ပြီး လူသတ်မှုနှင့် သူခိုးဓားပြမှုအတွက် သေဒဏ်ပေးကွပ်မျက်
သျှမ်းပြည် လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ရာဇဝတ်မှု ကျူးလွန်သူများကို အများပြည်သူရှေ့ သေဒဏ် ချမှတ်ပြီး ချက်ချင်းကွပ်မျက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁၀ ရက်) နံနက်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် မန်ဆူကျောင်းတိုက်နှင့် အဝေရာလမ်းသွယ် အနီးတွင် MNDAA...
သိန္နီမြို့ တပိုင်တနိုင်စျေးသည်များထံ MNDAA က အခွန်ကောက်မည်
“၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စီးပွားရေး ကြပ်တည်းမှုနှင့် အလုပ်အကိုင်ရှားပါးမှု ပြဿနာကို ရင်ဆိုင်ရသော သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ တစ်ပိုင်တစ်နိုင် ဈေးရောင်းချပြည်သူများကို ကိုးကန့်တပ် (MDNAA) ထံ အခွန်ဆောင်ရမည်ဟု သတင်းရရှိသည်။ သိန္နိမြို့ကို ကိုးကန့်တပ် MNDAA က ထိန်းချုပ်လာသည့် တစ်နှစ်ကျော်ကာလအတွင်း မြို့တွင်း ပြန်လည်စည်းကား...
လားရှိုးမြို့အတွင်း တိုက်ပွဲကြောင့် ပျက်စီးသွားသည့်နေအိမ်များကို ကိုးကန့်တပ်ဖွဲ့က လျော်ကြေးပေး
သျှမ်းပြည် လားရှိုးမြို့တွင် မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေသခံ နေအိမ်များကို ကိုးကန့်တပ်ဖွဲ့က လျော်ကြေးပေးခဲ့ကြောင်း သတင်းသိရသည်။ လားရှိုးမြို့ပေါ်တွင် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ တိုက်ပွဲများကြောင့် ဒေသခံနေအိမ်များသည် လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများ ခံခဲ့ရပြီး ဒေသခံနေအိမ်...
လောက်ကိုင်မြို့ အောက်မေ့ဖွယ်အခမ်းအနားသို့ MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင် တက်ရောက်
SHAN -
“၁၀၂၇ စစ်ဆင်ရေး”အပါအဝင် တိုက်ပွဲအတွင်း ကျဆုံးခဲ့သော MNDAA ရဲဘော်များကို မြှုပ်နှံထားသည့် လောက်ကိုင်မြို့ ရန်လုံကျိုင်းရှိ အာဇာနည်ဗိမာန်တွင် ဧပြီလ (၂) ရက်နေ့က အောက်မေ့ဖွယ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင်လည်း တက်ရောက်ဂုဏ်ပြုခဲ့ကြောင်း ကိုးကန့်သတင်းအေဂျင်စီက ထုတ်ပြန်လိုက်သည်။ တော်လှန်ရေးအတွက် အသက်ပေးဆပ်ခဲ့ကြသည့် MNDAA...
“၁၀၂၇ စစ်ဆင်ရေး”ကြောင့် လားရှိုးဒေသခံများ မိအေး ၃ ခါနာ
SHAN -
နွေဉီးတော်လှန်ရေးနဲ့အတူ "၁၀၂၇ စစ်ဆင်ရေး" ကို မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်တုန်းက ထိုးစစ်ပြန်လည်စတင်ပြီး နဂိုသိမ်းပိုက်ထားတဲ့ မြို့တွေ အပြင် နောင်ချို လားရှိုး မိုးကုတ် မိုးမိတ် မဘိမ်း သီပေါ ကျောက်မဲ မြို့တို့ကိုပါ...
လားရှိုးမြို့မှ MNDAA တပ်ဆုတ်ရန်ပြင်ဆင်၊ ဆေးရုံနှင့်ရုံးတွင်းပစ္စည်းများကို ကားတင်ပြောင်းရွှေ့
သျှမ်းပြည် လားရှိုးမြို့ပေါ်မှ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဆုတ်ခွာရန် ပြင်ဆင်နေပြီး ဆေးရုံနှင့် ဌာနဆိုင်ရာ ရုံးတွင်းပစ္စည်းများ အားလုံးကို ကားတင်ပြောင်းရွှေ့နေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီဘက်မှ ပြန်လည်ဝင်ရောက်မည် ဆိုခြင်းကြောင့် ယမန်နေ့ (ဧပြီလ ၃ ရက်) မှ စတင်၍...
ကွတ်ခိုင်မြို့ ငလျင်ဒဏ်အလှူငွေကောက်ခံသည့်နေရာ TNLA နှင့် MNDAA ခိုက်ရန်ဖြစ်ပွား၊ TNLA တပ်သားတစ်ဦး သေဆုံးဟုဆို
သျှမ်းပြည် ကွတ်ခိုင်မြို့တွင် ငလျင်ဒဏ်အတွက် အလှူငွေ ကောက်ခံသည့် နေရာ၌ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁ ရက်) နေ့လယ် ၁၁ နာရီခွဲတွင် ကွတ်ခိုင်မြို့မဈေး နေရာ၌ ကိုးကန့်တပ်ဖွဲ့ MNDAA...
MNDAA ထိန်းချုပ်နယ်မြေ ပြည့်တန်ဆာလုပ်ငန်း ကြီးထွားလာ
လမ်းဘေး မီးတိုင်မှာ အမျိုးသမီး အလှပုံနဲ့ ဖုန်းနံပတ်ပါ တရုတ်စာသား ဆိုင်းဘုတ်ကို ထင်ထင်ရှားရှား ချိတ်ဆွဲထားပါတယ်။ အဲ့ဒီဒေသဟာ တရုတ်ပြည် မဟုတ်ဘဲ ညီနောင်မဟာမိတ် တပ်ပေါင်းစုတွေ “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်ခဲ့ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က ၂၀၂၄ ခုနစ် သြဂုတ်လတွင် အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တဲ့...





