ဆန္ဒပြခဲ့သည့် သိန္နီဈေးသည်များကို ကိုးကန့်တပ် MNDAA ကဖမ်းဆီး ခြိမ်းခြောက်ခဲ့

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ပေါ်ရှိ ဈေးသည်များကို နေရာပြောင်းရွှေ့ခိုင်းမှု၊ ဆိုင်ခန်း ဖြိုဖျက်မှုနှင့် ပတ်သက်၍ ဆန္ဒပြခဲ့သူများကို ကိုးကန့်တပ် MNDAA က ခေတ္တဖမ်းဆီးပြီး ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် (ဧပြီလ ၃၀ ရက်နေ့) နံနက်ပိုင်းတွင် သိန္နီမြို့ ရပ်ကွက် (၁) ဈေးတန်းရပ်ရှိ ပျက်စီးသွားသည့် သိန္နီမြို့မဈေးထဲ မူလဆိုင်ခန်းနေရာတွင် ပြန်လည်ဖွင့်လှစ် ရောင်းချနေသည့် ဈေးသည်များကို ကိုးကန့်တပ် MNDAA က လာရောက်နှင်ထုတ်ခဲ့ပြီး ဈေးသည်များနှင့် ကိုးကန့်တပ် MNDAA ကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း ဈေးသည်တစ်ဦးက ပြောသည်။

ထို့နောက် ဈေးသည်အမျိုးသမီး ၃ ဦးကို ရဲစခန်းဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ၎င်းတို့နောက် လိုက်ပါလာသည့် ဈေးသည်များကိုလည်း ခြိမ်းခြောက်ခဲ့ကြောင်း သိန္နီမြို့ဈေးသည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – သိန္နီမြို့မဈေးအနီး လမ်းဘေးတလျောက် ရောင်းချနေသည့် ဈေးသည်များ

“ဈေးသည်ကိုယ်စား တောင်းဆိုဖို့သွားတဲ့ အမျိုးသမီး ၃ ဦးကို ကိုးကန့်တပ်က ဖမ်းပြီး ချက်ချင်းဖုန်သိမ်းထား လိုက်တာ။ အပြင်ကလူတွေကိုလည်း ပေးမဆက်သွယ်ဘူး။ အဲ့လိုနဲ့ ဈေးသည်တချို့တွေ လိုက်သွားရှာတာ။ ရဲစခန်းကိုရောက်တော့ ပေးမဝင်ဘူး။ နောက်တခါ မင်းတို့ မျက်နှာမြင်ချင်ဘူး၊ မြင်ရင် လက်ထိပ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တာ” ဟု ဈေးသည်တစ်ဦးက ပြောသည်။

ထိုသို့ ဖမ်းဆီးသွားပြီးနောက် ဈေးသည်အမျိုးသမီး ၃ ဦးကို ညနေပိုင်းတွင် ကိုးကန့်တပ် MNDAA က ပြန်လွှတ်လာပေးခဲ့ပြီး နောက်ထပ်ဈေးသည်အမျိုးသမီးတစ်ဦးကို ထပ်မံဖမ်းဆီးသွားခဲ့ကြောင်း ၎င်းကဆိုသည်။

ဖမ်းဆီးခံထားရသည့် ဈေးသည်အမျိုးသမီး၏ အခြေအနေနှင့် ပတ်သက်၍ ပြန်လွှတ်လာပေးခြင်း ရှိ၊ မရှိ မသိရှိရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ပုံစာ – သိန္နီမြို့မဈေးအနီး လမ်းဘေးတလျောက် ရောင်းချနေသည့် ဈေးသည်များ

လက်ရှိအချိန်ထိ သိန္နီမြို့မဈေးထဲရှိ ဆိုင်ခန်းများကို ကိုးကန့်တပ် MNDAA က အလုပ်သမားများ ခေါ်ယူပြီး ဖြိုဖျက်ခိုင်းနေကြောင်း သိရသည်။

ဧပြီလကုန်ပိုင်းမှစ၍ သိန္နီမြို့တွင်းရှိ လမ်းဘေးတလျှောက်နှင့် မြို့မဈေးထဲ ဈေးရောင်းချနေသော ဈေးသည်များကို ကိုးကန့်တပ် MNDAA မှ ဖွင့်လှစ်သည့် ပန်လော့ဈေးထဲ၌ ပြောင်းရွှေ့ရောင်းချသွားရန် အကြောင်းထားခြင်း ဖြစ်သည်။

သို့သော် ထိုဈေးထဲတွင် ဈေးဆိုင်ဖွင့်လှစ်ရောင်းချပါက ကိုးကန့်တပ် MNDAA ကို အခွန်အဆမတန် ဆောင်ရမည်ဖြစ်သဖြင့် ဈေးသည်များသည် မြို့မဈေးထဲရှိ မူလဆိုင်ခန်းနေရာတွင် ပြန်လည်ဖွင့်လှစ် ရောင်းချခဲ့ကြောင်း သိရသည်။

ထိုသို့ မူလဆိုင်ခန်းနေရာတွင် ပြန်လည်ဖွင့်လှစ် ရောင်းချနေသည့် ဈေးသည်များကို ကိုးကန့်တပ် MNDAA က ဧပြီလ ၁၅ ရက်တွင် ထပ်မံနှင်ထုတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် သိန္နီမြို့ရှိ မြို့မဈေးကို လက်ရှိတွင် ကိုးကန့်တပ် MNDAA က ဖြိုဖျက်ပြီး ကာစီနို (သို့မဟုတ်) ဈေးဝယ်စင်တာ ဆောက်လုပ်မည်ဟု ဒေသခံများကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...