KNDF
ဆီဆိုင်မြို့နယ်တွင် အမျိုးသမီး ၁ ဦးကို PNLA၊ KNDF နှင့် PDF တို့က အဓမ္မပြုကျင့်သတင်းမှား
သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်ကျိန် (ခ) ကုန်းသာရွာတွင် နေထိုင်သည့် အမျိုးသမီး ၁ ဦးကို ပအိုဝ်းအမျိုးသား လွတ်မြောက်တပ်မတော် PNLA၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ပူးပေါင်းအဓမ္မပြုကျင့်ခဲ့ကြောင်း သတင်းမှားဖြန့်ချိနေလျှက်ရှိသည်။ စစ်ကောင်စီ၏ ဝါဒဖြန့်တယ်ရီဂရမ်ဖြစ်သည့် ကျော်စွာ (Kyaw Swar)...
ဆီဆိုင်မြို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးကြောင့် ဆိုင်ခန်း ၆ ခန်းမီးလောင် ပျက်စီး
သျှမ်းပြည် ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် မြို့ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ဆိုင်ခန်း ၆ ခန်းမီးလောင်သွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၈ ရက်) နေ့လည် ၂ နာရီခွဲဝန်းကျင်မှစပြီး ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာအနီးရှိ စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဆီဆိုင်မြို့မဈေးအရှေ့သို့ ကျရောက်ပေါက်ကွဲပြီး...
ဆီဆိုင်မြို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီမှ လက်နက်ကြီး၊ လေယာဉ်ဖြင့် ပစ်ကူ
သျှမ်းပြည် ဆီဆိုင်မြို့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့၊ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့တို့ကြား ယနေ့ (ဇန်နဝါရီလ ၂၆ )ရက် နံနက်အစောပိုင်းစ၍ တိုက်ပွဲဆက်လက် ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၆ ရက်)...
တိုက်ပွဲကြောင့် ဆီဆိုင်-ဆိုက်ခေါင် လမ်းတကြောရှိ ကျေးရွာများ ဆက်လက်ထွက်ပြေးနေ
သျှမ်းပြည် ဆီဆိုင်မြို့အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆီဆိုင်-ဆိုက်ခေါင် လမ်းကြောတလျောက်ရှိ ကျေးရွာများမှ ပြည်သူများသည် ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) နံနက်အစောပိုင်းမှစ၍ ဆက်လက် ထွက်ပြေးတိမ်း ရှောင်နေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) နံနက်အစောပိုင်းမှစပြီး ဆီဆိုင်မြို့ပေါ် တိုက်ပွဲကြောင့် ကောင်းမှုဗွာရွာ၊ နမ့်သြရွာ၊...
ဆီဆိုင်မြို့ကို PNLOနှင့် KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ စတင်ဝင်တိုက်
သျှမ်းပြည် ဆီဆိုင်မြို့ရှိ လမ်းမပေါ်ရှိ စစ်ကောင်စီဂိတ်များကို ပအိုဝ်းအမျိုးသားများ လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ စတင်ထိုးစစ်ဆင် တိုက်ခိုက်၍ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေကြောင်း ဆီဆိုင်ဒေသခံများပြောပြချက်အရသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) နံနက်အစောပိုင်းအချိန်မှစ၍ ဆီဆိုင်မြို့၏ တောင်ဘက် (၃) မိုင်ခန့်ဝေးသော...
စစ်ကောင်စီတပ်ရင်းလိုက် ဘက်ပြောင်းရန် ညှိနှိုင်းနေဟု KNDF ထုတ်ပြန်
SHAN -
စစ်ကောင်စီတပ်ရင်းများ ပြည်သူ့ဘက် ကူးပြောင်းရန် ညှိနှိုင်းမှုများ ရှိနေပြီး မကြာမီ တပ်ရင်းလိုက် ဘက်ပြောင်းမှုများ ဖြစ်လာဖွယ် ရှိသည်ဟု ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်မတော်- KNDF က ယနေ့ (ဇန်နဝါရီ ၂၄) တွင် ထုတ်ပြန်သည်။ "ကရင်နီပြည်နယ်အတွင်း တစ်ပြိုင်တည်း စုပေါင်းဘက်ပြောင်းမှု အစီအစဥ်တစ်ရပ်အား အကောင်အထည်ဖော်ဆောင်လျက်...
သိန္နီမြို့ရှိ စကခ-၁၆ ကို ညီနောင်မဟာမိတ်တပ်နှင့် PLA ၊ BPLA ၊ KNDF ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်
သျှမ်းပြည် သိန္နီမြို့အခြေစိုက် စစ်ကောင်စီတပ် စကခ-၁၆ ကို ညီနောင်မဟာမိတ် တပ်များနှင့်အတူ PLA ၊ BPLA ၊ KNDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၇ ရက်) နံနက် ၉ နာရီခန့်မှစ၍ သိန္နီမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၆...
ဆီဆိုင် စစ်ရှောင်စခန်းများတွင် နေ့စဉ် စစ်ရှောင်ဦးရေ တိုးလာ၊ နေရာမလုံလောက်
SHAN -
ကရင်နီ (ကယား) ပြည်အတွင်း တိုက်ပွဲကြောင့် သျှမ်းပြည် ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် စစ်ရှောင် ဦးရေ ထပ်မံတိုးလာနေသဖြင့် နေရာမလုံလောက်မှု ပြသာနာနှင့် ကြုံတွေ့နေရကြောင်း စစ်ရှောင်ကော်မတီထံမှ စုံစမ်းသိရသည်။ လက်ရှိ ဆီဆိုင်မြို့နယ်တွင် ယခင်ရှိ စစ်ရှောင်ဦးရေနှင့် ယခုနောက်ပိုင်း “ ၁၁.၁၁ စစ်ဆင်ရေး “ တိုက်ပွဲကြောင့်...
ကရင်နီပြည် ဖုန်းလိုင်းများ ပြတ်တောက်ခံရ
SHAN -
ကရင်နီ(ကယား)ပြည် တွင် မြို့သိမ်းတိုက်ပွဲများ ဆင်နွဲနေသည့် "၁၁.၁၁ စစ်ဆင်ရေး"နောက်ပိုင်းတွင် စစ်ကောင်စီမှ ဖုန်းလိုင်းများအားလုံးကို ဖြတ်တောက်လိုက်ကြောင်း စုံစမ်းသိရသည်။ ကရင်နီ(ကယား)ပြည် လွိုင်ကော်တွင် “၁၁.၁၁ စစ်ဆင်ရေး” မြို့သိမ်းတိုက်ပွဲများ ဆင်နွဲနေပြီး (နိုဝင်ဘာလ ၂၂ ရက်) နံနက်ပိုင်းတွင် ဖုန်းလိုင်းများအားလုံးကို ဖြတ်တောက်သွားကြောင့် ပြည်သူဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဖုန်းလိုင်းတွေဖြတ်ထားတာ...
မိုးဗြဲအခြေစိုက် စစ်ကောင်စီ ခမရ ၅၁၈ အပါအဝင် တပ်စခန်း ၉ ခုကို တော်လှန်ရေး အင်အားစု သိမ်းပိုက်
SHAN -
နိုဝင်ဘာလ ၁၁ ရက်မှ စတင်ခဲ့သည့် “၁၁.၁၁ စစ်ဆင်ရေး” အတွင်း မိုးဗြဲအခြေစိုက်ထားသည့် ခမရ ၅၁၈ အပါအဝင် ခြေကုပ်စခန်း ၉ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း “၁၁.၁၁ စစ်ဆင်ရေး”မဟာမိတ် အင်အားစု များက နိုဝင်ဘာ ၁၆ ရက်တွင်ထုတ်ပြန်ခဲ့သည်။ စစ်ဆင်ရေး စတင်ခဲ့သည့်ရက်တွင် ဝါရီဆူဖလိုင်၊ဒုန်ဒူထန်၊...





