ကရင်နီပြည် ဖုန်းလိုင်းများ ပြတ်တောက်ခံရ

ကရင်နီ(ကယား)ပြည် တွင် မြို့သိမ်းတိုက်ပွဲများ ဆင်နွဲနေသည့် “၁၁.၁၁ စစ်ဆင်ရေး”နောက်ပိုင်းတွင် စစ်ကောင်စီမှ ဖုန်းလိုင်းများအားလုံးကို ဖြတ်တောက်လိုက်ကြောင်း စုံစမ်းသိရသည်။

လွိုင်ကော်

ကရင်နီ(ကယား)ပြည် လွိုင်ကော်တွင် “၁၁.၁၁ စစ်ဆင်ရေး” မြို့သိမ်းတိုက်ပွဲများ ဆင်နွဲနေပြီး (နိုဝင်ဘာလ ၂၂ ရက်) နံနက်ပိုင်းတွင် ဖုန်းလိုင်းများအားလုံးကို ဖြတ်တောက်သွားကြောင့် ပြည်သူဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖုန်းလိုင်းတွေဖြတ်ထားတာ ဘယ်သူ့ကိုမှ ဆက်လို့မရဘူး မနေ့ကတော့ MPT ရသေးတယ် ခုက ဘာမှမရတော့ဘူး။ အထဲမှာ ကျန်တဲ့သူတွေအတွက် စိတ်ပူတယ်။ ” ဟု သျှမ်းပြည်ကို စစ်ဘေးရှောင်လာ သူတစ်ဦးပြောပါသည်။

သျှမ်းပြည်မှ စစ်ဘေးရှောင်လာသည့် ပြည်သူများလည်း လွိုက်ကော်မြို့တွင် ပိတ်မိနေအများအပြားကျန်ရှိနေပြီး ဆွေမျိုးများ၊ကျန်ရစ်နေသူများနှင့် အဆင်အသွယ်ပြတ်တောက်သွားမှုကြောင့် စိုးရိမ်နေကြောင်း ဒေသခံများက ပြောသည်။

လွန်ခဲ့သည့် ဇွန်လနှောင်းပိုင်းတွင်လည်း ကရင်နီပြည်လွိုင်ကော်အပါအဝင် နေရာဒေသ အများစုတွင် မိုဘိုင်းအင်တာနက် Wifi အင်တာနက်များအသုံးပြုမရခဲ့ရာ ထိုအချိန်တွင် ဖုန်းခေါ်ဆိုမှုကို အသုံးပြုနိုင်သည့် မိုင်တဲလ် နဲ့ MPT ဆင်းကဒ်လည်း လက်ရှိမှာ ဖုန်းခေါ်ဆိုမှုလုံးဝမရတော့ကြောင်း သိရသည်။

သျှမ်း – ကရင်နီ နယ်စပ်တကြောတွင် နိုဝင်ဘာလ ၁၅ ရက်မှစပြီး ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရပြီး တောင်ကြီး၊ အောင်ပန်း ၊ညောင်ရွှေ၊ ၊ ပင်လောင်းတို့တွင် ပြောင်းရွှေ့ကာ နိုဝင်ဘာလ ၁၉ ရက်နေ့မှ စတင်လက်ခံခဲ့ ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီမှ ပြင်းထန်စွာ လေကြောင်းဖြင့် ဆက်လက် တိုက်ခိုက်လျက်ရှိပြီး လွိုင်ကော်မြို့အတွင်း ကျန်ရှိနေသူများထဲတွင် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ဖြစ်ကာ အသက်အန္တရာယ် စိုးရိမ်ရသဖြင့် တတ်နိင်သည့်အားဖြင့် ခေါ်ထုတ် ကူညီပေးကြရန်၊ ခက်ခဲသည့်ကာလအတွင်း အကျိုးအမြတ် ထုတ်ခြင်းကို ရပ်တန့်ပေးရန် စစ်ရှောင်များမှ တောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

နေရပ်မပြန်နိုင်သေးသည့် လွိုင်ကော်စစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံနေ

0
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့သို့ နေရပ်မပြန်နိုင်သေးသည့် ဒေသခံများ စားဝတ်နေရေးအခက်ခဲကြောင့် ရေရှည်ရှောင်တိမ်းရန် အခက်ခဲကြုံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ တွင်ဖြစ်ပွားခဲ့သော “၁၁၁၁”စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့ခံများ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြီ ၂၀၂၅ ခုနှစ်တွင် စစ်ရေးအခြေအနေ ငြိမ်သက်လာသဖြင့် မြို့ခံအချို့အပါအဝင် အစိုးရဝန်ထမ်းအချို့ နေရပ်ပြန်နေထိုင်ခဲ့ကြသည်။ သို့သော် လွိုင်ကော်မြို့ပေါ်ရှိ ငွေတောင်ရပ်ကွက်နှင့်...