ဆီဆိုင်မြို့နယ်တွင် အမျိုးသမီး ၁ ဦးကို PNLA၊ KNDF နှင့် PDF တို့က အဓမ္မပြုကျင့်သတင်းမှား

သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်ကျိန် (ခ) ကုန်းသာရွာတွင် နေထိုင်သည့် အမျိုးသမီး ၁ ဦးကို ပအိုဝ်းအမျိုးသား လွတ်မြောက်တပ်မတော် PNLA၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ပူးပေါင်းအဓမ္မပြုကျင့်ခဲ့ကြောင်း သတင်းမှားဖြန့်ချိနေလျှက်ရှိသည်။

ဆီဆိုင်မြို့နယ်

စစ်ကောင်စီ၏ ဝါဒဖြန့်တယ်ရီဂရမ်ဖြစ်သည့် ကျော်စွာ (Kyaw Swar) ဆိုသည့်အကောင့်မှ “ ၅-၂-၂၀၂၄ ရက်နေ့မှာ PNLA၊ KNDF၊ PDF ဟာ ဆီဆိုင်မြို့နယ် နောင်ကျိန် (ခ) ကုန်းသာရွာသူ မနန်းဝန်းအား ကျေးရွာသင်္ချိုင်း ကုန်းအနီးမှာ အဓမ္မပြုကျင့်ခဲ့ကြ တယ်လို့သိရပါတယ်” ဟုဆိုကာ ပြည်သူလူထုကို အထင်လွှဲမှားသွားစေရန် ရည်ရွက်ချက်ဖြင့် ချဲ့ကားရေးသားဖြန့်ချိနေခြင်း ဖြစ်သည်။

မူရင်းလင့် – https://archive.ph/O6K25

သျှမ်းသံတော်ဆင့် အချက်အလက် စစ်ဆေးသည့်အဖွဲ့များအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးမှု ပြုလုပ်ခဲ့သည်။ ယင်းမှာ မှားယွင်းနေကြောင်း တွေ့ရသည်။

ဆီဆိုင်မြို့နယ် နောင်ကျိန် (ခ) ကုန်းသာရွာသူ မနန်းဝန်းအား ကျေးရွာသင်္ချိုင်းကုန်းအနီးမှာ အဓမ္မပြုကျင့်ခဲ့သည်ဟု ရေးသားခဲ့ရာတွင် မည်သူမည်ဝါက ကျုးလွန်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်း ရေးသားဖော်ပြထားနိုင်ခြင်းမရှိသလို ခိုင်မာသည့်သက်သေအထောက်အထားဖြင့်လည်း ဖော်ပြထားခြင်းမရှိပါ။

ထို့အပြင် မနန်းဝန်းအား မတရားပြုကျင့်နေသည့်အချိန် ၎င်း၏မိခင်ဖြစ်သူ မြင်သွားသဖြင့် အကူအညီ တောင်းခံနေသည့်အခါ မိခင်ဖြစ်သူကိုပါ နှုတ်ပိတ်သတ်ပစ်လိုက်သည့်ဟု ရေးသားခဲ့ရာ၌ သတ်ပစ်ခံရသူ မိခင်ဖြစ်သူမှာ မည်သူဖြစ်ကြောင်း (အသက်၊ အမည်) ကိုလည်းရေးသားဖော်ပြထားခြင်း မတွေ့ရပေ။

အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရသည့် သတင်းဌာနများတွင်လည်း ရေးသားဖော်ပြ ထားခြင်းမရှိပါ။

အလားတူ ၎င်းမှဖော်ပြထားသည့် ဓာတ်ပုံသည် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ-PNFC ဥက္ကဋ္ဌ နာမည်ပါ အကောင့်တုဖြင့် ဖော်ပြထားသည့် ကျေးရွာဆိုင်းဘုတ်ပုံသာ ဖြစ်သည်။ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ-PNFC ဥက္ကဋ္ဌ နာမည်နှင့် Facebook အကောင့်တုထွက်နေ အောက်ကလင့်ကို ကြည့်ပါ။

မူရင်းလင့် – https://www.facebook.com/MeKongNewsMM/posts/430063986046718

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA မှ လှုမှုကွန်ရက် စာမျက်နှာပေါ်တွင် ဖော်ပြနေသည့် သတင်းတု၊ သတင်းမှားများအား သတိပြုရန်နှင့် ၎င်းတို့တရားဝင်ထုတ်ပြန်ကြေညာထားသည့် သတင်းများကို စောင့်ကြည့်ကြရန် ပြီးခဲ့သည့် ဖေဖော်လပိုင်းက ကြေညာထားသည်။

မူရင်းလင့် – https://web.facebook.com/permalink.php?story_fbid=pfbid0YqqwUTFyHGo9jubXQXk17Uh65Lx9MAs4pte6L6uQ9cf2kpXvsEymdWoFUJtiNvVTl&id=100094690671402

ထို့ကြောင့် ဆီဆိုင်မြို့နယ် နောင်ကျိန် (ခ) ကုန်းသာရွာတွင် နေထိုင်သည့် အမျိုးသမီး ၁ ဦးကို PNLA၊ KNDF၊ PDF တို့ အဓမ္မပြုကျင့်ဆိုသည့် သတင်းမှာ မဟုတ်မမှန်၊ သတင်းတု၊ သတင်းမှား ဖြစ်ကြောင်း စီစစ်တွေ့ရှိရသည်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲစိတ်ချရသော သတင်းမီဒီများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Boxမှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Shortပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

ဆီဆိုင်မြို့နယ် #PNLA #PDF #သတင်းတု #သတင်းမှား

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ်မြို့နယ်တိုက်ပွဲဖြစ်ပြီး၊ PNO က စစ်မှုထမ်းအသည်းအသန် ခေါ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း မောက်မယ်မြို့နယ် အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) နှင့် ပအိုဝ်းပြည်သူ့စစ် (PNA/PNO)တို့ တိုက်ပွဲဖြစ်ပြီးနောက် PNOက စစ်မှုထမ်း အသည်းအသန်း ထပ်မံခေါ်ယူနေကြောင်း သတင်းရရှိသည်။ အဆိုပါ PNA/PNO သည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အတွင်းနေထိုင်သူများကို အဓိက ပစ်မှတ်ထားခေါ်ယူနေသည်။ “အရင်က PNOထံမှာ စစ်သင်တန်း သွားတက်ထားတဲ့...

မောက်မယ်မြို့နယ်ရှိ PNLA ဌာနချုပ်ဟောင်းကို PNO ထိန်းချုပ်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ဗန်းမက်ကျေးရွာအနီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (PNLA) ဌာနချုပ် နေရာဟောင်းကို စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) က ထိန်းချုပ်နိုင်ပြီဟု ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၄) ရက်တွင် မောက်မယ်မြို့နယ် ဗန်းမက်ကျေးရွာအနီး PNLA ဌာနချုပ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသခံများ ကျေးရွာအတွင်း...

မိုးကုတ် စစ်ကော်မရှင်တပ် အင်အားဖြည့် စစ်ကြောင်းထိုး၊ PDF တပ်များနှင့် ထိတွေ့တိုက်ပွဲပြင်းထန်

0
သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ်ရှိ မိုးကုတ်မြို့တွင် စစ်ကော်မရှင်တပ်ဘက်မှ အင်အားဖြည့် စစ်ကြောင်းထိုးခြင်းကြောင့် တော်လှန်ရေးအင်အားစု PDF တပ်များနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၈ ရက်) နံနက်ပိုင်းမှ စတင်၍ မိုးကုတ်မြို့နယ်ရှိ ချောင်းကြီးနှင့် ရှမ်းကုန်းစံ ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစု PDF တပ်များ...
MDY-PDF In Front of Mong Mit Signboard

မိုးမိတ်တွင် KIA ၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်ကြား လက်နက်ကြီး အပြန်အလှန်ပစ်ခတ်

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ် KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့အကြား လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီ ၃၀ ရက်) နံနက် ၈ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့နယ်ရှိ မိုးဟောက်နှင့် ပသင် ကျေးရွာအုပ်စုဘက်တွင် ကချင်လွတ်လပ်ရေးတပ်...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...