Wednesday, January 28, 2026

ဆီဆိုင်မြို့နယ်တွင် အမျိုးသမီး ၁ ဦးကို PNLA၊ KNDF နှင့် PDF တို့က အဓမ္မပြုကျင့်သတင်းမှား

သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်ကျိန် (ခ) ကုန်းသာရွာတွင် နေထိုင်သည့် အမျိုးသမီး ၁ ဦးကို ပအိုဝ်းအမျိုးသား လွတ်မြောက်တပ်မတော် PNLA၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ပူးပေါင်းအဓမ္မပြုကျင့်ခဲ့ကြောင်း သတင်းမှားဖြန့်ချိနေလျှက်ရှိသည်။

ဆီဆိုင်မြို့နယ်

စစ်ကောင်စီ၏ ဝါဒဖြန့်တယ်ရီဂရမ်ဖြစ်သည့် ကျော်စွာ (Kyaw Swar) ဆိုသည့်အကောင့်မှ “ ၅-၂-၂၀၂၄ ရက်နေ့မှာ PNLA၊ KNDF၊ PDF ဟာ ဆီဆိုင်မြို့နယ် နောင်ကျိန် (ခ) ကုန်းသာရွာသူ မနန်းဝန်းအား ကျေးရွာသင်္ချိုင်း ကုန်းအနီးမှာ အဓမ္မပြုကျင့်ခဲ့ကြ တယ်လို့သိရပါတယ်” ဟုဆိုကာ ပြည်သူလူထုကို အထင်လွှဲမှားသွားစေရန် ရည်ရွက်ချက်ဖြင့် ချဲ့ကားရေးသားဖြန့်ချိနေခြင်း ဖြစ်သည်။

မူရင်းလင့် – https://archive.ph/O6K25

သျှမ်းသံတော်ဆင့် အချက်အလက် စစ်ဆေးသည့်အဖွဲ့များအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးမှု ပြုလုပ်ခဲ့သည်။ ယင်းမှာ မှားယွင်းနေကြောင်း တွေ့ရသည်။

ဆီဆိုင်မြို့နယ် နောင်ကျိန် (ခ) ကုန်းသာရွာသူ မနန်းဝန်းအား ကျေးရွာသင်္ချိုင်းကုန်းအနီးမှာ အဓမ္မပြုကျင့်ခဲ့သည်ဟု ရေးသားခဲ့ရာတွင် မည်သူမည်ဝါက ကျုးလွန်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်း ရေးသားဖော်ပြထားနိုင်ခြင်းမရှိသလို ခိုင်မာသည့်သက်သေအထောက်အထားဖြင့်လည်း ဖော်ပြထားခြင်းမရှိပါ။

ထို့အပြင် မနန်းဝန်းအား မတရားပြုကျင့်နေသည့်အချိန် ၎င်း၏မိခင်ဖြစ်သူ မြင်သွားသဖြင့် အကူအညီ တောင်းခံနေသည့်အခါ မိခင်ဖြစ်သူကိုပါ နှုတ်ပိတ်သတ်ပစ်လိုက်သည့်ဟု ရေးသားခဲ့ရာ၌ သတ်ပစ်ခံရသူ မိခင်ဖြစ်သူမှာ မည်သူဖြစ်ကြောင်း (အသက်၊ အမည်) ကိုလည်းရေးသားဖော်ပြထားခြင်း မတွေ့ရပေ။

အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရသည့် သတင်းဌာနများတွင်လည်း ရေးသားဖော်ပြ ထားခြင်းမရှိပါ။

အလားတူ ၎င်းမှဖော်ပြထားသည့် ဓာတ်ပုံသည် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ-PNFC ဥက္ကဋ္ဌ နာမည်ပါ အကောင့်တုဖြင့် ဖော်ပြထားသည့် ကျေးရွာဆိုင်းဘုတ်ပုံသာ ဖြစ်သည်။ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ-PNFC ဥက္ကဋ္ဌ နာမည်နှင့် Facebook အကောင့်တုထွက်နေ အောက်ကလင့်ကို ကြည့်ပါ။

မူရင်းလင့် – https://www.facebook.com/MeKongNewsMM/posts/430063986046718

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA မှ လှုမှုကွန်ရက် စာမျက်နှာပေါ်တွင် ဖော်ပြနေသည့် သတင်းတု၊ သတင်းမှားများအား သတိပြုရန်နှင့် ၎င်းတို့တရားဝင်ထုတ်ပြန်ကြေညာထားသည့် သတင်းများကို စောင့်ကြည့်ကြရန် ပြီးခဲ့သည့် ဖေဖော်လပိုင်းက ကြေညာထားသည်။

မူရင်းလင့် – https://web.facebook.com/permalink.php?story_fbid=pfbid0YqqwUTFyHGo9jubXQXk17Uh65Lx9MAs4pte6L6uQ9cf2kpXvsEymdWoFUJtiNvVTl&id=100094690671402

ထို့ကြောင့် ဆီဆိုင်မြို့နယ် နောင်ကျိန် (ခ) ကုန်းသာရွာတွင် နေထိုင်သည့် အမျိုးသမီး ၁ ဦးကို PNLA၊ KNDF၊ PDF တို့ အဓမ္မပြုကျင့်ဆိုသည့် သတင်းမှာ မဟုတ်မမှန်၊ သတင်းတု၊ သတင်းမှား ဖြစ်ကြောင်း စီစစ်တွေ့ရှိရသည်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲစိတ်ချရသော သတင်းမီဒီများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Boxမှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Shortပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

ဆီဆိုင်မြို့နယ် #PNLA #PDF #သတင်းတု #သတင်းမှား

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

မိုးမိတ်မြို့အနီး စစ်ကော်မရှင်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် စစ်ကော်မရှင်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ ( ဒီဇင်ဘာလ ၂၄ ရက်) မနက်ပိုင်းတွင် မိုးမိတ်မြို့နယ် ရေတံခွန်ကျေးရွာ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့ PDF တို့...

PDFက သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG ရဲ့ ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်လို့ သတင်းမှားဖြန့်ချိ

0
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်ဆိုပြီးစစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက သတင်းအမှား ဖြန့်ချိနေပါတယ်။ အဲ့ဒီအကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေတယ်လီဂရမ်ချန်နယ်ကပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပြီးတော့ ဝင်ရောက်ကြည့်ရှု့သူ နှစ်သောင်းလေးထောင်ကျော်ရှိနေပြီး ပြန့်နှံ့မှုတွေ များနေပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို...
Mogok_PDF_Attacks_SAC

မိုးကုတ်မြို့တွင် စစ်ကော်မရှင် တပ်စွဲထားသည့် ပြည်သူ့ဆေးရုံ ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရ

0
သျှမ်းပြည် - မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့ရှိ စစ်ကော်မရှင်တပ်ဖွဲ့ ဝင်ရောက်တပ်စွဲထားသည့် ပြည်သူ့ဆေးရုံကို တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) ညနေပိုင်းတွင် စစ်ကော်မရှင်တပ်ဖွဲ့ ပြန်လည်ဝင်ရောက် တပ်စွဲထားသည့် မိုးကုတ်မြို့ရှိ ပြည်သူ့ဆေးရုံနှင့် အနီးတစ်ဝိုက်ကို တော်လှန်ရေးအင်အားစု...

ငလျင်လှုပ်ပြီးနောက် ပေါ်လာတဲ့ ကရင်နီပြည်က ကျင်းကြီးဟာ ​​​မှောင်ခိုလမ်းဖြစ်တယ်ဆိုတဲ့ သတင်းအမှား

0
ကရင်နီပြည်မှာ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း မြေကျွံကျသွားပြီး အနက် ၁၀၀ ကျော်ရှိတဲ့ ကျင်းကြီးဟာ မှောင်ခိုလမ်းဖြစ်တယ်ဆိုပြီး ဖေ့ဘွတ်လူမှုကွက်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီအကြောင်းအရာကို ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာတခုဖြစ်တဲ့ K Moon Eain ဆိုတဲ့အကောင့်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို...