ဆီဆိုင် စစ်ရှောင်စခန်းများတွင် နေ့စဉ် စစ်ရှောင်ဦးရေ တိုးလာ၊ နေရာမလုံလောက်

ကရင်နီ (ကယား) ပြည်အတွင်း တိုက်ပွဲကြောင့် သျှမ်းပြည် ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် စစ်ရှောင် ဦးရေ ထပ်မံတိုးလာနေသဖြင့် နေရာမလုံလောက်မှု ပြသာနာနှင့် ကြုံတွေ့နေရကြောင်း စစ်ရှောင်ကော်မတီထံမှ စုံစမ်းသိရသည်။

ဆီဆိုင်စစ်ရှောင်များနေထိုင်သည့်နေရာ

လက်ရှိ ဆီဆိုင်မြို့နယ်တွင် ယခင်ရှိ စစ်ရှောင်ဦးရေနှင့် ယခုနောက်ပိုင်း “ ၁၁.၁၁ စစ်ဆင်ရေး “ တိုက်ပွဲကြောင့် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ထွက်ပြေးတိမ်းရှောင်လာရသည့် စစ်ရှောင်များသည် စုစုပေါင်း လူဦးရေ ၁ သောင်းကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ရှောင်စခန်းများတွင် စစ်ရှောင်ဦးရေ ထပ်မံတိုးလာနေသာကြောင့် တဲအိမ်တစ်ခုထဲတွင် မိသားစု ၄ စုခန့်က စုပေါင်းပြီး ကျဉ်းကျဉ်းကြပ်ကြပ်နေထိုင်ရကြောင်း ဆီဆိုင်မြို့နယ် ဘုးရားဖြူရှိ စစ်ရှောင်စခန်းမှ မအဲ (အမည်လွှဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျမတို့နေရပ်ပြန်ဖို့နေနေသာသာ အခုစစ်ရှောင်စခန်းမှာ ပိုလို့တောင်မှ လူဦးရေတိုးလာတယ်။ အခုလူဦးရေးက ၃၀၀ ကျော်နေပြီ။ လာနေတဲ့လူတွေလည်း လာနေသေးတယ်။ နေဖို့နေရာတောင် မရှိဘူး။ တချို့တွေလည်း ကျမတို့ အဆောင်ဘေးမှာ လာငှားနေတဲ့သူတွေလည်း စုနေကြတယ်။ အဲ့လိုကျဉ်းကျဉ်း ကြပ်ကြပ်နဲ့ တဲတစ်ခုထဲမှာ မိသားစု ၄ စုလောက် ဝင်နေရတယ် “ ဟု မအဲက ပြောသည်။

ယင်းကဲ့သို့ ကျဉ်းကြပ်စွာ စုပေါင်းနေထိုင်ရသဖြင့် မွန်းကြပ်ပြီး စိတ်မသက်သာရာ ခံစားရကြောင်း၊ ကိုယ်ဝန်သည် မိခင်များ အတွက်လည်း အဆင်မပြေကြောင်း ၎င်းကဆက်ပြောသည်။

ထို့အပြင် စစ်ရှောင်ဦးရေ ထပ်မံတိုးလာသည်နှင့်အမျှ စားနပ်ရိက္ခာအခက်အခဲများရှိပြီး လာရောက်ကူညီပေးမည့် အဖွဲ့အစည်း မရှိသေးကာ စစ်ရှောင်အချင်းချင်း ကူညီပေးနေရကြောင်း သိရသည်။

“ တချို့ဆိုရင် အိုးခွက်ပန်းကန်ကစ ငှားရမ်းတောင်းကျတယ်။ ကျမတို့လည်း ရှိတဲ့ပန်းကန်လေး၊ အိုးလေး ခွဲပြီးပေး လိုက်တယ်။ စစ်ရှောင်ကော်မတီ လည်း ရှာပေးတယ်။ တကယ့်အရေးကြီး လိုအပ်နေတဲ့ သူတွေဆိုရင် အိုး ၁ လုံး၊ ၂ လုံးပေးတာရှိတယ်။ စောင်တွေလည်း မျှပေးရတယ် “ ဟု မအဲက ထပ်လောင်းပြောသည်။

ကရင်နီ (ကယား) ပြည်အတွင်း “ ၁၁.၁၁ စစ်ဆင်ရေး “ တိုက်ပွဲကြောင့် ယနေ့အချိန်ထိ ဆီဆိုင်မြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ရှောင်များ နေ့စဉ်နှင့်အမျှရှိနေချိန် ဒေသခံများကလည်း ကူညီထောက်ပံ့ မပေးနိုင်တော့သဖြင့် အရပ်ဘက်အဖွဲ့အစည်း အသီးသီးအနေဖြင့် အလှူရှင်ရှာပြီး ကူညီပေးစေလိုကြောင်း စစ်ရှောင်ကော်မတီးများက တောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

နေရပ်မပြန်နိုင်သေးသည့် လွိုင်ကော်စစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံနေ

0
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့သို့ နေရပ်မပြန်နိုင်သေးသည့် ဒေသခံများ စားဝတ်နေရေးအခက်ခဲကြောင့် ရေရှည်ရှောင်တိမ်းရန် အခက်ခဲကြုံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ တွင်ဖြစ်ပွားခဲ့သော “၁၁၁၁”စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့ခံများ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြီ ၂၀၂၅ ခုနှစ်တွင် စစ်ရေးအခြေအနေ ငြိမ်သက်လာသဖြင့် မြို့ခံအချို့အပါအဝင် အစိုးရဝန်ထမ်းအချို့ နေရပ်ပြန်နေထိုင်ခဲ့ကြသည်။ သို့သော် လွိုင်ကော်မြို့ပေါ်ရှိ ငွေတောင်ရပ်ကွက်နှင့်...