ဆီဆိုင်မြို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးကြောင့် ဆိုင်ခန်း ၆ ခန်းမီးလောင် ပျက်စီး

သျှမ်းပြည် ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် မြို့ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ဆိုင်ခန်း ၆ ခန်းမီးလောင်သွားကြောင်း စုံစမ်းသိရသည်။

ဆီဆိုင် လက်နက်ကြီးကျ

ယနေ့ (ဇန်နဝါရီလ ၂၈ ရက်) နေ့လည် ၂ နာရီခွဲဝန်းကျင်မှစပြီး ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာအနီးရှိ စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဆီဆိုင်မြို့မဈေးအရှေ့သို့ ကျရောက်ပေါက်ကွဲပြီး ဆိုင်ခန်း ၆ ခန်းမီးလောင် ပျက်စီးသွားကြောင်း PNLA ၏တပ်ဖွဲ့ဝင်တပ်သားတစ်ဦးက ပြောသည်။

“သူတို့ဆိုက်ခေါင်ကနေ လက်နက်ကြီးနဲ့ လှမ်းထုတာ။ ဆီဆိုင်မြို့ပေါ်ကို လာကျပြီး မြို့မဈေးအရှေ့ ဘက်က ဆိုင်ခန်းတွေမီးလောင်သွားတာ။ အကုန်တော့ မလောင်ဘူး။ အစောပိုင်းလောင်တာကတော့ ၆ ဆိုင်လောက်တော့ လောင်သွားတယ်။ ပစ္စည်းတွေလည်း အကုန်လောင်သွားတာပေါ့။ အခုတော့ မီးငြိမ်းသွားပြီ” ဟု ၎င်းက ပြောသည်။

အဆိုပါ ဆိုင်ခန်းများမီးလောင်သွားခြင်းနှင့် ပတ်သက်၍ ပျက်စီးသွားသည့် တန်းဖို့ကိုတော့ အသိအစိတ်ကို မသိရသေးကြောင်း ဆိုသည်။

ဆီဆိုင် လက်နက်ကြီးကျ မီးလောင်

အလားတူ ဆီဆိုင်မြို့ပေါ်ကို ယနေ့ တစ်နေကုန်နီးပါး စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်နေလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲတိုက်ခြင်း အပြင်းအထန် ပြုလုပ်နေသောကြောင့် ဒေသခံများအနေဖြင့် ဘေးလွတ်ရာ နေရာသို့ ထွက်ပြေးတိမ်းရှောင်ရန်၊ တိုက်ပွဲနီးစပ်ရာ ဒေသများတွင် မနေကြရန် PNLA ၏တပ်ဖွဲ့ဝင်တပ်သားတစ်ဦးက တောင်းဆိုထားသည်။

“အဓိကတော့ ပိတ်မိနေတဲ့ဒေသခံအနေနဲ့ စစ်ကောင်စီနဲ့နီးစပ်ရာ နေရာတွေမှာ အသက်နိုင်ဆုံး ရှောင်ပေးဖို့လိုတယ်။ ဖြစ်နိုင်ရင် မြို့အနီးမှာ မရှောင်တာအကောင်းဆုံးပဲ။ ဟိုပုံး၊ ဆီဆိုင်မြို့တွင်းမှာ မရှောင်တာ အကောင်းဆုံးပဲ” ဟု ၎င်းကတိုက်တွန်းထားသည်။

ပြီးခဲ့သည့် (ဇန်နဝါရီလ ၂၂ ရက်) မှ (ယနေ့ ဇန်နဝါရီလ ၂၈ ရက်)အထိ ဆီဆိုင်မြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...