ဆီဆိုင်မြို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီမှ လက်နက်ကြီး၊ လေယာဉ်ဖြင့် ပစ်ကူ

သျှမ်းပြည် ဆီဆိုင်မြို့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့၊ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့တို့ကြား ယနေ့ (ဇန်နဝါရီလ ၂၆ )ရက် နံနက်အစောပိုင်းစ၍ တိုက်ပွဲဆက်လက် ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။

ဆီဆိုင်မြို့နယ် စစ်ရှောင်များ

ယနေ့ (ဇန်နဝါရီလ ၂၆ ရက်) နံနက်အစောပိုင်း ၅ နာရီဝန်းကျင်မှစ၍ ဆီဆိုင်မြို့ပေါ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဆိုက်ခေါင်စံပြကျေးရွာ၏ အနောက်ဘက်မှနေ၍ စစ်ကောင်စီသည် လက်နက်ကြီးဖြင့် ပစ်ကူနေကြောင်း ဆီဆိုင်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့ ဆီဆိုင်မြို့မှာ မိုးလင်းကတည်း ပစ်နေကြတာ။ ဆိုက်ခေါင်ကျေးရွာ အနောက်ဘက်ကနေပြီး လက်နက်ကြီးနဲ့ တောင်ဘက်ကို ထုနေတယ်။ လေယာဉ်တွေလည်း ၂ ခါ၊ ၃ ခါလောက် လာဝဲသွားတယ်” ဟု ၎င်းကပြောသည်။

အလားတူ ယမန်နေ့ (ဇန်နဝါရီလ ၂၅ ရက်)တွင်လည်း ဆီဆိုင်မြို့ပေါ်နှင့် ကျေးရွာ ၄ ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနှင့် Y 12 လေယာဉ်များဖြင့် ၂၀ ကြိမ်းနီးပါး လာရောက်ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း PNLA မှ ယနေ့ ဇန်နဝါရီလ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီသည် ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအလုံးပေါင်း ၁၀၀ ကျော် ကျဲကြခဲ့ကြောင်းဆိုသည်။

ယင်းကဲ့သို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆီဆိုင်မြို့မဈေးလည်း မီးလောင်သွားကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ထို့အပြင် တိုက်ပွဲကြောင့် ဆီဆိုင်မြို့အတွင်း ပိတ်မိနေသည့် စစ်ဘေးရှောင်များလည်း ရာနှင့်ချီကျန်ရှိ နေပြီး လက်ရှိအချိန်ထိ ကယ်ထုတ်၍ မရသေးကြောင်း ဆီဆိုင်မြို့နယ် လူမှုကယ်ဆယ်ရေးတစ်ဦးက ဆက်ပြောသည်။

“ဆီဆိုင်မှာ ပိတ်မိနေတဲ့ ပြည်သူလူထုရှိတယ်။ ပိတ်မိနေတာသူအများစုက ဒေသခံတွေမဟုတ်ဘဲနဲ့ လွိုင်ကော်ကနေ ဆီဆိုင်မြို့ကို ခဏပြောင်းလာတဲ့ စစ်ရှောင်တွေပါ။ အခုအိမ်ရှင်တွေပြောင်းသွားတော့ သူတို့ခများ သွားစရာလာစရာမရှိလို့ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ရာနဲ့ချီကျန်နေသေးတယ်။ အခုကပေးမဝင်တာထက် ပေးမထွက်ခြင်း၊ ထွက်ခြင်း ဘယ်နှစ်ရက်ကနေ ဘယ်လောက်အတွင်းမှာတော့ ထွက်ခွင့်ပြုထားတာ” ဟု လူမှုကယ်ဆယ်ရေးတစ်ဦးက ပြောသည်။

လက်ရှိ တိုက်ပွဲသည် ဆီဆိုင်မြို့ပေါ်နှင့် မြို့အနီးတဝိုက်ကျေးရွာတွင် ဖြစ်ပွားနေပြီး ဆီဆိုင်-ဟိုပုံး လမ်းတကြောရှိ ကျေးရွာများမှ ဒေသခံများလည်း တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် အိမ်စောင့် ၁ ဦးအဖြစ် ကျန်ရစ်ကာ တရွာလုံးနီးပါး ကြိုတင်ထွက်ပြေး တိမ်းရှောင်နေကြသည်။

ဘန်းယဉ်ကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက “ဘန်းယဉ်မှာလည်း တော်တော်များများ ထွက်ပြေးနေပြီ။ ၃ ပုံမှာ ၂ ပုံလောက်က ထွက်ပြေးသွားပြီး ကျန်တဲ့ဟာကတော့ အိမ်စောင့်အဖြစ်နေခဲ့တယ်။ အခုလည်း ကျမတို့ လယ်ထဲမှာနေရတာ။ အခုလေးတောင် တောင်ဘက်မှာ ဒုံးဒုံး ဒိုင်းဒိုင်းပစ်ခတ်သံတွေ ကြားနေရတယ်။ ဆိုက်ခေါင်မှာပစ်နေတာ” ဟု ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၂၂) ရက်က ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာကို စစ်ကောင်စီမှ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ပြီးနောက် PNLA၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့များသည် ဆီဆိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လာစဉ် ၅ ရက်သာအတွင်း ဆီဆိုင်မြို့ မြို့မရဲစခန်းနှင့် ခမရ (၄၂၃/၄၂၄) ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...