COVID-19
သျှမ်းပြည် ဝန်ကြီးချုပ်နှင့် လိုက်ပါခဲ့သည့် အမျိုးသား၂ဦး ဓာတ်ခွဲခန်းအဖြေ Negative ဖြစ်
SHAN -
သျှမ်းပြည် အရှေ့ပိုင်း သျှမ်းပြည်နယ်ဝန်ကြီးချုပ် ခရီးစဉ်နှင့်အတူ လိုက်ပါသည့် အမျိုးသား ၂ဦး ဓာတ်ခွဲခန်း အဖြေ Negativeဖြစ်ကြောင်း သိရသည်။ အဆိုပါ ၂ဦးသည် သျှမ်းပြည်နယ် လွှတ်တော်ဥက္ကဌ၏ ယာဉ်မောင်း နှင့် သျှမ်းပြည်နယ် ရဲမှူးချုပ်၏ ကိုယ်ရေး အရာရှိ (PSO ) တို့ဖြစ်သည်။ ထိုခရီးစဉ်တွင် သျှမ်းပြည်...
တောင်ကြီး ကိုဗစ် လူနာ ၁၂၁ နှင့်ထိတွေ့သူ ၁၂ဦးရှိ
SHAN -
တောင်ကြီးမြို့ COVID-19 လူနာအမှတ် ၁၂၁ နှင့် အနီးကပ် ထိတွေ့သူ ၁၂ ဦးရှိကြောင်း သျှမ်းပြည်နယ် အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။ ဧပြီ ၂၁ ရက်နေ့ည က အားကစား နှင့် ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်သည့် အတည်ပြုလူနာ...
တရုတ်ဘက်ပို့မည့် သစ်သီးများပျက်စီး အရှုံးပေါ်
ကိုဗစ် -၁၉ ရိုက်ခတ်မှုကြောင့် တရုတ်ပြည်နယ်စပ်သို့တင်ပို့နေသည့် သစ်သီးများ ပျက်စီးကာ အရှုံးပေါ်နေကြောင်း မူဆယ် သစ်သီးပွဲရုံများထံ စုံစမ်းသိရသည်။ လက်ရှိ ကာလသည် ကမ္ဘာတဝှမ်း သာမက မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ၏ ရိုက်ခတ်မှုကြုံ နေရပြီး၊ တရုတ်နိုင်ငံသို့တင်ပို့သည့် သစ်သီးကုန်တင်ကားများကို စိစစ်ရာတွင် ကြန့်ကြာမှုရှိသဖြင့် သစ်သီးများ ပုတ်သိုးကာ...
ကိုဗစ်-၁၉ အမှတ် ၁၂၁ နှင့် ထိတွေ့သည့် ပင်လုံဒေသခံ ၂ဦး ဓာတ်ခွဲနမူနာစစ်ဆေးခံရ
SHAN -
တောင်ကြီးမြို့ COVID-19 အတည်ပြု လူနာအမှတ် ၁၂၁ နှင့် ဆက်စပ်သူ ပင်လုံမြို့ဒေသခံ ၂ဦး သံသယ လူနာ အဖြစ် သတ်မှတ်ခံရကြောင်း သိရသည်။ ဧပြီ ၂၁ရက် ည ၈နာရီ တွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်သည့် COVID-19...
သင်္ကြန်ကာလ အစိုးရ ထောက်ပံ့ရေး သျှမ်းပြည် အတွင်း ထိရောက်မှု အားနည်း
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရန် အတွက်သင်္ကြန် ကာလအတွင်း ပြည်သူများနေအိမ်တွင်းတွင်နေထိုင်ရန် အစိုးရ က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထိုကြေညာထုတ်ပြီးနောက် နိုင်ငံတော် အစိုးရ အဖွဲ့မှ အခြေခံလူတန်းစားများကို ကျပ်ငွေ ၂သောင်း နဲ့ညီမျှသည့် ဆန်၊ဆီ၊ဆား၊ပဲ များကို မြန်မာပြည် အနှံ့ကူညီထောက်ပံ့ခဲ့သည်။
ထိုထောက်ပံ့မှုတွင် သျှမ်းပြည်...
ကိုးကန့် ချင်းရွှေဟော်ဂိတ်တွင် ပြည်တော်ပြန်ထပ်ဝင် စားသောက်ရေး ခက်ခဲနေ
SHAN -
တရုတ်နိုင်ငံ မှ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ တရုတ်ပြည်တော်ပြန် ၂၀၀ကျော် ထပ်မံရောက်ရှိလာသဖြင့် စားသောက်ရေးအပိုင်း ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ တရုတ်ပြည်တော်ပြန်များသည် ဧပြီ ၂၁ ရက် တွင် ၁၂၃ ဦး ပြန်လည်ဝင်ရောက်လာပြီး ယနေ့ (ဧပြီ ၂၂ ရက်)မနက်ပိုင်းတွင် ၂၂ ဦးထပ်ဝင်လာကြောင်း ၊...
စဝ်စံထွန်း ဆေးရုံတွင် ကိုဗစ် -၁၉ ဒုတိယလူနာ ရောက်ရှိ
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးတွင် ကိုဗစ်-၁၉ အတည်ပြု လူနာအမှတ် (၁၂၁) တဦးထပ်မံတိုးလာကြောင်း ယနေ့ ည ၈နာရီ တွင်ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရသည်။ ယနေ့ (ဧပြီ ၂၁)ရက် ပထမ သုတ်အနေဖြင့် ကိုဗစ်-၁၉ လူနာ ၂ဦးထပ်တိုးပြီး၊ တဦးမှာ တောင်ကြီးမြို့...
ကိုဗစ် ကာလ သျှမ်းနီတပ်နှင့် တပ်မတော် စစ်ရေးတင်းမာနေဆဲ
စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ် အထက်ပိုင်း ဟုမ္မလင်းမြို့နယ် အတွင်း သျှမ်းနီ အမျိုးသား တပ်မတော် (SNA) နှင့် အစိုးရ တပ်မတော်တို့ စစ်ရေး တင်းမာမှု ကြား ရှိနေသေးသဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း သတင်းရရှိသည်။ လက်ရှိ အချိန်ကာလတွင် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ လူနာ ဦးရေ...
သျှမ်းပြည် ဝန်ကြီးချုပ် နှင့် အတူ ဝန်ကြီး ၄ဦး self quarantine လုပ်နေရ
SHAN -
သျှမ်းပြည် အရှေ့ပိုင်း ခရီးစဉ် တွင် သျှမ်းပြည် ဝန်ကြီးချုပ် နှင့် အတူ လိုက်ပါသည့် သျှမ်းဝန်ကြီးများ၊ လွှတ်တော်ဥက္ကဌ နှင့် သျှမ်းပြည် ရဲမှူးချုပ် တို့သည် self quarantine လုပ်ထားရကြောင်း သျှမ်းပြည် အစိုးရ ထံမှ စုံစမ်းသိရသည်။ သျှမ်းပြည် ဝန်ကြီးချုပ် သည်...
RCSS/SSA ၏ ကိုဗစ် ထောက်ပံ့ပစ္စည်းများ လက်ခံပါက အရေးယူမည်ဟု တပ် ခြိမ်းခြောက်
SHAN -
သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) ထောက်ပံ့သည့် COVID-19 ကာကွယ်ရေး ပစ္စည်းများလက်ခံရယူပါက အရေးယူ ခံရမည်ဖြစ်ကြောင်း ဒေသခံများအား တပ်မတော်က ခြိမ်းခြောက်သည်ဟု သတင်းရရှိသည်။ သျှမ်းပြည် အတွင်းရှိ မြို့နယ် ၂၄ မြို့နယ် အတွက် COVID-19 ကာကွယ်ရေး ပစ္စည်းများကို...





