Wednesday, January 28, 2026

ကိုဗစ်-၁၉ အမှတ် ၁၂၁ နှင့် ထိတွေ့သည့် ပင်လုံဒေသခံ ၂ဦး ဓာတ်ခွဲနမူနာစစ်ဆေးခံရ

တောင်ကြီးမြို့ COVID-19 အတည်ပြု လူနာအမှတ် ၁၂၁ နှင့် ဆက်စပ်သူ ပင်လုံမြို့ဒေသခံ ၂ဦး သံသယ လူနာ အဖြစ် သတ်မှတ်ခံရကြောင်း သိရသည်။

 

Photo by ပင်လုံဒေသခံတဦး/ လူနာ အမှတ် ၁၂၁ နှင့် ထိတွေ့ခဲ့သည့် ပင်လုံဒေသခံ ၂ဦးကို ထားရှိသည့်နေရာ

ဧပြီ ၂၁ရက် ည ၈နာရီ တွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်သည့် COVID-19 လူနာ ၂ဦးတွင် တဦးသည် တောင်ကြီးမြို့တွင်နေထိုင်သည့် အသက် ၂၁ အရွယ် အမျိုးသမီးတဦးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထို့ကြောင့် ထိုသူနှင့် ထိတွေ့ခဲ့သည့် ပင်လုံဒေသခံ ၂ ဦး၏ ဓာတ်ခွဲနမူနာကို ရန်ကုန်အမျိုးသား ကျန်းမာရေးဓါတ်ခွဲဌာန သို့ ပေးပို့ ကာ စစ်ဆေးသွားမည်ဖြစ်ကြောင်း လွိုင်လင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) နန်းမြထွေး က သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ ၂ ယောက် စလုံးကို quarantine လုပ်ဖို့ ပင်လုံတက္ကသိုလ်မှာ သွားနေပြီ၊ ကျန်းမာရေးတော့ ကောင်းတယ်။ သူတို့ရဲ့ ဓါတ်ခွဲနမူနာကို ရန်ကုန်အမျိုးသားဆေးရုံမှာ စစ်ဆေးမယ်။ တကယ်လို့ Negative ဖြစ်ရင် သူတို့ အိမ် သူတို့ ပြန်လာနေလို့ရပီ” ဟု လွိုင်လင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် နန်းမြထွေး ကပြောသည်။

ထိုပင်လုံဒေသခံ ၂ဦးသည် လူနာအမှတ် ၁၂၁ နှင့် အတူ ဧပြီ ၅ ရက်နေ့က ရန်ကုန်မှ ဟဲဟိုးသို့ လေယာဉ် အတူစီးလာသည့် ခရီးသည်များဖြစ်ကြောင်း နန်းမြထွေး ကပြောသည်။

“သူ အနံ့အရသာ မခံစားရတော့ဘူးဆိုရင် သူလည်း ဆရာဝန်တစ်ယောက်ပဲ ဘာကြောင့် သူ့ကိုသူ self quarantine မလုပ်လည်း ဘာကြောင့် အပြင်တွေ သွားနေလည်း ဆိုတာ သုံးသပ်ချင်ပါတယ်” ဟုလူနာ အမှတ် ၁၂၁ နှင့် နီးစပ်သည့် အမည်မဖော်လိုသည့် သူတဦးကသုံးသပ် ပြောဆိုခဲ့သည်။

လူနာ အမှတ် ၁၂၁ သည် မတ်လ ၂၂ ရက်နေ့ က အင်္ဂလန် နိုင်ငံမှ ပြန်လာသူဖြစ်ပြီး ရန်ကုန် Airport Hotel တွင် Quarantine ဝင်ခဲ့သည်။

ထိုကာလ အတွင်း အနံ့အရသာ ပျောက်နေသည့် အကြောင်းကို နေ့စဉ် ကျန်းမာရေး လာစစ်ပေးသည့် ကျန်းမာရေးဝန်ထမ်းများကို ပြောပြသော်လည်း အံသွားပေါက်နေသည့်အတွက် ကြောင့် ဟုသာ ပြောဆိုခဲ့သည်။

ထို့ကြောင့် Covid-19 ရောဂါ ဖြစ်မှန်းမထင်ခဲ့ကြောင်း quarantine ရက်ပြည့်သည့် ဧပြီ ၅ရက်တွင် တောင်ကြီးကို ပြန်လာခဲ့ပြီး၊ ဧပြီ ၆ရက်တွင် တောင်ကြီးဈေး၊ ဧပြီ ၇ရက်တွင် လွိုင်ကော်မြို့ရှိ တောင်ပေါ်စခန်း ပရဟိတကျောင်း သို့ သွားရောက်ခဲ့သေးကြောင်းသိရသည်။

ဆက်လက်ပြီး ဧပြီ ၈ရက်နေ့တွင် သွားနှုတ်ရန် မြဆေးခန်းသို့ သွားခဲ့သေးကြောင်းသိရသည်။

ဧပြီ ၁၉ ရက်ထိ လူနာအမှတ် ၁၂၁သည် အနံ့အရသာမရသဖြင့် တောင်ကြီး ဆေးရုံကို သွားပြခဲ့ပြီးသံသယ လူနာ အဖြစ်သတ်မှတ်ခဲ့ရာ ဧပြီ ၂၁ ရက် ညတွင် ဆေးစစ်ချက် အဖြေ positive အဖြေထွက်ခဲ့သည်။

ထို့ကြောင် လူနာအမှတ် ၁၂၁ နှင့် ထိတွေ့ဆက်စပ်ခဲ့သည့် ပြည်သူများအားလုံး တောင်ကြီး ဆေးရုံတွင် ဆေးစစ်ရန် လည်း သက်ဆိုင်ရာက ပန်ကြားထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် Covid-19 စောင့်ကြည့်လူနာ ၁၂၁ ဦးရှိပြီး သျှမ်းပြည်နယ်တွင် ရောဂါပိုးတွေ့ရှိသူ ၆ ဦး ရှိပြီးဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...