Tuesday, January 27, 2026

တရုတ်ဘက်ပို့မည့် သစ်သီးများပျက်စီး အရှုံးပေါ်

ကိုဗစ် -၁၉ ရိုက်ခတ်မှုကြောင့် တရုတ်ပြည်နယ်စပ်သို့တင်ပို့နေသည့် သစ်သီးများ ပျက်စီးကာ အရှုံးပေါ်နေကြောင်း မူဆယ် သစ်သီးပွဲရုံများထံ စုံစမ်းသိရသည်။

 

Photo by Sai Myint Bo/ ပျက်စီးသွားသည့် သစ်သီးများ

လက်ရှိ ကာလသည် ကမ္ဘာတဝှမ်း သာမက မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ၏ ရိုက်ခတ်မှုကြုံ နေရပြီး၊ တရုတ်နိုင်ငံသို့တင်ပို့သည့် သစ်သီးကုန်တင်ကားများကို စိစစ်ရာတွင် ကြန့်ကြာမှုရှိသဖြင့် သစ်သီးများ ပုတ်သိုးကာ အရှုံးပေါ်မှုများဖြစ်ပွားခဲ့ကြောင်း မူဆယ် သစ်သီးပွဲရုံ ဥက္ကဌ ဦးစိုင်းခင်မောင်က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ လမ်းပိုင်းမှာ ၁၂၀၀ ရှိတယ်။ ဆုံးရှုံးမှုက ကားခတောင်မရဘူး။ တစီးကို သိန်း၃၀၊ သိန်း၄၀ ဆုံးတယ်။ ဒီတပတ်က အခြေအနေပိုဆိုးတယ်” ဟု ဥက္ကဌ ဦးစိုင်းခင်မောင် က ဆိုသည်။

မူဆယ်မြို့ သို့တက်မည့် ကားသမားများအနေဖြင့် မြေပြင် သတင်းကို နားထောင်ပြီး မှ တက် စေလိုကြောင်း၊ ယခုရက်ပိုင်း တက်မည်ဆိုပါက ဆုံးရှုံးမှု များနိုင်ကြောင်းလည်း ဦးစိုင်းခင်မောင်က ပြောသည်။

Photo by Sai Myint Bo/ ပျက်စီးသွားသည့် သစ်သီးများ

တရုတ်နိုင်ငံသို့ဝင်မည့် ကားများကိုလည်း တရုတ်နိုင်ငံမှ သေချာစိစစ်မှုများပြုလုပ်ပြီး တရုတ်နိုင်ငံသား ကားသမားများ လာရောက်မောင်းရသဖြင့် အချိန်ကြန့်ကြာမှုရှိကြောင်း လည်း မူဆယ် သစ်သီးပွဲရုံများက ပြောဆိုလိုက်သည်။

“ တရုတ်ဘက်က မြန်မာကားအထာမသိတော့ ကားပျက်တာတွေလည်းရှိပါတယ်” ဟု ဦးစိုင်းခင်မောင် က ထပ်လောင်းပြောသည်။

တရုတ်ဘက်မှ ကိုဗစ်-၁၉ ကာလ အတွင်း ကားများကို စစ်ဆေးသည့်အခါ ပုံမှန်ထက် ကြာကြောင့်၊ မူဆယ် ၁၀၅မိုင် မှ တရုတ်နိုင်ငံသို့ တရက်လျှင် အစီး( ၃၀၀ )စီးသာ ပေးဝင်ကြောင်းသိရသည်။

Photo by Sai Myint Bo/ ပျက်စီးသွားသည့် သစ်သီးများ

မြန်မာပြည်မှ မူဆယ်သို့ တက်လာသည့် နေ့စဉ် အစီး ရာချီ တက်လာကြသဖြင့် မူဆယ် (၁၀၅)မိုင်တွင် အသီးကားများ နေ့စဉ် ၁ထောင်ကျော် ပိတ်မိနေကြောင်းလည်း မူဆယ်မြို့ သစ်သီးပွဲရုံ ပိုင်ရှင် စိုင်းမြင့်ဘို က သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ မူဆယ် ၁၀၅ မိုင်မှာ ကားတစီးကို ၃ ည ကနေ ၆ ညထိ အိပ်ရတယ်။ အဲ့မှာ အသီး အရည်အသွေး ကျလာတယ်။ဈေးတွေ မရဘူး။ကားတစီးလုံး အသီးတွေပုတ်လို့သွန်ရတာတွေတောင်ရှိတယ်” ဟု စိုင်းမြင့်ဘို က ဆိုသည်။

ထို့ကြောင့် မြန်မာပြည်မှ မူဆယ်သို့ တက်လာမည့် ကားများအနေဖြင့် ကားခ ပါ ဆုံးရှုံးမှုမရှိအောင် စိစစ်ပြီး လာရန် လည်း မူဆယ်သစ်သီးပွဲရုံ များကပြောဆိုလိုက်သည်။

ကိုဗစ်-၁၉ ကာလ ကြောင့် မြန်မာ-တရုတ်နယ်စပ်ဂိတ်များတွင် လူဝင်၊ထွက် မှုကို ဧပြီ ၁ရက်နေ့တွင် စတင်ပိတ်လိုက်ပြီး ကုန်သွယ်ရေး အတွက် ကုန်ကားများ ပေးဝင်သော်လည်း ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ ပေးမဝင်ဘဲ တရုတ်နိုင်ငံသားများက လာရောက်မောင်းရကြောင်း သိရသည်။

လက်ရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်သည့် ကာလဖြစ်သဖြင့် နယ်စပ်ကုန်သွယ်ရေး လည်း ဆုံးရှုံးမှုများကာ ရောင်းဝယ်မှု အဆင်မပြေကြကြောင်းလည်း မူဆယ် ဒေသခံများက ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ် ပြောင်းစိုက်တောင်သူများ နှစ်နှစ်ဆက်တိုက် အရှုံးပေါ်ပြီး အကြွေးနွံနစ်နေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ ပြောင်းစိုက်တောင်သူများသည် ပြောင်းဈေးနှုန်း အဆမတန် ကျဆင်းခြင်းကြောင့် နှစ်နှစ်ဆက်တိုက် အရင်းပြန်မရဘဲ အရှုံးပေါ်နေကြောင်း သတင်းရရှိသည်။

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...