ဆီဆိုင်မြို့နယ် ပြောင်းစိုက်တောင်သူများ နှစ်နှစ်ဆက်တိုက် အရှုံးပေါ်ပြီး အကြွေးနွံနစ်နေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ ပြောင်းစိုက်တောင်သူများသည် ပြောင်းဈေးနှုန်း အဆမတန် ကျဆင်းခြင်းကြောင့် နှစ်နှစ်ဆက်တိုက် အရင်းပြန်မရဘဲ အရှုံးပေါ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ပြောင်းစိုက်တောင်သူများ ဈေးကောင်းရရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အရှုံးပေါ်ခဲ့သည်။ သို့သော် ယခုနှစ် ၂၀၂၅ တွင် ပြောင်းဈေးကောင်းမည်ဟု ယူဆကာ ပြောင်းစိုက်ခင်းများကို တိုးချဲ့စိုက်ပျိုးခဲ့ကြသော်လည်း ပြောင်းဈေးနှုန်း ဆက်လက်ကျဆင်းနေသဖြင့် ဆီဆိုင်မြို့နယ်မှ တောင်သူများ အရှုံးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ယခင် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ပြောင်းအစို တစ်ပိဿာလျှင် ငွေကျပ် ၆၀၀ (ခြောက်ရာ) ဝန်းကျင်နှင့် ပြောင်းအခြောက် တစ်ပိဿာလျှင် ကျပ် ၁,၀၀၀ (တစ်ထောင်) ဝန်းကျင် ရရှိခဲ့သော်လည်း ၂၀၂၃ မှ ၂၀၂၅ ခုနှစ်အထိ လက်ရှိကာလတွင်မူ ပြောင်းအစို တစ်ပိဿာလျှင် ငွေကျပ် ၈၀၀ သာ ရရှိပြီး၊ ပြောင်းအခြောက်လည်း တစ်ပိဿာလျှင် ကျပ် ၁,၂၀၀ (တစ်ထောင့်နှစ်ရာ) သာ ရရှိတော့ကြောင်း တောင်သူများထံမှ သိရသည်။

“ပြောင်းစိုက်ခ၊ ပြောင်းမျိုးစေ့၊ မြေဩဇာတွေက ဈေးကြီးတယ်။ ဒီနှစ်က ပြောင်းဈေးကလည်း မရှိဘူး။ တစ်ချို့ဆို အရင်းတောင် ပြန်မရဘူး။ ဒီနှစ်က အရင်းပြန်ရရင်တောင် ကံကောင်းလို့ပဲ။ ဒီနှစ်လည်း တောင်သူတွေ ဘဝပျက်တဲ့နှစ်ပဲ” – ဟု ဆီဆိုင်မြို့မှ ပြောင်းစိုက်တောင်သူတစ်ဦးက ပြောသည်။

Corn_Price_Drops
ပြောင်းဈေးနှုန်း အဆမတန် ကျဆင်း၊ တောင်သူအရှုံးပေါ် အကြွေးနွံနစ်

ပြောင်းမျိုးစေ့ကို တစ်အိတ်လျှင် ကျပ် နှစ်သိန်းအထိ ပေး၍ ဝယ်ယူရပြီး၊ အချို့သော စိုက်ခင်းများတွင် ရေမရရှိခြင်းကြောင့် အပင်မပေါက်ခြင်း၊ မျိုးစေ့ထုတ်လုပ်မှုကြောင့် မျိုးအောင်မှုနည်းခြင်း စသည့် ပြဿနာများကြောင့် နောက်တစ်ကြိမ် ချေးငွေယူပြီး ပြန်လည်စိုက်ပျိုးခဲ့ရသည်။

ထိုသို့ ချေးငွေယူရာတွင် ကျပ်တစ်ရာအတွက် တစ်လလျှင် ငါးကျပ်တိုးနှုန်းဖြင့် ချေးယူခဲ့ရသော်လည်း ပြောင်းဈေးနှုန်း အဆမတန် ကျဆင်းသောကြောင့် ပြောင်းစိုက်တောင်သူများ အကြွေးပြန်ဆပ်ရန် ခက်ခဲနေပြီး အကြွေးနွံနစ်နေကြောင်း သိရသည်။

“ပြောင်းစိုက်ဖို့ အရင်းပဲကို သိန်း ၅၀ လောက်ရှိတယ်။ ပြန်ရတာက ကျပ်သိန်း ၄၀ တောင် မပြည့်ဘူး။ အကြွေးကလည်း အတိုးနဲ့ဆို မြုပ်နေပြီ ဘာမှကို မကျန်တာ ဒီနှစ်က။ ဈေးကောင်းမလားဆိုပြီး စိုက်ထားတာ၊ နောက်နှစ်ဆို တခြားသီးနှံ စိုက်မှရမယ်” – ဟု ပြောင်းစိုက်တောင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ဆီဆိုင်မြို့နယ်မှ ပြောင်းစိုက်တောင်သူများသည် အများအားဖြင့် ပွဲစားများနှင့်သာ ပြောင်းအရောင်း အဝယ် ပြုလုပ်ကြပြီး မြန်မာနိုင်ငံမှ ပြောင်းများကို တရုတ်နှင့် ထိုင်းနိုင်ငံဘက်သို့ အဓိက တင်ပို့နေခြင်း ဖြစ်သည်။

သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ပင်းတယ၊ အောင်ပန်း ဘက်မှ ပြောင်းစိုက် တောင်သူများသည်လည်း ပြောင်းဈေးနှုန်း အဆမတန် ကျဆင်းမှုကြောင့် အရင်းပြန်မရဘဲ အကြွေးနွံ နစ်နေကြောင်း သိရသည်။

ထိုသို့ ပြောင်းစိုက်တောင်သူများ အရှုံးပေါ်သောကြောင့် ပြောင်းအစားထိုး သီးနှံအဖြစ် ပဲစင်းငုံ များကို တိုးချဲ့ စိုက်ပျိုးလာကြကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေလတွင်လည်း သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်၊ ကာလေကျေးရွာမှ ပြောင်းစိုက်တောင်သူများသည် ပြောင်းဖူး တစ်ပိဿာလျှင် ငွေကျပ် ၆၀၀ သာ ရရှိခဲ့ပြီး အရှုံးပေါ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်းကြောင့် နွားအကောင်ရေ ၅၀ ခန့်သေဆုံး

0
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့် နွားအကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၁ ရက်) နေ့လယ် ၂ နာရီခန့်တွင် ဆီဆိုင်မြို့နယ် ကောင်ဝါးတောင်ရွာရှိ တောင်ယာအနီးတွင် နွားအုပ်လိုက် ကျက်စားနေချိန် မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ခြင်းကြောင့် နွား အကောင်ရေ...

ဆီဆိုင်မြို့နယ်တွင် အမျိုးသမီးတစ်ဦး ဟင်းရွက်ခူးရာမှ မြေမြှုပ်မိုင်းနင်းမိ၊ ခြေတစ်ဖက်ဆုံးရှုံး

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ရွှေတစ်ဂူဒေသတွင် အမျိုးသမီးတစ်ဦးသည် ချောင်းနံဘေး၌ ဟင်းရွက်ခူးရာမှ မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဧပြီလ (၅) ရက် နေ့လယ် ၂ နာရီအချိန်တွင် ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု ရွှေတဂူဒေသရှိ တဘက်ချောင်းအနီးတွင် ဟင်းရွက်ခူးနေသော အသက် (၅၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးသည်...