Wednesday, January 28, 2026

သင်္ကြန်ကာလ အစိုးရ ထောက်ပံ့ရေး သျှမ်းပြည် အတွင်း ထိရောက်မှု အားနည်း

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရန် အတွက်သင်္ကြန် ကာလအတွင်း ပြည်သူများနေအိမ်တွင်းတွင်နေထိုင်ရန် အစိုးရ က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Photo by တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး၊ မိုင်းဆတ်မြို့နယ် အခြေခံလူတန်းစားများကို ပစ္စည်းဝေပေးနေသည့်ပုံ

ထိုကြေညာထုတ်ပြီးနောက် နိုင်ငံတော် အစိုးရ အဖွဲ့မှ အခြေခံလူတန်းစားများကို ကျပ်ငွေ ၂သောင်း နဲ့ညီမျှသည့် ဆန်၊ဆီ၊ဆား၊ပဲ များကို မြန်မာပြည် အနှံ့ကူညီထောက်ပံ့ခဲ့သည်။

ထိုထောက်ပံ့မှုတွင် သျှမ်းပြည် အတွင်းရှိ အခြေခံ လူတန်းစား အိမ်ထောင်စု ၁သိန်းကျော် ရရှိခဲ့သော်လည်း အခြေခံလူတန်းစား ကို ဝေငှသည့် နေရာတွင် ပွင့်လင်းမြင်သာမှု မရှိကြောင်း လည်း သျှမ်းပြည် လူထုတွေက တပြိုင်နက် ပြောဆိုလိုက်သည်။

အခြေခံလူတန်းစား အတွက် အစိုးရ မှသင်္ကြန်ကာလ အတွင်း ထောက်ပံ့ရာတွင် သျှမ်းပြည်မြို့ပေါ်တွင်သာ အများဆုံးရရှိပြီး ကျေးရွာနေပြည်သူများ ထောက်ပံ့ပစ္စည်းမရကြောင်း လည်း သျှမ်းမြောက် ပြည်သူတွေက ဆိုကြသည်။

“ ကျေးရွာ ဘက်မှာ ရှိတဲ့ အခြေခံ လူတန်းစားတွေ မရကြဘူး။ မြို့ ပေါ် က လူပဲရတယ်။ မြို့ပေါ် တချို့ ငွေရှိတဲ့သူတောင် ရတယ်” ဟု သျှမ်းမြောက် COVID-19 prevention volunteer team မှ စိုင်းဟန် က ပြောသည်။

သင်္ကြန်ကာလ အတွင်း လားရှိုးမြို့ ပေါ်တွင် အစိုးရမှ ထောက်ပံ့သည့် ပစ္စည်းများ ဝေပေးမှုရှိသော်လည်း မြို့နဲ့အလှမ်းဝေးတဲ့ ကျေးရွာတွေမှာ ထောက်ပံ့မှု တစုံတရာ မရကြောင်းစိုင်းဟန် က ပြောပြသည်။

“ မြို့ က အရမ်းဝေးတဲ့နေရာ မိုင်းယော်အထက် ၊ နမ့်ပေါင် တလျှောက်တွေဆိုရင် ဘယ်လိုမှ မရောက်နိုင်ဘူး။ လားရှိုး အတွင်း ရပ်ကွက်ထဲပေးတာတောင် တချို့ က ကားနဲ့ လာယူတာ တချို့ ကဆိုင်ကယ်နဲ့လာတန်းစီ တာတွေရှိတယ်” ဟု စိုင်းဟန် က ဆိုသည်။

အခြေခံလူတန်းစားကို အစိုးရ မှ ထောက်ပံ့သည့် ပစ္စည်းတွေဟာ တချို့ ကျေးရွာတွေဆီ မရောက်သည့် ကိစ္စ သက်ဆိုင်ရာက သေချာ စိစစ်ပေးဖို့ လိုအပ်ကြောင်းလည်း သျှမ်းပြည် လူထု က ပြောသည်။။

အစိုးရ မှ ထောက်ပံသည့် ပစ္စည်းများသည် အိမ်ထောင်စုအလိုက် ဝေငှတဲ့အတွက် တချို့ အိမ်ထောင်စုများတခြားရက်ကွက်တွင် အမည်ပေါက်သော်လည်း ရပ်ကွက်ပြောင်းနေထိုင်မှုကြောင်း မရခဲ့သည့် အိမ်ထောင်စုတွေလည်း အများကြီးရှိတယ်လို့သိရသည်။

“ အစိုးရ က အိမ်ထောင်စု စာရင်းအလိုက်ပေးတယ်။ တချို့ က ဒီရပ်ကွက်မှာ အိမ်ထောင်စု စာရင်းမရှိဘူး။ ဒါပေမယ့် သူက တကယ်ဆင်းရဲတယ် စားစရာမရှိဘူးဆိုတဲ့သူတွေ မရတာရှိတယ်။ ရပ်ကျေးတွေအနေနဲ့သေချာစိစစ်ပေးဖို့လိုပါတယ်” လို့ သီပေါမြို့ ဒေသခံ မွေလျန်း က ပြောသည်။

အစိုးရ မှ ထောက်ပံ့သည့် စားသောက်ကုန်ပစ္စည်းများကို ဝေငှဖို့အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ ကျေးရွာ အုပ်စု မှ အုပ်ချုပ်ရေးမှူးများ စာရင်း ပြုစုပေးရကြောင်း သိရသည်။

“ အခု အခြေခံလူတန်းစာတွေကို လိုက်ဝေပေးတာက အုပ်ချုပ်ရေးမှူးပိုင်းကပါ။ စာရင်းလည်း သူတို့လုပ်ရတယ်။ ကိုယ့်ဒေသ ဘယ်အိမ် က ဘာဆိုတာ သူတို့သိကြသလို ဒါပေမယ့် အိမ်ထောင်စု စာရင်းမရှိရင်တော့ အစိုးရ ထောက်ပံ့မှု မရဘူး” လို့ လည်း မွေလျန်း ကဆိုသည်။

အစိုးရ မှ သက်မှတ်ထားသည့် ပုံမှန်ဝင်ငွေ မရှိသည့် အခြေခံလူတန်းစား စာရင်းများမှာ ပျံကျဈေးသည်၊ အနှေးယာဉ်လုပ်သား၊ ကျဘန်းလုပ်သား (ပန်းရံ၊ လက်သမား၊ ကုန်ထမ်း)၊ ရေလုပ်သား(တံငါ)၊ သဗ္ဗာန်/ကုတို့သမား၊ အလုပ်ကြမ်းသမား၊ပျိုးနုတ်၊ ကောက်စိုက်၊ခြံလုပ်သားများ ဖြစ်ကြသည်။

ထိုအုပ်စုထဲတွင် ပါဝင်သည့် သျှမ်းပြည် အတွင်းနေထိုင်သည့်ကျေးရွာ ပြည်သူအများစု မရကြကြောင်း သျှမ်းသံတော်ဆင့် စုံစမ်း ချက် အရသိရသည်။

Photo by တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူး၊ အခြေခံ လူတန်းစားများကို ပစ္စည်းဝေးပေးနေသည့်ပုံ

“ ပြည်ပကနေ ထောက်ပံ့တာရှိရင်အစိုးရ ထောက်ပံ့မှု မရဘူးလို့ပြောပေမယ့်။ သင်္ကြန်အတွင်းမှာ လာဝေတုန်းကတော့ ပြည်ပ ထောက်ပံ့မှု ရှိတဲ့သူလည်းရတယ်။ တကယ်လိုအပ်နေတဲ့ ကျေးလက် အိမ်တွေ တအိမ်မှ မရဘူး။ကျမတို့ ရှမ်းတွေ အများစုနေတဲ့ရွာဆိုရင် တယောက်မှ မရဘူး” ဟု သျှမ်းတောင် လင်းခေးမြို့ဒေသခံ နန်းခမ်းလောင်လျန်း ကပြောသည်။

သျှမ်းပြည် တောင်ပိုင်း မိုင်းပန်မြို့နယ် နှင့် လင်းခေး မြို့နယ် အတွင်း သင်္ကြန်ကာလ အစိုးရ ထောက်ပံ့မှုသည် မရှင်းလင်းကြောင်း၊ များသောအားဖြင့် လူမျိုးစုများနေထိုင်သည့် ကျေးရွာများ ထောက်ပံ့မှု ပစ္စည်းလုံးဝမရကြောင်း၊မြို့ပေါ်နေ လူတန်းစားပဲ ရရှိကြောင်း နန်းခမ်းလောင်လျန်း က ကြုံခဲ့သည့် အဖြစ်အပျက်ကို ပြောပြသည်။

“ ကျမ ကတော့ မရဘူး။ ဒါပေမယ့် ရတဲ့သူတွေက ပြောတာ ဆန်က အရမ်းကြမ်းတယ်တဲ့။ ဘာဆန်တွေပေးလည်းမသိဘူး။ ပေးတဲ့ပစ္စည်းကလည်း အိမ်ထောင်တစုမှ ၅ဦးဆိုရင် မလောက်နိုင်ဘူး” ဟု နန်းခမ်းလောင်လျန်း ပြောသည်။

အခြေခံလူတန်းစားများကို ပစ္စည်းဝေးငှမှုတွင် သေချာစိစစ်မှု မပြုလုပ်ကြောင်း၊ အုပ်ချုပ်ရေးမှူးတွေ လုပ်ဆောင်ချက် အားနည်းကြောင်းလည်း သျှမ်းပြည် လူထုတွေက ပြောဆိုသည်။

“အုပ်ချုပ်ရေးမှူးတွေ ပွင့်လင်းမြင်သာမှု မရှိဘူး။ စာရင်းဇယားတွေ ကို ထုတ်ပြတာမရှိဘူး။ ကျေးရွာဘက် ထောက်ပံ့မှု က ရသင့်သလောက်မရဘူး” ဟု ကျောက်မဲဒေသခံ စိုင်းစိုင်း  ပြောသည်။

သျှမ်းပြည် အစိုးရ အနေဖြင့် နယ်မြေ ကွင်းဆင်းပြီး ဒေသခံပြည်သူများ၏ အခက်အခဲကို လိုက်လံ ကြည့်ပေးစေလိုကြောင်း၊ လက်ရှိ မှာ ကိုဗစ်-၁၉ ကာလ တွင် အလုပ်အကိုင် ရှားပါးမှုကြောင့် စားဝတ်နေရေးလည်း ခက်ခဲလာကြောင်း  စိုင်းစိုင်း  ထပ်လောင်းပြောသည်။

Photo by မူဆယ် တောင်ရပ်ကွက် အခြေခံ လူတန်းစားများကို ပစ္စည်းဝေးပေးနေသည့်ပုံ

“ ကျနော်ကတော့ မြေပြင်ဆင်းပြီး ပြည်သူတွေကို ထောက်ပံ့တာ ထိရောက်လား မထိရောက်လားဆိုတာ မြင်စေချင်တယ်” ဟု  စိုင်းစိုင်း က ပြောသည်။

သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့ တွင် အစိုးရ မှထောက်ပံ့ ပစ္စည်းများ နှင့် ပတ်သက်ပြီး ပြဿနာ တစုံတရာ မရှိကာ သင်္ကြန်အတွင်း စားသောက်ကုန် ဖူလုံနိုင်သော်လည်း ရေရှည်တွင် ပြဿနာ ရှိလာနိုင်သည် ဟု ဆီဆိုင် မှ ကိုဗစ်-၁၉ တားဆီး ကာကွယ်သည့် အဖွဲ့တွင် ပါဝင်သည့် ဦးစံဝင်းမောင် က ပြောသည်။

“လူတိုင်းမရဘူး။အ ရမ်းကို ဆင်းရဲနွမ်းပါးပြီး စားရသောက်ရမယ့် အနေအထား လူတန်းစားကိုပဲ သက်ဆိုင်ရာ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးက စိစစ်ရတယ်။ ဒီမှာတော့ ပြဿနာတော့ မရှိသလောက်ပါပဲ” ဟု ဦးစံဝင်းမောင်က ဆိုသည်။

သို့သော် သင်္ကြန်နောက်ပိုင်း မည်ကဲ့သို့ ပြဿနာ မျိုးကြားရမည်ကို မသိရှိကြောင်း၊ သင်္ကြန်အတွင်း လုံလောက်သော်လည်း သင်္ကြန်လောက်ပိုင်းတွင် စားဝတ်နေရေး ပြဿနာ ရှိလာနိုင်ကြောင်း ဦးစံဝင်းမောင် က ပြောသည်။

“ သျှမ်းပြည်မှာ သင်္ကြန်ကာလ အစိုးရ ရဲ့ ထောက်ပံ့မှု ဝေတာ အအောင်မြင်ဆုံးလို့ ပြောလို့ရတယ်။ ပြဿနာ သိပ်မရှိဘူး” ဟု သျှမ်းပြည် အစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွှန့်လွင်က ပြောသည်။

သင်္ကြန်ကာလအတွင်း သျှမ်းပြည်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၁သိန်းကျော်ကို ထောက်ပံ့နိုင်ခဲ့ကြောင်းလည်း ဦးစိုးညွှန့်လွင်က ဆိုသည်။

Photo by မူဆယ် တောင်ရပ်ကွက် အခြေခံ လူတန်းစားများကို ပစ္စည်းဝေးပေးနေသည့်ပုံ

“ သင်္ကြန်ကာလပြီးပြီဆိုတော့ သင်္ကြန်အလွန်ကိုကျနော်တို့ ထပ်ပြီး ထောက်ပံ့သွားဖို့ ရှိပါတယ်” ဟုလည်း ဦးစိုးညွန့်လွင် က ထပ်လောင်းပြောသည်။

သင်္ကြန် အလွန် ထပ်မံ ထောက်ပံ့ပါက အစိုးရ အဖွဲ့များအနေဖြင့် သေချာ စိစစ် ကွင်းဆင်းပြီး အခြေခံလူတန်းစားများ၏ လက်ထဲကို အပ်နှံပေးစေလိုကြောင်း၊ သင်္ကြန်ကာလ အတွင်းကဲ့သို့ မဖြစ်စေလိုကြောင်းလည်း သျှမ်းပြည် လူထုများက တောင်းဆိုလိုက်သည်။

“ သင်္ကြန်အလွန်ကတော့ လိုအပ်ချက်တွေ ပိုများလာမယ်။ စီးပွားရေးလည်းမလုပ်ရတော့ လူတိုင်းနီးပါး အဓိကလက်လုပ်လက်စားတွေကလည်း စားဝတ်နေရေးခက်လာမယ်။ ဒါကြောင့် သူတို့ကိုလည်း ထည့်တွက်ပေးစေလိုပါတယ်” ဟု သျှမ်းပြည် မြောက်ပိုင်း မူဆယ် ဒေသခံ စိုင်းလှမောင် က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ယနေ့ (ဧပြီ ၂၁)ရက်ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၂၁ ဦးရှိပြီး၊ လက်ရှိ ဆေးရုံတွင် ဆေးကုသသူ ၁၀၇ဦး၊ သေဆုံးသူ ၅ဦး နှင့် ပြန်လည် နေကောင်းလာသူ ၉ ဦးရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက် အရသိရသည်။

ယခုနောက်ပိုင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ပိုများလာသလို သျှမ်းပြည် တဝှမ်းတွင်လည်း ၆ဦးထိရှိလာသဖြင့် ပြည်သူများ အစစအရာရာ စိုးရိမ်ကာ အလုပ်အကိုင်များ၊ ဈေးဆိုင်များ၊ လက်လုပ်လက်စား များ၊ လည်း အလုပ်နားထားရသည်။

ထို့ကြောင့် သင်္ကြန် ရုံးပိတ်ရက်ထက် သင်္ကြန် အလွန်ကာလ တွင် ပြည်သူများ စားဝတ်နေရေး ပိုကျပ်တည်လာပြီး အစိုးရ အနေဖြင့် စီမံကိန်း တရပ်ဆွဲရာ ထောက်ပံ့ကူညီပေးစေလိုကြောင်းလည်း သျှမ်းပြည်သူများက ပြောဆိုလိုက်သည်။

“ ကပ်ဆိုးကြီးက ဘယ်လောက်ထိကြားမှာလဲမသိဘူး။ ကပ်ဆိုးကာလ ရှိနေသရွေ့တော့ စားဝတ်နေရေး အတွက် အားလုံး အခက်ဖြစ်မှာပဲ။ ကျေးရွာပြည်သူတွေလည်း ပိုပြီး ထိခိုက်လာနိုင်ပါတယ်” ဟု ဦးစံဝင်းမောင် ကပြောဆိုလိုက်သည်။

သျှမ်းပြည် အစိုးရ အနေဖြင့် နောက်ထပ်မံ ထောက်ပံ့ပေးစေလိုကြောင်း ၊ ထောက်ပံ့သည့်အခါတွင်လည်း သျှမ်းပြည်နယ် မြို့နယ် များနှင့် ဝေးလံသည့် ကျေးရွာများထံ ရောက်ရှိရန် နှင့် အမှန်တကယ်လိုအပ်သည့် ပြည်သူများထံ ရောက်ရှိစေရန် စိစစ်ပေးစေလိုသည် ဟု သျှမ်းပြည် လူထုများက တောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...