Tuesday, January 27, 2026

သျှမ်းပြည် ဝန်ကြီးချုပ် နှင့် အတူ ဝန်ကြီး ၄ဦး self quarantine လုပ်နေရ

သျှမ်းပြည် အရှေ့ပိုင်း ခရီးစဉ် တွင် သျှမ်းပြည် ဝန်ကြီးချုပ် နှင့် အတူ လိုက်ပါသည့် သျှမ်းဝန်ကြီးများ၊ လွှတ်တော်ဥက္ကဌ နှင့် သျှမ်းပြည် ရဲမှူးချုပ် တို့သည် self quarantine လုပ်ထားရကြောင်း သျှမ်းပြည် အစိုးရ ထံမှ စုံစမ်းသိရသည်။

Photo by Shan State government office

 

သျှမ်းပြည် ဝန်ကြီးချုပ် သည် ဧပြီလ ၁၇ ရက်ကစပြီး သင်္ကြန် ကာလအတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် သျှမ်းပြည် အရှေ့ပိုင်းသို့ သွားရောက်ကာ အစိုးရ မှ ထောက်ပံ့ပေးသည့် အခြေခံလူတန်းစား ပစ္စည်းများ လိုက်လံ ပေးဝေခြင်းနှင့် ဆေးရုံ အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့သည်။

ထို့ကြောင့် ကျိုင်းတုံ ခရီးစဉ်တွင် လိုက်ပါသည့် လွှတ်တော်ဥက္ကဌ ယာဉ်မောင်း နှင့် သျှမ်းပြည် ရဲမှူးချုပ် ၏ ကိုယ်ရေးအရာရှိ (PSO) တို့သည် ကိုယ်အပူချိန်မြင့်မားလာကာ ထိုသူ ၂ဦးကို ကျိုင်းတုံ ပြည်သူ့ဆေးရုံတွင်ထားရှိခဲ့ရသည်။

“ သူတို့ ၂ဦးရဲ့ ဓာတ်ခွဲ နမူနာကို ယနေ့က (ဧပြီ ၂၁) ရက်က ရန်ကုန်ကို ပို့လိုက်ပါပြီ။ သူတို့၂ယောက် က ကိုဗစ်-၁၉ လူနာ အဖြစ် အတည်ပြုရင် တော့ ခရီးစဉ်မှာပါတဲ့သူအားလုံးကို ထပ်ပြီး စစ်ရမယ်” ဟု သျှမ်းပြည်နယ် အစိုးရ အတွင်းရေးမှူး ဦးစိုးစိုးဇော် က သျှမ်းသံတော်ဆင့် ကို အတည်ပြု ပြောခဲ့သည်။

ထို့နောက် သျှမ်းပြည် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် အတူ ဝန်ကြီး ၄ ဦး နှင့် သျှမ်းပြည် လွှတ်တော် ဥက္ကဌ တို့ သျှမ်းပြည်တောင်ပိုင်း သို့ယမန်နေ့ည ပြန်ရောက်ကာ မိမိနေအိမ်တွင် self quarantine နေထိုင်ကြကြောင်း သျှမ်းပြည်နယ် အစိုးရ အတွင်းရေးမှူး ဦးစိုးစိုးဇော် က ပြောသည်။

“ အခုလောလောဆယ်က ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးတွေ၊ လွှတ်တော်ဥက္ကဌနဲ့ ရဲမှူးချုပ် တွေ က တော့ မိမိမှာနေအိမ် ဒါမှမဟုတ် အစိုးရရိပ်သာမှာ ကိုယ်တိုင် self quarantine အဆင့်ပဲ လုပ်ထားသေးတယ်” ဦးစိုးစိုးဇော် ကပြောသည်။

အရှေ့ပိုင်း ခရီးစဉ်လိုက်ပါသည့် ဝန်ကြီးများမှာ သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွမ်ဆိုင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင် နှင့် သျှမ်းပြည်နယ် လွှတ်တော်ဥက္ကဌ လုံးစိုင်းလုံးဆိုင် သျှမ်းပြည် ရဲမှူးချုပ် တို့ ဖြစ်ကြောင်း သိရသည်။

သျှမ်းပြည် အရှေ့ပိုင်းခရီးစဉ်တွင် ကျိုင်းတုံ ၊ တာချီလိတ် ၊ မိုင်းယောင်း သို့ရောက်ရှိခဲ့ပြီး ဧပြီ ၂၀ ရက်နေ့က အစိုးရဧည့်ရိပ်သာ သို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...