Wednesday, January 28, 2026

တောင်ကြီး ကိုဗစ် လူနာ ၁၂၁ နှင့်ထိတွေ့သူ ၁၂ဦးရှိ

တောင်ကြီးမြို့ COVID-19 လူနာအမှတ် ၁၂၁ နှင့် အနီးကပ် ထိတွေ့သူ ၁၂ ဦးရှိကြောင်း သျှမ်းပြည်နယ် အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

 

Photo by NRC

ဧပြီ ၂၁ ရက်နေ့ည က အားကစား နှင့် ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်သည့် အတည်ပြုလူနာ ၂ ဦးမှာ တောင်ကြီးမြို့က လူနာ တစ်ဦးပါဝင်နေကြောင်း သိရသည်။

“မိသားစုဝင် ၅ ယောက် သူငယ်ချင်း ၃ ယောက် တူတူသွားလာတာ ရှိတယ်။ နောက် သွားဆေးခန်း သွားတာလည်း ရှိတယ်။ အဲ့ဒါတွေ အားလုံးက အနီးကပ်ထိတွေ့သူ တွေရဲ့ ဓါတ်ခွဲနမူနာ အားလုံးကို ရန်ကုန်ကို ပို့မှာပေါ့နော်။” လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ လူနာအမှတ် ၁၂၁ သည် အင်္ဂလန်နိုင်ငံမှ ပြန်လာသူဖြစ်ပြီး ဧပြီ ၅ ရက်နေ့က ရန်ကုန် မှ ဟဲဟိုး သို့ Golden Myanmar Airline လေကြောင်းလိုင်းဖြင့် ခရီးသည် ၂၈ ဦး နှင့်အတူ စီးနှင်းလာကြောင်း သိရသည်။

“ လေယာဉ် နဲ့ အတူစီးလာတဲ့ ၂၈ ယောက်လည်း နှာခေါင်းတို့ပတ် ပို့နိုင်အောင် စီစဉ်နေတာပေါ့နော်။” ဟု ဝန်ကြီး ဒေါက်တာမျိုးထွန်း ကပြောသည်။

လူနာ အမှတ် ၁၂၁ သည် မတ်လ ၂၂ ရက်နေ့ က အင်္ဂလန် နိုင်ငံမှ ပြန်လာသူဖြစ်ပြီး ရန်ကုန် Airport Hotel တွင် Quarantine ဝင်ခဲ့သည်။ ထိုကာလ အတွင်း အနံ့အရသာ ပျောက်နေသည့် အကြောင်းကိုကျန်းမာရေးဝန်ထမ်းများကို ပြောပြခဲ့သည်။

သို့သော် ထိုအချိန်တွင် အံသွားပေါက်နေသည့်အတွက် ကြောင့် COVID-19 ဖြစ်မှန်းမထင်ဘဲ quarantine ရက်ပြည့်သည့် ဧပြီ ၅ရက်တွင် ပြန်လာခဲ့သည်။

ထို့ပြင် ဧပြီ ၁၉ ရက်ထိ လူနာအမှတ် ၁၂၁သည် အနံ့အရသာမရသဖြင့် တောင်ကြီး ဆေးရုံကို သွားပြခဲ့ပြီးသံသယ လူနာ အဖြစ်သတ်မှတ်ခဲ့ရာ ဧပြီ ၂၁ရက် ညတွင် ဆေးစစ်ချက် အဖြေ positive အဖြေထွက်ခဲ့သည်။

ထို့ကြောင့် လူနာအမှတ် ၁၂၁ နှင့်ထိတွေ့ဆက်စပ်ခဲ့သည့် ပြည်သူများအားလုံး တောင်ကြီး ဆေးရုံတွင် ဆေးစစ်ရန် လည်း သက်ဆိုင်ရာက ပန်ကြားထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် Covid-19 စောင့်ကြည့်လူနာ ၁၂၁ ဦးရှိပြီး သျှမ်းပြည်နယ်တွင် ရောဂါပိုးတွေ့ရှိသူ ၆ ဦး ရှိပြီး ၆ ဦးစလုံး ကျန်းမာရေးကောင်းမွန်လျှက် ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေး၊ ဈေးသည်အခက်တွေ့

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) မှ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ...

တောင်ကြီးမြို့သို့ အလုပ်လာရောက်သည့် အမျိုးသမီးတစ်ဉီး ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ဩတချောင်း နယ်မြေ (၅) ရွှေကြယ်မုန့်ဆိုင်တွင် အလုပ်လာလုပ်သည့် အသက် (၂၀) အရွယ်ရှိ မစုပြည့်အောင် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ အဆိုပါ မစုပြည့်အောင်သည် အင်းလေးဒေသ ညောင်ရွှေမြို့နယ် ပုံ့မှုကျေးရွာအုပ်စု ကျောင်းနားကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဦးဝင်းဖေ၊ ဒေါ်ငွေရင်တို့၏ တစ်ဦးတည်းသော သမီးဖြစ်ကြောင်း...

တောင်ကြီးပညာပါရမီ မိဘမဲ့ကျောင်းဖြတ်ပိုင်းဖြင့် လိမ်လည်အလှူခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ပညာပါရမီ မိဘမဲ့ကျောင်းအတွက် အလှူခံဟုဆိုကာ လိမ်လည်တောင်းခံနေကြောင်း သတင်းရရှိသည်။ ဇူလိုင်လ (၁၂) ရက်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာဘက်တွင် အဝတ်အစား သပ်ရပ်စွာ ဝတ်ဆင်ထားသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့သည် နေအိမ်ခြံဝန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်ကာ မိဘမဲ့ကျောင်းအတွက်ဆိုကာ...

တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီးနောက် စစ်အင်အားထပ်ဖြည့်

0
သျှမ်းပြည် တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီးနောက် စစ်အင်အား ထပ်မံဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီး နယ်မြေ မငြိမ်မသက်မှုများ မဖြစ်စေရေး ဆောင်ရွက်ရန် မှာကြားပြီးနောက် စစ်အင်အား...

တောင်ကြီးတွင် စစ်ရှောင်များက တပတ်တစ်ကြိမ် ဧည့်စာရင်းကြေးပေးနေရ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်တွင် စစ်ရှောင်များကို တပတ်လျှင်တစ်ကြိမ် ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေကြေးပေးနေရကြောင်း စုံစမ်းသိရသည်။ ဇွန်လကုန်ခန့်က တောင်ကြီးမြို့သို့ စစ်ရှောင်ရန်ရောက်ရှိနေသော စစ်ဘေးရှောင်များကို တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက်တွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက တစ်ပတ်လျှင်တစ်ကြိမ် ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေကောက်ခံမှုများရှိနေကြောင်း စစ်ရှောင်နေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ “ရောက်တာက ၆ လပိုင်းလောက်တည်းကရောက်တာပါ၊ ရောက်တည်းက...