RCSS/SSA ၏ ကိုဗစ် ထောက်ပံ့ပစ္စည်းများ လက်ခံပါက အရေးယူမည်ဟု တပ် ခြိမ်းခြောက်

သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) ထောက်ပံ့သည့် COVID-19 ကာကွယ်ရေး ပစ္စည်းများလက်ခံရယူပါက အရေးယူ ခံရမည်ဖြစ်ကြောင်း ဒေသခံများအား တပ်မတော်က ခြိမ်းခြောက်သည်ဟု သတင်းရရှိသည်။

Photo by Tai Freedom

သျှမ်းပြည် အတွင်းရှိ မြို့နယ် ၂၄ မြို့နယ် အတွက် COVID-19 ကာကွယ်ရေး ပစ္စည်းများကို RCSS/SSA အဖွဲ့ က ဧပြီ ပထမပတ်က စတင်ကာ ကူညီထောက်ပံ့မှုများပေးခဲ့သည်။

COVID-19 ကာကွယ်ရန် အတွက် (RCSS/SSA) ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ (PMC) အဖွဲ့မှ ဦးဆောင်ပြီး မိုင်းပန်မြို့နယ်အတွင်း သွားရောက်လှူဒါန် ပေးအပ်စဉ် နောင်လေရွာ နှင့် မိုက်ပုတ်ရွာရှိရွာသားများအား ထောက်ပံ့ပစ္စည်း လက်မခံရန် အစိုးရတပ်မတော်က တားမြစ်ခြင်းခံရကြောင်း RCSS/SSA၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ပြောသည်။

“ RCSS ကျန်းမာရေးအဖွဲ့ကနေ လာပြီး ပညာပေးတာ ကာကွယ်ရေးပစ္စည်းလာပေးတာ လက်မခံရဘူး။ လက်က်ခံမယ်ဆိုရင် ခင်ဗျားတို့ကို အရေးယူမယ်။ ထောင်ချမယ် ဆိုပြီး ခြိမ်းခြောက်တယ်” ဟု ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ဆိုသည်။

RCSS/SSA ၏ COVID-19 ထောက်ပံ့ပစ္စည်းများကို လက်ခံသည့် ဒေသခံများ ကို အစိုးရ တပ်မတော်မှ ထောင်ချမည် ဆိုသည့် ခြိမ်းခြောက်မှုများ မပြုလုပ်သင့်ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ အစိုးရ တပ်မတော် ဒီလို တားမြစ်တာ က ငြိမ်းချမ်းရေးတည်ဆောက်နေချိန်မှာ ယုံကြည်မှု ထိခိုက်နိုင်တယ်” ဟု ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး ကပြောသည်။

RCSS ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ( PMC) အဖွဲ့မှ ဦးဆောင်ပြီး သျှမ်းပြည်တွင်းရှိ ကိုဗစ် ရောဂါ ကာကွယ်ရေးပစ္စည်းများဖြစ်သည့် PPE ဝတ်စုံများ Mask များ လှူဒါန်းပေးခဲ့ပြီး ကျန်းမာရေး လက်ကမ်းစာစောင်များကိုလည်း ကွင်းဆင်း ပညာပေးခဲ့ကြကြောင်း သိရသည်။
မိုင်းပန်မြို့ရောက်မိုက်ပုတ်ရွာသား လုံးစိုင်းက – “ ကျနော်တို့ကို ကျန်းမာရေးလာစစ်ပေးတယ်။ ကူညီထောက်ပံ့မှုပေးတယ်။ ကောင်းတဲ့လုပ်ရပ်ဘဲလေ ကျနော်တို့ယူရမှာပေါ့။ ဒီဘက်ကလည်း ကျနော်တို့ကို ပစ္စည်းတွေယူရင် ဖမ်းမယ်တဲ့ ။ ကျနော်တို့က ရွာသားတွေလေ။ လက်နက်ကိုင်သူမှန်သမျှကိုကြောက်ရတာပေါ့။ ” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ထိုနည်းတူ မိုင်းပန်မြို့နယ် နားဝန်ကျေးရွာအနီးတွင် ဧပြီ ၁၂ ရက်က RCSS/SSA ၏ ဆေးတပ်များသည် COVID-19 နှင့် ပတ်သက်ပြီး ကွင်းဆင်း စစ်ဆေးနေချိန် တွင် အစိုးရ တပ်မတော် နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းနှင့်ပတ်သက်ပြီး မိုင်းပန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းနောင့်က – “တိုက်ပွဲဖြစ်ပွါးခဲ့တဲ့ မိုင်းပန်မြို့ တောင် ဘက် မိုင် ၂၀ ကျော်အကွာ ကရှိတဲ့ ကျေးရွာေ တွ မှာ မြို့နယ်ကျန်းမာရေးအဖွဲ့တွေ ရောက်ဖို့ခက်ခဲတဲ့နေရာဖြစ်တယ်။ အခုလို တိုက်ပွဲတွေ ထပ်ဖြစ်တော့ ကျန်းမာရေးဝန်ထမ်းတွေ ရောက်ဖို့ပိုလို့တောင်ခက်ခဲသွားစေပါတယ်။ အဲလိုဆိုရင်တော့ လူထုဘဲနစ်နာမှာပေါ့နော် ”- ဟု သျှမ်းသံတော်ဆင့်အား ပြောဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတဝှမ်း COVID-19 ကူးစက်ခံရသည့် လူနာသည် (၁၁၉)ဦးထိ ရှိလာပြီး သေဆုံးသူ ၅ ဦး ရှိလာကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာန ထုတ်ပြန်ချက် အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...