Wednesday, January 28, 2026

COVID-19

မိုင်းဖြတ်ကိုဗစ်လူနာ အများစု ပြင်ပမှလာသူများဖြစ်

သျှမ်းပြည် အရှေ့ပိုင်းရှိ မိုင်းဖြတ်မြို့နယ်တွင် ဒေသတွင်း နေထိုင်သည့်ပြည်သူများထက် ပြင်ပမှ လာသူများတွင် ကိုဗစ် - ၁၉ ကူးစက်ခံရမှု များပြားကြောင်း သတင်းသိရသည်။ “အများအားဖြင့်တော့ တခြားဒေသက လာတဲ့သူတွေ ဆီမှာ ပိုးတွေ့ရတာများတယ်၊ ဒေသတွင်းအနေ နဲ့တော့ ပိုးတွေ့တဲ့သူ သိပ်မတွေ့ရဘူး၊ အပြင်ကနေ ပြန်လာတဲ့သူတိုင်းကို စစ်ပြီဆိုရင်...

ကျိုင်းတုံမြို့ နယ်အတွင်း ဈေးဝယ်ကဒ်ကို ပိုက်ဆံပေးဝယ်ယူရ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် မိုင်းလန်းကျေးရွာအုပ်စုတွင် ဈေးဝယ်ကဒ်ကို ပိုက်ဆံပေးပြီး ဝယ်ယူနေရကြောင်း စုံစမ်းသိရှိရသည်။ ထိုဈေးဝယ်ကဒ်ကို ၅၀၀ ကျပ်ဖြင့်လည်းကောင်း၊ ပလတ်စတစ်လောင်းပါက ၁ထောင်ကျပ်ဖြင့် ပေးဝယ်နေရကြောင်း သိရသည်။ “ ဟုတ်တယ်။ သူတို့အုပ်ချုပ်ရေးမှုက အဲလိုတောင်းတာ။ ရိုးရိုးပဲဆိုရင် ၅၀၀ ကျပ်တဲ့။ ပလတ်စတစ်ပါလောင်းယူမယ်ဆို ၁ ထောင်ကျပ်တောင်းတယ်။ ပြည်သူတွေ ဒုက္ခ...

ကျောက်မဲ စားနပ်ရိက္ခာဝေသည့်နေရာ ရဲနှင့်အုပ်ချုပ်ရေးမှူး လာရောက်လူစုခွဲ

သျှမ်းမြောက် ကျောက်မဲမြို့အတွင်း စားနပ်ရိက္ခာ ဝေပေးသည့်နေရာတွင် ရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လာရောက်တားဆီး လူစုခွဲခဲ့ကြောင်း သိရသည်။ ကျောက်မဲမြို့တွင် ကိုဗစ် − ၁၉ ရောဂါပျံ့နှံ့နေမှုကြောင့် စားနပ်ရိက္ခာခက်ခဲနေသူများကို စေတနာရှင်တို့က လှူဒါန်းပေးနေတာဖြစ်ပြီး ရဲနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လာရောက်လူစုခွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “အရင် CP မီးပွိုင့်နားလေးမှာ အိမ်တစ်အိမ်က စားနပ်ရိက္ခာတွေ...

သီပေါမြို့ နေအိမ်တွင်း သေဆုံးသူများထံ ကိုဗစ်-၁၉ တွေ့ရှိနေဆဲ

သျှမ်းမြောက် သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု လျော့နည်းလာပြီး နေအိမ်တွင်း သေဆုံးသူများထံမှ ကိုဗစ်ပိုး တွေ့ရှိနေရဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ သီပေါတွင် နေ့စဉ် ကိုဗစ်ကူးစက်လူနာ (၁၀)ဦးအောက်သာ ရှိပြီး နေအိမ်တွင်းသေဆုံးသူထံမှ ကိုဗစ်-၁၉ ပိုးတွေ့ရှိနေရဆဲဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် ပေါ့ပေါ့ဆဆမနေသင့်ကြောင်း သီပေါမှ ပရဟိတအသင်းဝင်တစ်ဦးက ယခုလို ပြောသည်။ “ဒီနေ့မနက်ပိုင်း နေအိမ်မှာသေဆုံးသူ...

စစ်ကောင်စီ ဖမ်းသွားသည် ကျောင်းဆရာတစ်ဦး ထောင်ထဲ ကိုဗစ်ဖြင့် သေဆုံး

တောင်ကြီးမြို့နယ် တောင်လေးလုံးကျေးရွာရှိ ညောင်ရွှေအကျဉ်းထောင်တွင် ယမန်နေ့ ( သြဂုတ် ၂၂) ရက်တွင် စစ်ကောင်စီမှ ဖမ်းဆီးထိန်းသိမ်းထားသည့် ကျောင်းဆရာ တစ်ဦး သည် ကိုဗစ် ကြောင့် သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ အဆိုပါ အကျဉ်းထောင်ထဲတွင် သေဆုံးသွားသည့် ကျောင်းဆရာ ဦးစိုးလွင်လွင်သည် အသက် (၂၆)နှစ်အရွယ်ရှိပြီး တောင်ကြီးမြို့နယ်...

ကိုဗစ်ကူးစက်မှုလျော့ကျလာသော်လည်း သေဆုံးမှု နေ့စဉ်ရှိနေဆဲ

သျှမ်းပြည်တဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းလျော့ကျလာသော်လည်း သေဆုံးမှုနှုန်းက နေ့စဉ်အလိုက်ရှိ နေသေး ကြောင်း သျှမ်းပြည်နယ်တဝှမ်းရှိ လူမှုကူညီရေးအသင်း ပရဟိတ အဖွဲ့များက ပြောသည်။ ယနေ့ ဩဂုတ် ၁၇ ရက်မနက်ပိုင်းအချိန်တွင် တောင်ကြီးမြို့တွင် (၂) ဦး၊ ကျောက်မဲမြို့တွင် (၂) ဦး၊ မူဆယ်မြို့တွင် (၂) ဦး...

ကျောက်မဲမြို့ ဆေးရုံတွင် အောက်ဆီကျ ကိုဗစ်-၁၉ လူနာ ကိုသာလက်ခံ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် အောက်ဆီဂျင်ကျနေသည့် ကိုဗစ် လူနာများကိုသာ ဆေးရုံတင်ခွင့်ပြုကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင် ကျနေသည့် ကိုဗစ်-၁၉ လူနာကိုသာ ဆေးရုံတင်ခွင့်ပြုပြီး ပုံမှန် ကိုဗစ်- ၁၉ ကူးစက်ခံရသူများကို လက်ခံကုသပေးခြင်းမရှိကြောင်း ကျောက်မဲမြို့ နမ့်ခုံးပရဟိတအဖွဲ့ဝင်တဦးက ပြောသည်။ “ ဟုတ်ပါတယ်။ ဒီမှာလူနာအားလုံးကို ဆေးရုံးက...

နမ့်ခမ်း ကိုဗစ်ကူးစက်မှုနှုန်း လျော့ကျလာ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ကိုဗစ် -၁၉ အတည်ပြု လူနာ လျော့ကျလာပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ယခင် ကိုဗစ် -၁၉ တတိယလှိုင်း စတင်ဖြစ်ပွားချိန်တွင် နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ တစ်ရက်လျှင် (၁၀)ဦး စစ်ရင် (၁၀)ဦးကိုဗစ်ဖြစ်ခဲ့ပြီး၊ လက်ရှိမှာတော့ တရက်လျှင်(၅)ဦးခန့်သာ ကိုဗစ်ကူးစက်ခံလာကာ တချို့ ရက်တွင်...

ကိုဗစ် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားများ သေနတ်ကိုင်ပြီးစောင့်

သျှမ်းပြည်တဝှမ်း ရှိ ကိုဗစ် ၁၉ စစ်ဆေးရေးဂိတ်နေရာများတွင် စစ်ကောင်စီ တပ်သားများက သေနတ်ကိုင်ပြီး ဂိတ်စောင့်နေကြောင်း စုံစမ်းသိရှိရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ တတိယလှိုင်းပြန့်ပွားမှုကြောင့် မြို့ဝင်၊မြို့ထွက် ကိုဗစ် -၁၉ စစ်ဆေးရေးဂိတ်များ ပြန်ဖွင့်ခဲ့သော်လည်း စစ်ကောင်စီ တပ်သားများက သေနတ်ဖြင့် စောင့်နေလျက်ရှိကြောင်း သိရသည်။ “ စစ်ဆေးရေးဂိတ်မှာက...

ကျိုင်းတောင်းမြို့ ကိုဗစ် ကူးစက်မှုမြင့်တက်လာ မြို့ဝင်ထွက်ပိတ်၊ ကုန်ဈေးနှုန်းတက်လာ

သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်လာသဖြင့် မြို့ဝင်ထွက်များကို ပိတ်ထားလိုက်ရကြောင်း စုံစမ်းသိရသည်။ ထိုကျိုင်းတောင်းမြို့ ဝင်၊ထွက်ပိတ်လိုက်သဖြင့် ကုန်သွယ်စီးဆင်းမှု ခက်ခဲလာကာ မြို့တွင်းရှိ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာသဖြင့် ပြည်သူများ ယခင်ထက် ပိုမို ခက်ခဲလာခဲ့ကြောင်း၊ စားဝတ်နေရေးအတွက် ပိုကြပ်တည်းလာကြောင်း ကျိုင်းတောင်းမြို့ ဒေသခံ ပြည်သူတဦးက သျှမ်းသံတော်ဆင့် ကို...

Latest news