Sunday, May 5, 2024

နမ့်ခမ်း ကိုဗစ်ကူးစက်မှုနှုန်း လျော့ကျလာ

Must read

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ကိုဗစ် -၁၉ အတည်ပြု လူနာ လျော့ကျလာပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယခင် ကိုဗစ် -၁၉ တတိယလှိုင်း စတင်ဖြစ်ပွားချိန်တွင် နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ တစ်ရက်လျှင် (၁၀)ဦး စစ်ရင် (၁၀)ဦးကိုဗစ်ဖြစ်ခဲ့ပြီး၊ လက်ရှိမှာတော့ တရက်လျှင်(၅)ဦးခန့်သာ ကိုဗစ်ကူးစက်ခံလာကာ တချို့ ရက်တွင် ကိုဗစ် ကူးစက်ခံရသူ မရှိကြောင်း နမ့်ခမ်းပရဟိတ အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထို အတည်ပြု လူနာ လျော့ချလာရခြင်းသည် နမ့်ခမ်းဒေသခံများသည် ရပ်ကွက်တွင်း အသွားအလာ ကန့်သတ်ထား ထားခြင်း၊ အပြင်ထွက်နည်း ခြင်း တို့ဖြစ်ကြောင်း နမ့်ခမ်းဒေသခံ ပရဟိတ အဖွဲ့က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ကူးစက်နှုန်းကျလာတယ်လို့ ပြောလို့ရတယ်။ နည်းသွားပြီပေါ့။ မြို့တွင်းထဲမှာလည်း lockdown နီးနီး ဘယ်နှစ်နာရီကနေ ဘယ်နှနာရီ မထွက်ရ ဘာညာ အကုန်ပိတ်ထားတယ်လေ။ နည်းနည်း ထိန်းနိုင်သွားပြီပေါ့နော်။” ဟု နမ့်ခမ်းပရဟိတ အဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

သြဂုတ် (၁၆) ရက်ထိ နမ့်ခမ်းပြည်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း (၉၃၇) ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ (၇၅၁) ဦး၊ လက်ရှိ ကုသဆဲ လူနာ(၁၃၃) ဦး နှင့် သေဆုံးသူ ( ၅၃) ဦးရှိကြောင်း စုံစမ်းသိရသည်။

“ဒါတွေက ဆေးရုံက အတည်ပြု လူနာတွေရဲ့ စာရင်းတွေပါ။ နေအိမ်မှာ ကြိတ်ကုတာတွေ သေဆုံးတာတွေ မပါသေးဘူး။ လက်ရှိ အခက်ခဲဆုံးက အောက်စီဂျင် ပဲဖြစ်တယ်” ဟု နမ့်ခမ်း ပရဟိတ တစ်ဦးကပြောသည်။

နမ့်ခမ်းမြို့သည် ကူးစက်မြန် ကိုဗစ်-၁၉ တတိယလှိုင်းကို ဒေသခံ ပြည်သူများ များပြားစွာ ကူးစက်ခံရသဖြင့် စစ်ကောင်စီက Stay at Home သတ်မှတ်ထားကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article