Wednesday, January 28, 2026

ကျိုင်းတုံမြို့ နယ်အတွင်း ဈေးဝယ်ကဒ်ကို ပိုက်ဆံပေးဝယ်ယူရ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် မိုင်းလန်းကျေးရွာအုပ်စုတွင် ဈေးဝယ်ကဒ်ကို ပိုက်ဆံပေးပြီး ဝယ်ယူနေရကြောင်း စုံစမ်းသိရှိရသည်။

ထိုဈေးဝယ်ကဒ်ကို ၅၀၀ ကျပ်ဖြင့်လည်းကောင်း၊ ပလတ်စတစ်လောင်းပါက ၁ထောင်ကျပ်ဖြင့် ပေးဝယ်နေရကြောင်း သိရသည်။

“ ဟုတ်တယ်။ သူတို့အုပ်ချုပ်ရေးမှုက အဲလိုတောင်းတာ။ ရိုးရိုးပဲဆိုရင် ၅၀၀ ကျပ်တဲ့။ ပလတ်စတစ်ပါလောင်းယူမယ်ဆို ၁ ထောင်ကျပ်တောင်းတယ်။ ပြည်သူတွေ ဒုက္ခ ရောက်နေတဲ့အချိန်မှာ အဲ့လို မလုပ်သင့်ဘူး” ဟု ကျိုင်းတုံမြို့ ဒေသခံအမျိုးသားတဦးကပြောသည်။

ထိုသို့ ဈေးဝယ်ကဒ်ကို ကျိုင်းတုံမြို့ မိုင်းလန်းကျေးရွာအုပ်စု တခုထဲတွင်သာ ဝယ်ယူရပြီး ကျန်သည့် ကျေးရွာအုပ်စုများ၊ မြို့ပေါ်တွင် မဝယ်ယူရကြောင်း သိရသည်။

“ သူတို့အဲ့ကျေးရွာအုပ်စုပဲတောင်းတယ်။ ကျန်တဲ့ အုပ်စုတော့မကြားမိဘူး။ ကျနော်တို့ဆို ဈေးဝယ်ကဒ်ကို အကောင်းစားရသေးတယ်။ ပလတ်စတစ်ပါတခါထဲလောင်းထားပေးတယ်။ ပိုက်ဆံလည်းမကုန်ရဘူး” ဟု ကျိုင်းတုံမြို့ဒေသခံတဦးက ပြောသည်။

ထိုအပြင် ကျိုင်းတုံမြို့တွင် Stay at homeအဖြစ် သတ်မှတ်ထားသော်လည်း ကိုဗစ် ၁၉ ပိုးတွေ့လူနာကို တရက်တည်း အများအပြားတွေ့ရှိနေရသေးကြောင်း သိရသည်။

ပိုးတွေ့လူနာများပြားလာရခြင်းသည် Stay at home အဖြစ်သတ်မှတ်ထားပြီး ပြည်သူတချို့က ဈေးဝယ်ကဒ်ဖြင့် ခိုးထွက်မှုရှိသောကြောင့် ပိုးတွေ့လူနာ များလာကြောင်း ဒေသခံတဦးက ပြောသည်။

“ သူတို့တွေက Stay at home လို့တာသတ်မှတ်ထားတာ။ အပြင်ထွက်နေကြတဲ့သူတွေလဲရှိတယ်လေ။ လော့ဒေါင်းမချလိုက်ဘူး။ တစ်ချို့က ဈေးသွားရောင်းရတယ်။ တချို့က ဈေးဝယ်ကဒ်နဲ့ အပြင်ထွက်လည်း ကြတာလည်းရှိတယ်။ အဲကြောင့်ကိုဗစ် ပိုးက ပြန့်နေတာ ” ဟု ကျိုင်းတုံမြို့ဒေသခံအမျိုးသားတဦးက ပြောသည်။

ကျိုင်းတုံမြို့တွင် ယမန့်နေ ဩဂုတ် ၂၂ တရက်တည်း ကိုဗစ် ၁၉ ပိုးတွေ့လူနာ (၅၈) ဦးတွေ့ရှိပြီး သေဆုံးသူ (၃) ဦးရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံမြို့တွင် ၁၃မျဉ်းစောင်းကိုင်သူအချို့ မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှသာ သွားခွင့်လာပြုမည်ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကန့်သတ်ထားသည့် ၁၃မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူတချို့သည် မြို့နယ်ထောက်ခံစာ လက်မှတ်ပါမှသာ သွားလာခွင့်ပြုမည်ဟု စုံစမ်းသိရသည်။ ဒီဇင်ဘာလ ဒုတိယပတ်မှ စတင်၍ ကျိုင်းတုံမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ကန့်သတ်ထားသည့် ၁၃မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူ ကချင်၊ ကိုးကန့်၊ ရခိုင်နှင့် တအာင်း(ပလောင်) လူမျိုးတို့သည် မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံချက်...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

ကျိုင်းတုံမြို့ ကလေးငယ်ကို ရိုက်နှက်သည့် ကျောင်းအုပ်ကြီး တာဝန်ရပ်ဆိုင်းရန် မိဘများ တောင်းဆို

0
သျှမ်းပြည် ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့နယ် အမှတ် (၆) အခြေခံ ပညာမူလတန်းကျောင်းမှ ကလေးငယ်ကို ရိုက်နှက်သည့် ကျောင်းအုပ်ဆရာမကြီးကို တာဝန်မှ ရပ်ဆိုင်းရန် ကလေး၏ မိဘများက တောင်းဆိုနေကြောင်း သိရသည်။ . ဖြစ်စဥ်မှာ ပြီးခဲ့သည့် သြဂုတ်လ (၁၈) ရက်တွင် ကျောင်းသား /သူများ လက်သည်း ညှပ်/မညှပ်ကို...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...