Sunday, May 5, 2024

မိုင်းဖြတ်ကိုဗစ်လူနာ အများစု ပြင်ပမှလာသူများဖြစ်

Must read

သျှမ်းပြည် အရှေ့ပိုင်းရှိ မိုင်းဖြတ်မြို့နယ်တွင် ဒေသတွင်း နေထိုင်သည့်ပြည်သူများထက် ပြင်ပမှ လာသူများတွင် ကိုဗစ် – ၁၉ ကူးစက်ခံရမှု များပြားကြောင်း သတင်းသိရသည်။

“အများအားဖြင့်တော့ တခြားဒေသက လာတဲ့သူတွေ ဆီမှာ ပိုးတွေ့ရတာများတယ်၊ ဒေသတွင်းအနေ နဲ့တော့ ပိုးတွေ့တဲ့သူ သိပ်မတွေ့ရဘူး၊ အပြင်ကနေ ပြန်လာတဲ့သူတိုင်းကို စစ်ပြီဆိုရင် ပိုးကတွေ့ရတယ်၊ မြို့အဝင်အထွက်ကလည်း တားမြစ်ပိတ်ပင်ထားတာ မရှိဘူးလေ” ဟု မိုင်းဖြတ်မြို့မှ အမည်မဖော်လို သည့် ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် မိုင်းဖြတ်မြို့တွင်းသို့ ကုန်စည်လာရောက်ဝယ်ယူကြသည့် ကျေးရွာမှ ပြည်သူများ များအနေ ဖြင့်လည်း ကျန်းမာရေးအရ သင့်တော်သော နှာခေါင်းစည်းများ မတပ်ကြသည့် သဖြင့် စိုးရိမ်ရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ကိုဗစ် – ၁၉ တတိယလှိုင်းကာလအတွင်း မိုင်းဖြတ်မြို့တွင် ဇူလိုင်လ မှ ယနေ့ သြဂုတ်လ ၂၃ ရက်နေ့အထိ ကိုဗစ် – ၁၉ ကူးစက်ခံထားရသူ ၅၀ ကျော်ရှိနေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article